မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဝက်ခြံထွက်လာမယ်
အိပ်ရေးမဝဘူးဆိုရင် အသားအရေက တခုခုလက္ခဏာပြလာမှာပဲနော်။ အိပ်ရေးပျက်ခြင်းနဲ့ဝက်ခြံ ဆက်နွှယ်နေတာကို သုတေသနတချို့ကလေ့လာတွေ့ရှိထားပါတယ်။ ခန္ဓါကိုယ်အတွင်းက ဟော်မုန်းတွေထိန်းချုပ်မှုမှာ အိပ်စက်မှုက သက်ရောက်မှုရှိနေတာကြောင့်ရယ်၊ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုထိခိုက်နိုင်ပြီး တခြားကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်တာရယ်ကြောင့်လို့ ယူဆကြပါတယ်။
မျက်ဝန်းတွေ မလှနိုင်တော့ဘူး
မျက်စိနီရဲတာ၊ မျက်လုံးမို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်တွင်းကျတာ၊ မျက်အိတ်တွဲကျတာတွေလို လက္ခဏာတွေကြောင့် ဘယ်လိုကြည့်ကောင်းနိုင်ပါ့မလဲ။ အိပ်ရေးပျက်တာကြောင့် အရေးအကြောင်းတွေ၊ဖောရောင်တာတွေ၊ မျက်ခွံတွဲကျတာတွေဖြစ်လေ့ရှိတယ်လို့လေ့လာမှုတွေကဖော်ပြပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်ချိန်အတွင်းလုပ်ဆောင်လေ့ရှိတဲ့ ဟော်မုန်းထိန်းချုပ်မှုတွေ၊ တစ်ရှူးပြန်လည်ပြုပြင်မှုတွေမှာခန္ဓါကိုယ်က မလုပ်ဆောင်နိုင်တော့တာကြောင့်ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်တက်လာမယ်
ညဘက်ကောင်းကောင်းမအိပ်တဲ့အခါ ဆာလောင်မှုအတိုင်းအတာကို သက်ရောက်နိုင်တဲ့ghrelin နဲ့leptinဟော်မုန်းတွေကို ခန္ဓါကိုယ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ပါဘူး။ ဒီလိုမထိန်းနိုင်ရင် လိုတာထက် ပိုစားမိပြီး ကိုယ်အလေးချိန်တက်လာတာပေါ့။
အာဟာရမဖြစ်တဲ့ အစားအစာတွေပိုစားမိတယ်
ညဘက်အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အဆီများတာ၊ အချိုများတာတွေလည်း ပိုတောင့်တပြီး စားမိတတ်ပါတယ်။ အိပ်ရေးမဝထားတဲ့ ဦးနှောက်က ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေနဲ့ အစားအစာတွေကို ပိုတောင့်တနိုင်ခြေများပါတယ်။
အသေးအဖွဲမှာတောင် စိတ်ဆတ်လာတာက အိပ်ရေးပျက်ခြင်းကြောင့်ပါပဲ။လေ့လာမှုတစ်ခုမှာ ညအိပ်ချိန်မပြည့်ဝတဲ့သူတွေက ပိုပြီးစိတ်ဖိစီးတတ်၊ စိတ်တိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်သူတွေဖြစ်လာကြတာတွေ့ရပါတယ်။ အိပ်စက်ချိန်ကို ပုံမှန်ပြန်လည်ထိန်းညှိလိုက်တဲ့အခါ ဒီလက္ခဏာတွေ သက်သာသွားတာတွေ့ရပါတယ်။
စိတ်ဓါတ်ကျလာတယ်
စိတ်ကျခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့က အရမ်းကိုနီးစပ်တဲ့ဆွေမျိုးတွေပါ။ ပိုဆိုးတာက သူတို့ကလည်း သံသရာလည်တတ်တဲ့အတွဲဖြစ်နေတာပါ။ စိတ်ကျလို့ အိပ်မပျော်၊ အိပ်မပျော်လို့ စိတ်ဓါတ်တွေကျတတ်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး
အိပ်ရေးနည်းနည်းလေးပျက်တာနဲ့တောင်(အိပ်နေကျထက် ၂ နာရီလောက်လျော့တာမျိုး) လူကိုအူကြောင်ကြောင်ဖြစ်စေပြီး အာရုံစိုက်မရတာ၊မေ့တတ်တာတွေဖြစ်စေပါတယ်။ ကြာလာရင် အလုပ်ခွင်မှာ၊ကျောင်းစာမှာ ထိခိုက်လာတာပေါ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။