အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။

ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင်မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေ ထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုးဖြစ်မလာစေဖို့ အနာမရင်းအောင်ဂရုစိုက်ရပါမယ်။

ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာပြောပြလိုက်ပါတယ်နော်။

  • အရင်ဆုံး အနာရဲ့အနေအထားကို ကြည့်ပါ။ အရေပြားကပွန်းရုံပဲ၊ နီရဲနေရုံဖြစ်ပြီး သွေးမထွက်၊ မပေါက်ပြဲသေးဘူးဆိုရင်ရောဂါပိုးမဝင်အောင်ကာကွယ်ဖို့ပဲလိုပါတယ်။ အနာကိုအစိုဓါတ်မပျောက်အောင်ထိန်းပေးပါ။
  • အနာကိုမထိတွေ့ခင်မှာ လက်ကိုသေချာဆေးကြောပါ။ ဘယ်ဒဏ်ရာကိုမဆို မကိုင်တွယ်ခင်မှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်အမြဲ ဆေးကြောသင့်ပါတယ်။ ဒါမှ ပိုးဝင်နိုင်တဲ့အန္တရာယ်နည်းပါးစေမှာဖြစ်ပါတယ်။
  • အနာက လက်မှာဖြစ်နေခဲ့ရင် အနာကို ဆပ်ပြာမထိအောင် သတိထားပါ။ ဆပ်ပြာနဲ့တိုက်ရိုက်ထိတွေ့မိရင် အနာကိုပိုဆိုးစေပါတယ်။
  • သွေးတိတ်အောင်လုပ်ပါ။ဆေးကြောသန့်စင်ပြီးလို့ အနာကသွေးထွက်နေသေးတယ်ဆိုရင် ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ အသာအယာဖိထားပေးပါ။
  • hydrogen peroxide နဲ့ iodineဆေးတွေမသုံးပါနဲ့။hydrogen peroxide ကို အနာအတွက် ညွှန်းကြပေမယ့် ဘက်တီးရီးယားတွေကိုသေစေဖို့တော့ မစွမ်းနိုင်ပါဘူး။hydrogen peroxide က သဘာဝအလျောက်အနာကျက်တဲ့ဖြစ်စဉ်ကိုတောင်နှေးကွေးစေနိုင်ပြီး အနာကို ပိုစပ်စေနိုင်ပါတယ်။Iodine က ဒဏ်ရာကိုပိုနာစေပါတယ်။
  • အနာကိုဆေးထည့်ပါ။အနာကို ပိုးသတ်ဆေးထည့်ပြီး ပလာစတာကပ်ပါ၊ သို့မဟုတ် ပတ်တီးစည်းပါ။
  • အနာက မနက်ဘူးဆိုရင် ထိခိုက်ရှနာတွေလောက်က ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးနိုင်ပါတယ်။ အနာကြီးရင် နက်ရင်တော့ မသုံးပါနဲ့။ ရှားစောင်းလက်ပပ်က အနာတဝိုက်အရေပြားကိုအစိုဓါတ်ပေးနိုင်ပြီး ရောင်ရမ်းမှုကိုလျော့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။
  • အနာကို ကာကွယ်ဖုံးအုပ်ပါ။ဆေးထည့်ထားတဲ့ အနာကို ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ဖုံးအုပ်ပြီးပေပါတိပ်လေးနဲ့ကပ်နိုင်ပါတယ်။ တခါတည်းနဲ့အဆင်ပြေနိုင်တာက ပလာစတာကပ်လိုက်ရင် ပိုကောင်းပါတယ်။ အနာကျက်လာတဲ့အထိ ပလာစတာကို မှန်မှန်လဲပေးပါ။ ဒီလိုလဲတဲ့အခါတိုင်း အရေးကြီးတာက ဆေးပြန်ထည့်တဲ့အခါတိုင်း ကိုင်တွယ်တဲ့လက်က အမြဲဆေးကြောသန့်စင်ပြီးသားဖြစ်ပါစေ။
  • ပရိုတင်းဓါတ်နဲ့ဗီတာမင်တွေပြည့်ဝတဲ့အစားအစာတွေကိုပိုစားပါ။ပရိုတင်းများတာပိုစားပေးရင်အနာကျက်မြန်စေပြီး ဗီတာမင်ကြွယ်ဝတာစားရင် အရေပြားကျန်းမာရေးအတွက်ပိုကောင်းပါတယ်(အထူးသဖြင့် ဗီတာမင် အေနဲ့ ဗီတာမင် စီ)။ ဇင့်ဓါတ်ကလည်း အနာကျက်မြန်စေပါတယ်။ ပရိုတင်းများတဲ့ အဆီမပါအသားတွေ၊ ငါး၊ကြက်ဥနဲ့ပဲအမျိုးမျိုး၊ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်၊ကီဝီ၊နာနတ်၊ဘယ်ရီအစရှိတဲ့အသီးတွေစားပေးသင့်ပါတယ်။
  • ရေအလုံအလောက်သောက်သုံးပါ။ ရေ သို့မဟုတ် ကဖင်းမပါ၊အယ်ကိုဟောမပါတဲ့ သောက်စရာတစ်ခုခုကို နှစ်နာရီခြားတစ်ခါ အနည်းဆုံး ၈အောင်စလောက်ဝင်အောင် သောက်ပါ။ ဒါမှ ထိခိုက်ဒဏ်ရာရချိန်မှာ သွေးထွက်ခြင်း၊ အဖျားတက်ခြင်းကြောင့် ချွေးထွက်ပြီးဆုံးရှုံးသွားတဲ့အရည်ဓါတ်ကိုပြန်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
  • အနာဖေးတွေကို မခွာပါနဲ့ ။ အကျင့်ပါနေလို့ပဲဖြစ်ဖြစ် အနာဖေးတက်နေရင် မခွာပစ်ပါနဲ့။ အနာဖေးတွေက အနာကျက်လာတဲ့ လက္ခဏာဖြစ်လို့ သူတို့ကိုခွာလိုက်ရင် မလိုအပ်ဘဲ အမာရွတ်ဖြစ်တာတွေ၊ အနာကျက်ဖို့အချိန်ပိုကြာသွားတာတွေ ဖြစ်လာစေနိုင်ပါတယ်။
  • ဗီတာမင်စီနဲ့ ဗီတာမင်အီး ဆေးဝါးတွေသောက်ပေးပါ။ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး အနာကို ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီးက အရေပြားအပေါ်ယံလွှာ တစ်ရှူးတွေပြန်လည်တည်ဆောက်မှုကို အထောက်အကူပေးပြီး အနာကျက်မြန်စေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အက်ဆစ်လောင်တာအတွက် ရှေးဦးသူနာပြုစုနည်း

အက်ဆစ် အပြင်းစား ဓာတုပစ္စည်းတွေ အရေပြား ရှေးဦးသူနာပြုစုနည်း လက်အိတ် ဒဏ်ရာ အနာ ပတ်တီး အပေါ်ယံအရေပြား မေးခိုင်ကာကွယ်ဆေး အမာရွတ် အနာကျက်မြန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူတွေ အသုံးပြုနိုင်မယ့် သဘာဝ အသားအရေထိန်း ပစ္စည်းလေးတွေ

ဝက်ခြံ အသားအရေထိန်းသိမ်းမှု သဘာဝပစ္စည်းလေး ​ကြည်လင်တဲ့အသားအရေ Tea tree oil ဘက်တီးရီးယား Jojoba oil အနာကျက်မြန် ဝက်ခြံအမာရွတ် ရှား​စောင်းလက်ပပ် ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ

အူအတက်ရောင် အူအတက် အူလမ်းကြောင်း အစာခြေပြဿနာ အူအတက်ပေါက် ဗိုက်အောင့် ခွဲစိတ်မှု ကုသမှု အရေးပေါ်ကုသမှု နောက်ဆက်တွဲပြဿနာ အနာပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ငါးရိုးစူးတာ အရိုးစူး ငါးရိုး ငါးစားခြင်း အသားဓာတ် အာဟာရ အရိုး ကုသစောင့်ရှောက်မှု သိထားသင့်တဲ့အချက် ငှက်ပျောသီး ထမင်း ရှေးဦးသူနာပြုစုခြင်း အရေးပေါ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ……….

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 20, 2020
အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020
အပူလောင်ခြင်း

အပူလောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020
အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020