Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

ပျိုပျိုမေတို့ရေ ဆိုင်မှာ ပေါင်းတင်တာထက် အိမ်မှာ သဘာဝပစ္စည်းလေးနဲ့ ပေါင်းတင်တာကို ပိုပြီး ကြိုက်တယ်ဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းလေးနဲ့ ပေါင်းတင်ဖို့တော့ လိုတာပေါ့နော်။ ကိုယ့်ရဲ့ မျက်နှာလေး လှစေဖို့ဆိုရင်တော့ Oatmeal ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။

Oatmeal ကို အာရှမှာတော့ အသုံးပြုတာ နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ မနက်စာအဖြစ် စားသုံးကြပါတယ်။ အုတ်ဂျုံလို့ ပြောပြီး ဝယ်လို့ရတယ်နော်။ ကွေကာအုပ်မှာ ပါတဲ့ အဖတ်လေးတွေ လိုပါပဲ။ Oatmeal မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အလှအပအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။ Oatmeal မှာ အမိုင်နိုအက်စစ်ပါဝင်တာမို့ အသားအရည်တွေ ကြည်လင်စေပါတယ် ။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ် ပြန်လည် ဖြစ်တည်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ယားယံတာတွေ၊ အဖုအဖိန့်ထတာတွေ မဖြစ်စေပါဘူး။

Oatmeal ဟာ မျက်နှာအသားအရေတွေ အစိုဓါတ်ရရှိဖို့ ပေးစွမ်းနိုင်ပါတယ်။ ရေဓါတ်တွေ ပြည့်ဝစေတာမို့ မျက်နှာမှာ ညိုညစ်ညစ် ဖြစ်တာတွေ လုံးဝ မရှိနိုင်ပါဘူး။ Oatmeal က ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်သူတွေမှာတောင် သုံးလို့ရပါတယ်။ နေလောင်ကွက်တွေလည်း မဖြစ်စေပါဘူး။

ဝက်ခြံ

ဝက်ခြံတွေရှိလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ Oatmeal လေးနဲ့ ပေါင်းတင်လို့ ရပါမယ်။ Tea tree၊ ပျားရည်တွေနဲ့ ရောစပ်ဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ Tea tree oil မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ပျားရည်ကတော့ အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒီတော့ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တဝက်၊ Tea Tree Oil (၄စက်ကနေ ၆စက်)နဲ့ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်း လောက်ကို ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံရှိတဲ့ နေရာတွေမှာ လိမ်းလိုက်ပါ။ ခြောက်သွားမှ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ တပတ်ကို (၂) ကြိမ်ဆို လုံလောက်ပါတယ်။

ကြည်လင်တောက်ပခြင်း

Oatmeal လေးနဲ့ ကြည်လင်တောက်ပနိုင်ဖို့ နည်းလမ်းလေး ပြောပြမယ်နော်။ သခွားသီးမှာ အသားအရေကို ကြည်လင်စေတဲ့ ဓါတ်တွေ ပါဝင်တဲ့အပြင် မျက်ကွင်းညိုတာတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်။ သံပရာရည်ကတော့ ငယ်ရွယ်နုပျိုစေပြီး အသားအရေလည်း ကြည်လင်စေပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သခွားသီး အနည်းငယ်၊ သံပရာရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ကြိတ်စက်ထဲ ထည့်ပြီး ရောသမနေအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာမှာ လိမ်းပေးပါ။ မိနစ်(၂၀) လောက် ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးပါ။

အရေးအကြောင်း

Skin Care ကောင်းကောင်းမလုပ်ဘူးဆိုရင်တော့ အသက်ငယ်ငယ်လေးနဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာမှာနော်။ ဒီတော့ အရေးအကြောင်းတွေ မဖြစ်စေဖို့အတွက် ပေါင်းတင်လို့ ရပါတယ်။ ဒိန်ချဉ်မှာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ လိမ္မော်သီးမှာတော့ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတဲ့ ဗီတာမင် စီ တွေ ပါဝင်ပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၁) ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းနဲ့ လိမ္မော်သီးညှစ်ထားတဲ့အရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို သမအောင် ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပါနော်။ (၁၅) မိနစ်လောက် လိမ်းထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

မိန်းကလေး၊ အပြုအမူမှား၊ အလှကုန်၊ ဝက်ခြံ၊ ဆပ်ပြာ၊ လိင်အင်္ဂါ၊ sensitive area၊ အရက်သေစာ၊ အက်ဆစ်၊ အာခေါင်ခြောက်၊ ကော်ဖီ၊ ရေကူးကန်၊ ခေါင်းလျှော်ရည်၊ Conditioner

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ

အသားအရေ Scrub Exfoliate ဆဲလ်သေဖယ်ရှား ချွေးပေါက်ကျယ် ဝက်ခြံ နေလောင်ဒဏ် ပြန်လည်ကုသမှု အသားအရေထိခိုက်မှု အလှအပ အရေပြားကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး

exfoliate Toner Moisturizer ဆဲလ်သေဖယ်ရှား အသားအရေ ထိန်းသိမ်းမှု အစိုဓာတ်ထိန်း အရေပြားကျန်းမာရေး ဝက်ခြံ အသားခြောက်ခြင်း အဆီပြန်ခြင်း ယားယံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကျွန်းရွက်လေးက ဆေးဖက်ဝင်ပါတယ်။

အာဟာရတန်ဖိုး ကျန်းမာရေး ဆေးဖက်ဝင် ကျွန်းရွက် ပန်းနာရင်ကျပ် သန်ကျစေတယ် သန်ကျဆေး ဝက်ခြံ နာကျင်ရောင်ရမ်း ဆီးရွှင် ဓာတ်တိုးဆန့်ကျင် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read

နဖူးပေါ်က အရေးအကြောင်းလေးတွေအတွက် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read