အဆိပ်သင့်တယ်ဆိုတာဘာလဲ
အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။
ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ
၁။ စားမိခြင်း
(ဥပမာ – အစာအဆိပ်သင့်ခြင်း၊ အဆိပ်သောက်ခြင်း)
၂။ ရှူရှိုက်မိခြင်း
(ဥပမာ – ဓာတ်ငွေ့အဆိပ်သင့်ခြင်း၊ မတည့်သော အနံ့ရှူရှိုက်မိခြင်း)
၃။ အရေပြားအတွင်း ထိုးသွင်းခြင်း
(ဥပမာ − အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်း)
၄။ အရေပြားအတွင်း စိမ့်ဝင်ခြင်း
(ဥပမာ− ဓာတုဗေဒပစ္စည်းများကို အကာအကွယ်မပါဘဲ ကြာမြင့်စွာကိုင်တွယ် အသုံးပြုခြင်း)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။