backup og meta

ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်စေဖို့ လိုက်နာသင့်တဲ့အချက် (၃) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်စေဖို့ လိုက်နာသင့်တဲ့အချက် (၃) ချက်

    နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကိုယ်တိုင်မွေးမြူဖို့လိုအပ်ပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကိုပျိုးထောင်ဖို့ မဖြစ်မနေမွေးမြူသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေရှိပါတယ်။ ဒီအလေ့အကျင့်ကောင်းလေးတွေက ဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါ။

    ကျန်းမာရေးကို အထောက်အကူပြုတဲ့အလေ့အထလေးတွေမွေးမြူသင့်တဲ့ အကြောင်းအရင်း

    ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက လူတိုင်းအတွက်တော်တော်လေး အကျိုးရှိစေနိုင်ပါတယ်။ ဒီအလေ့အထက အရွယ်တိုင်းအတွက် အသုံးဝင်တာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထလေးတွေကိုမွေးမြူတာက စိတ်ရောကိုယ်ပါကျန်းမာစေပြီး နာတာရှည်ရောဂါတွေကနေပါ ကင်းဝေးစေမှာပါ။ ဒီလောက်ဆိုမှတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကိုမွေးမြူသင့်လား၊ မမွေးမြူသင့်ဘူးလားဆိုတာကို Hello ဆရာဝန်ပရိသတ်ကြီးကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။

    (၁) ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်လုပ်ပါ

    လေ့ကျင့်ခန်းပုံမှန်လုပ်တာက ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေသလို ကိုယ်ခံအားကောင်းစေနိုင်ပြီး နာတာရှည်ရောဂါတွေကကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် နာရီဝက်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်းပြင်းပြင်းထန်ထန်လုပ်တာမျိုးမဟုတ်ဘဲ လမ်းလျှောက်တာလောက်၊ ခပ်ရွရွလေးပြေးတာလောက်၊ စက်ဘီးစီးတာလောက်၊ ယောဂကစားတာလောက်ဆိုရင်ကို အဆင်ပြေပါတယ်။ ဒီလိုမျိုးလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာကြောင့်

    • စိတ်လက်ပြေလျော့မယ်
    • ခွန်အားြပည့်ဝစေမယ်
    • ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရရှိစေမယ်
    • အရိုးနဲ့ကြွက်သားတွေကို သန်မာစေမယ်
    • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမယ်
    • နှလုံးရောဂါ၊လေဖြတ်တာ နဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေကနေ ကာကွယ်နိုင်မယ်
    • စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို သက်သာစေနိုင်မယ်
    • ကောင်းကောင်းအိပ်ပျော်စေနိုင်မယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။

    (၂) ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ

    အစားအသောက်စားသုံးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးမှုက ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးတာပါ။ အစားအစာက စားတတ်ရင် အာဟာရဖြစ်သလိုဆေးဖက်လည်းဝင်တယ်ဆိုပေမယ့် မစားတတ်ရင်တော့ဘေးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညါတ်တဲ့ စားစရာတွေကို အချိန်မှန် စားသုံးပေးဖို့လိုပါမယ်။ အလုပ်များလို့ မနက်စာမစားတာမျိုး၊နေ့လယ်စာနဲ့ညစာပေါင်းစားတာမျိုးတွေ မလုပ်သင့်ပါဘူး။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်း၊ သံဓါတ်၊ အမျှင်ဓါတ်တို့ပြည့်ဝမျှတအောင်စားပေးပါ။

    အစားအစာတွေကို ချက်ပြုတ်တဲ့အခါမှာလည်း သန့်ရှင်းမှုကိုဂရုစိုက်ဖို့လိုသလို တာရှည်ခံပစ္စည်းတွေ ဓါတုဆေးဝါးတွေမပါစေဖို့ သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အမြန်စား၊ အသင့်စား အစားအစာတွေကိုတတ်နိုင်သမျှလျှော့စားဖို့လည်း လိုအပ်ပါမယ်။ ကဖင်းနဲ့ အယ်လ်ကိုဟောကိုလျှော့လိုပရေဒါတ်ပြည့်ဝအောင်နေထိုင်ဖို့ကိုလည်းမေ့လို့မရပါဘူး။

    (၃) တရားထိုင်ပါ

    တရားထိုင်တာက စိတ်အေးချမ်းမှုရစေသလို အာရုံစူးစိုက်မှုလည်းကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါကျန်းမာစေဖို့ဆိုရင်မွေးမြူသင့်တဲ့ အလေ့အထတစ်ရပ်ပါ။နေ့စဉ်ပုံမှန် ၁၅ မိနစ်လောက်တရားထိုင်ပေးသင့်ပါတယ်။ ဒီလိုတရားထိုင်ပေးတာက

    • ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကိုရရှိစေနိုင်ပါတယ်
    • အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေနိုင်ပါတယ်
    • စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်
    • စိတ်ဓါတ်ကျမှုကင်းဝေးစေနိုင်တယ်
    • စိတ်တည်ငြိမ်အေးချမ်းစေနိုင်တယ်
    • ကိုယ်ခံအားကောင်းစေနိုင်တယ်
    • နာတာရှည်ရောဂါတွေကင်းစေနိုင်တယ်
    • စိတ်ရောကိုယ်ပါကျန်းမာစေနိုင်တယ်
    • စိတ်ခံစားမှုကိုထိန်းချုပ်နိုင်စွမ်းတိုးလာစေနိုင်တယ်
    • ဒေါသမကြီးတော့ဘူး စတဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement