backup og meta

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား …… ရာသီဥတုက သိပ်ပူလာတဲ့အခါ တစ်နေ့တစ်နေ့ ရေတွေ မကြာခဏသောက်မိကြတာ သဘာဝပါပဲ။ ချွေးတွေမကြာခဏထွက်တာမို့ ရေဓာတ်ဖြည့်တင်းပေးဖို့ ရေ မကြာခဏသောက်ပေးတာဟာ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ခုလို ပူပြင်းတဲ့ရာသီဥတုမျိုးမှာ အေးမြနေတဲ့ ရေခဲရေတွေ၊ ရေခဲသေတ္တာထဲမှာ အချိန်အတော်ကြာ အအေးခံထားတဲ့ အချိုရည်တွေကို သောက်သုံးရတာကို လူအတော်များများက နှစ်သက်တတ်ကြပါတယ်။

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား ဆိုတော့ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း မတူပါဘူး။ တချို့ကလည်း သောက်လို့ရတယ်လို့ ပြောတာ ရှိသလို တချို့ကလည်း သောက်တဲ့အခါ လည်ချောင်းနာမယ်တို့၊ အပူလျှပ်မယ်တို့ ပြောကြတာလည်း ရှိပါတယ်။

လူအများစုက ရေခဲရေသောက်တဲ့အခါ အောက်ပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေက ဘာပြောထားသလဲဆိုတာကို လေ့လာကြည့်ရအောင်။

လည်ချောင်းနာတယ်

လူကြီးတွေက မကြာခဏပြောတတ်ပါတယ်။ ရေခဲရေ မသောက်ကြနဲ့ လည်ချောင်းနာမယ်ဆိုတာမျိုးလေ။ တကယ်က ရေအေးအေးလေးတွေက လည်ချောင်းနာတာကို သက်သာစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ soothing effectရှိတာကြောင့်ရယ်၊ နာနေတဲ့ လည်ချောင်းကို ထုံစေတာကြောင့်ရယ်ပါ။

ဟိုးအရင်တုန်းက လုပ်ခဲ့တဲ့ လေ့လာချက်အသေးစားတွေမှာ အေးစက်လွန်း‌တဲ့ရေကို သောက်တာက တချို့လူတွေမှာ လည်ချောင်းနာတာနဲ့ နှာခေါင်းပိတ်တာမျိုးတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ ရေခဲရေက ချွဲတွေကို ယာယီပျစ်စေတာကြောင့် နောက်ဆက်တွဲအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ဝေဒနာတွေ ဖြစ်ပြီး လည်ချောင်းနာတာ ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်တယ်

၂၀၀၁ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာချက်တွေအရ နဂိုတည်းက မိုက်ဂရင်းခေါင်းကိုက်ရောဂါရှိသူတွေမှာ ရေခဲရေသောက်တဲ့အခါ ပိုပြီးကိုက်တာကို တွေ့ရပါတယ်။

ဗိုက်အောင့်နိုင်တယ်

၂၀၁၂ခုနှစ်မှာလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာ  Achal‌asia လို့ခေါ််တဲ့ အစာရေမျိုပြွန် ပြဿနာရှိတဲ့သူတွေက ရေခဲရေသောက်တဲ့အခါ နာတာပိုဆိုးတယ်လို့ ဖော်ပြထားပါတယ်။ ဒါကတော့ နွေမှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာဖြစ်ဖြစ် အတူတူပါပဲ။

ပူတဲ့အချိန် ရေခဲရေသောက်တာက ပိုပူစေတယ်

ဒါကလည်း တချို့သူတွေက သူတို့ခံစားရတဲ့အတိုင်း ပြောတာဖြစ်ပြီး ဒါနဲ့ ပတ်သက်တဲ့ တိကျတဲ့ လေ့လာချက်မရှိပါဘူး။

ဒီတော့ ရေအေးသောက်ရမလား၊ မသောက်ရဘူးဆိုတာက တစ်ကိုယ်ရည်စာ ဆုံးဖြတ်ချက်ပါပဲ။ ကိုယ်ယူဆထားတဲ့ တချို့အချက်တွေက ဒီလောက်ကြီး အဖြစ်မများတာကိုလည်း ‌လေ့လာချက်တွေအရ တွေ့ရမှာပါ။ တချို့မှာလည်း ‘ငါရေခဲရေသောက်လိုက်ရင် ဗိုက်အောင့်မယ်’ ဆိုတဲ့ စိတ်ကြောင့် အောင့်တာမျိုး၊ တခြားလက္ခဏာတွေ ခံစားရတာမျိုး ရှိပါတယ်။ တချို့ကလည်း ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံမတူတာကြောင့် ကိုယ့်ကျမှ လာပြီး ခံစားနေရတာတွေ ရှိပါတယ်။

ဒါကြောင့် ကိုယ်က နွေရာသီမှာ ရေခဲရေသောက်လို့ ဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်။ ဒါဆိုရင်သောက်ပါ။ မဟုတ်ဘူး ခေါင်းကိုက်တယ်၊ လည်ချောင်းနာတယ်စသဖြင့် ခန္ဓာကိုယ်က မခံနိုင်ရင် မသောက်ပါနဲ့။ ရေခဲရေက သောက်တာက အသက်အန္တရာယ်ဖြစ်လောက်တဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။ နွေရာသီမှာ ရေခဲရေပဲသောက်သောက်၊ ရိုးရိုးရေပဲ သောက်သောက် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို လုံလောက်အောင် ဖြည့်ဖို့က ပိုအရေးကြီးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/is-drinking-cold-water-bad-for-you#takeaway

https://food.ndtv.com/food-drinks/why-you-shouldnt-drink-chilled-water-5-reasons-to-quit-the-habit-1686599

https://www.researchgate.net/post/Drink_cold_or_warm_water_what_is_best_for_your_health

ယခုပုံစံ

28/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/04/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement