backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသားဓာတ် ချို့တဲ့ရင် ဘာတွေ ဖြစ်လာမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသားဓာတ် ချို့တဲ့ရင် ဘာတွေ ဖြစ်လာမလဲ

အသားဓာတ် ဆိုတာ ပရိုတင်း လို့လည်း ခေါ်ကြတဲ့ ဓာတ်ပေါ့။ အသား မပါလို့ မစားတတ်သူ တွေမှာ ဒီပြဿနာ မရှိနိုင်လောက်ပေမယ့် အသား မကြိုက်သူတွေ၊ သက်သတ်လွတ် စားတဲ့သူ တွေမှာတော့ အသားဓာတ် ချို့တဲ့နိုင်ပါတယ်။

အသား ဓာတ် ချို့တဲ့ရင် ဒီလို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိထားကြပါနော်။ ကံကောင်းတာ တစ်ခုက အသား ဓာတ် ကို အသား မဟုတ်တဲ့ တခြားအစားအစာ ကနေ လည်း ရနိုင်တာပါပဲ။

အသားဓာတ် နည်းတဲ့ ဆိုးကျိုး လက္ခဏာများ

အရိုး ကျိုး အက်လွယ်မယ်

ထိုင်ခုံ အပုလေးပေါ်ကနေ ပြုတ်ကျတာ၊ ချော်လေးလဲတာလောက်နဲ့တင် အရိုး အက် အရိုးကျိုး သွားပြီ ဆိုရင် သေချာပါတယ်။ သင့်ကိုယ်ထဲမှာ အသားဓာတ်ချို့တဲ့နေပါပြီ။ အရို းတစ်ခု ကြံ့ခိုင်ဖို့ ကယ်လ်ဆီယမ်ဓါတ် က အရေးကြီးသလိုပဲ ပရိုတင်း များများရှိုဖို့ကလည်း အဓိကကျပါတယ်။

ဒါအပြင် ကိုယ်တွင်းက ကလီစာတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အတွက် ပရိုတင်း များများ ရှိဖို့လိုပါတယ်။

ဆံပင်နဲ့ လက်သည်း မကျန်းမာတော့ဘူး

ဆံသား နဲ့ လက်သည်းတွေ အတွက် အသားဓာတ်အဓိက လိုအပ်တာကြောင့် အသားဓာတ် ချို့တဲ့နေတဲ့အခါ လက်သည်းတွေ ပျော့နေတာ ကျိုးကြေလွယ်တာတွေ ဖြစ်တတ်ပြီး ဆံပင် တွေ လည်း နှစ်ခွဖြစ်တာ၊ အဖျားမှာ ကျိုးပြတ်တာမျိုး တွေ ဖြစ်တတ်ပါတယ်။

ကြာလာရင် ဆံပင် တွေ ကျွတ်ကုန်ပြီး အသစ်ပြန်ပေါက်ဖို့ အသား ဓာတ် လည်း အလုံအလောက် မရှိတော့တာကြောင့် ဆံပင် ပါးတဲ့ ပြဿနာတွေ ပါရင်ဆိုင်ရတတ်ပါတယ်။

ကိုယ်အလေးချိန် ကျလာမယ်

ပိန်သွားတယ် ၊ ဝိတ်ကျသွားတယ် လို့ ပျော်မနေနဲ့ဦး။ အသားဓာတ် လုံးဝဖြတ်ပြီး အရွက်ချည်းစား၊ ဝိတ်ချသူ တွေဟာ ကိုယ်ခံအား ပါ နည်းသွားပြီး ကျန်းမာရေး ယိုင်နဲ့လာမှာနော်။ ဘယ်လောက် အစား ဆင်ခြင်ပါစေ၊ အာဟာရ တော့ ပါအောင် စားရပါမယ်။

ကြွက်သားတွေ အတွက် အသားဓာတ် လုံလောက်အောင် မစားမိတဲ့အခါ ဒီဓာတ်ကို လိုအပ်နေတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေက ကြွက်သားတို့ အရိုးတို့ဆီက ပရိုတင်းတွေကို ဖြိုခွဲပြီး သုံးတတ်ကြပါတယ်။ ဒီလိုနဲ့နောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ကိုယ်အလေးချိန်ပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။

အားနည်း နွမ်းနယ်လာမယ်

အသားဓာတ် မလုံလောက်တာကြောင့် ချက်ချင်းကြီးတော့ ပင်ပန်းသွားမှာ မဟုတ်ပေမယ့် တဖြည်းဖြည့်းကြာလာတဲ့အခါ အခြားသူတွေထက်ပိုပြီး နုန်းခွေမောပန်းတဲ့ ပြဿနာတွေ ကြုံတွေ့ရမှာပါ။ ကြွက်သားတွေ အားနည်းရုံ သာမက သွေးနီဥဖြစ်တဲ့ hemoglobin ဖွဲ့စည်းဖို့ အသား ဓာတ် လိုအပ်တာကြောင့် သွေးအားနည်းတဲ့ ပြဿနာတွေပါ ခံစားရမှာပါ။

ကိုယ်ခံအား နည်းပြီး နေမကောင်းဖြစ်လွယ်မယ်

ကိုယ်ခံအားစနစ် အတွက် အသားဓာတ်က မရှိမဖြစ် အရေးကြီးတဲ့ အရာ တစ်ခုပါ။ ကိုယ်ခံအား စနစ်ရဲ့ immunoglobulin ကို amino protein နဲ့ပဲ ဖွဲ့စည်းရတာ ဆိုတော့ အသား ဓာတ် ချို့တဲ့တဲ့အခါ ခုခံအား လည်း အလိုလို အားနည်းသွားပါလိမ့်မယ်။

ဒါ့ကြောင့် အသားဓာတ်မနည်းရအောင် ဒီလို အဓိကအစားအစာ အုပ်စု ကိုတော့ တစ်နည်းနည်းနဲ့ ပါအောင်စားသုံးပေးဖို့ လိုပါမယ်နော်-

  • အသားငါးအမျိုးမျိုး
  • ပဲ အမျိုးမျိုး
  • နို့နဲ့ နို့ထွက်ပစ္စည်း တွေ
  • ကြက်ဥ ဘဲဥစတာတွေမှာ အသားဓာတ်တွေ ကြွယ်ဝပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement