မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 1 min read
Share now

အစစ အရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ ။

လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓါတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ်တွေက နည်းနေပါတယ် ။

အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရဓါတ်နည်းနေတဲ့အချိန် ဖြစ်တဲ့အတွက် ပိုပြီးသိသာစေပါတယ် ။ ခန္ဓာကိုယ်အတွက် ဦးနှောက်က မော်တော်အင်ဂျင်တစ်လုံးလို့ တင်စားရရင် သကြားဓါတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ် ။ မနက်ခင်းမှာ အာဟာရမရှိတော့ ဦး‌နှောက်မကြည်တဲ့အတွက် အာရုံစိုက်တာ အားနည်းခြင်း ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း ၊ ချွေးစေးထွက်ခြင်း ၊ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေနဲ့ သကြားဓါတ် အရမ်းကျရင် သတိလစ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ် ။

မနက်စာမစားရတာ ရေရှည်ကြာလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း ၊ဟော်မုန်းများ အပြောင်းအလဲဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်း တွေ ဖြစ်တတ်ပါတယ် ။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံးရောဂါ ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ် ။

ဒီလိုမဖြစ်စေရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ ၊ သစ်သီးဝလံတွေ စားတာက အားရှိစေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် မနက်စာ စားဖို့ အကြံပြုလိုပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ကဘာတွေများလဲ။ သိထားတာတွေက ဘတွေ မှန်လို့ ဘာတွေ မှားနေလဲ။ သိချင်တယ်ဆိုရင် အတူတူဆန်းစစ်ရအောင်လေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆိုတာဘာလဲ။ ဘယ်လောက်အထိ အကျိုးပြုနိုင်လို့လဲ။ ဘာတွေ စားသောက်ရမလဲဆိုတာကို ဖတ်ကြည့်လို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာတွေက ဘာဗတွဖြစ်မလဲ။ ဘယ်လောက်ထိ ကျန်းမာစေဖိုပ ထောက်ကူပေးသလဲ ဆိုတာကို ဆေင်းပါးလေးထဲ ဖတ်ကြည့်ပါ။

ရေးသားသူ Aye Thi Mon

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read