ဈေးကွက်ထဲက ဖြည့်စွက်စာအတော်များများဟာ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ကို ချပေးနိုင်တယ်လို့ အတိအလင်းကြော်ညာထားကြမှာ အသေအချာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဖြည့်စွက်စာတိုင်းက ကြော်ညာထားတဲ့အတိုင်း ပြည့်မီအောင်သိပ္ပံနည်းကျ ထုတ်လုပ်ထားတာ မဟုတ်တဲ့အတွက် ဘယ်ဖြည့်စွက်စာကိုမှ အညွှန်းဖတ်ရုံနဲ့ ယုံကြည်လို့မရပါဘူး။ သွေးတွင်း ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စထရိုက်ပမာဏ မြင့်တက်နေသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေအကြောင်း ဒီဆောင်းပါးက ပြောပြသွားမှာ ဖြစ်ပါတယ်။