ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှာ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်လို့ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားရင်လည်း တော်တော်လေး စားကောင်းပါတယ်။ ဒီတစ်ခေါက်တော့ အရသာရှိရှိ ချက်စားတတ်တဲ့ ပိန္နဲသီစိမ်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း ပြောပြပေးပါရစေ။
ပိန္နဲသီးစိမ်း ဆိုတာ
အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။
ပိန္နဲသီးစိမ်း မှာပါတဲ့ အာဟာရဓာတ်များ
စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ
- ကယ်လ်လိုရီ
- ပရိုတင်း
- အဆီ
- အမျှင်ဓာတ်
- ဗီတာမင် C
- Pyridoxine (ဗီတာမင် B6)
- Niacin (ဗီတာမင် B3)
- Riboflavin (ဗီတာမင် B2)
- Folic acid (ဗီတာမင် B9)
- ကယ်လ်ဆီယမ်
- မဂ္ဂနီဆီယမ်
- ပိုတက်ဆီယမ်
- Phosphorusတို့ ပါဝင်နေပါတယ်။
ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး
ပိန္နဲသီး အစိမ်းကို ချက်စားတာ၊ ပြုတ်တို့တာတွေလိုမျိုး စားသုံးတာက ကျန်းမာရေးကို အခုလို အထောက်အကူပြုပေးပါတယ်။
နှလုံး ကျန်းမာစေနိုင်တယ်
ကိုယ်ခံအား ကောင်းစေတယ်
အိပ်ရေးဝ စေတယ်
အရိုးတွေ သန်မာစေတယ်
အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်
ပိန္နဲသီးကို ချက်စားတဲ့အခါ အသားအစားထိုး စားသုံးတာမျိုး ရှိပါတယ်။ ဒီလိုလုပ်တာက ကယ်လ်လိုရီ စားသုံးမိမှုကို လျော့ကျစေနိုင်ပါတယ်။ ပြည့်ဝဆီကို လျှော့ချပြီးသားလည်း ဖြစ်မှာပါ။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုကိုလည်း ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။
အမျှင်ဓာတ်များစွာ စားသုံးတာနဲ့ အဆီလျှော့စားတာက အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချိုရှိနေသူတွေ အနေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားပေးလို့ရပါတယ်။
အူမကြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်
အမဆင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ ဝမ်းမှန်စေနိုင်ပြီး အူလမ်းကြောင်း တလျှောက် အဆိပ်အတောက်တွေ အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီး ကျန်းမာစေမှာပါ။
ဘယ်သူတွေ မစားသင့်ဘူးလဲ
အစာအိမ်ရောဂါ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်မေမေနဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။
[embed-health-tool-bmr]