backup og meta

Boron ဆိုတာ.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Boron ဆိုတာ.......

    ခေါင်းစဉ် ဖတ်ပြီး တစ်ခါမှတောင် မကြားဖူးဘူးဆိုပြီး အတွေးများမသွားပါနဲ့။ ဒါက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုပါ။ မရှိမဖြစ်တော့ မဟုတ်ပေမယ့် လိုအပ်တာကတော့ အမှန်ပါပဲ။ လူသိနည်းသေးတဲ့ Boron လေး အကြောင်း ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    Boron ဆိုတာ ဘာလဲ……

    Boron ဆိုတာက အစားအစာတွေထဲမှာ တွေ့ရတတ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ပတ်ဝန်းကျင်မှာလည်း အတွေ့ရများပါတယ်။ အထူးသဖြင့် အခွံမာသီးတွေမှာ တွေ့ရများပါတယ်။ အများစုက boron က ဖြည့်စွက်စာအနေနဲ့ပဲ စားသုံးကြတာ များပါတယ်။

    ဘယ်လိုတွေ သုံးလို့ရလဲ………

    Boron ကို များသော အားဖြင့် Boron ချို့တဲ့မှုအတွက် သောက်သုံးရတဲ့ဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမျိုး၊ လေဒီလေးတွေမှာ ရာသီလာတာကြောင့် ကိုက်ခဲတာကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ အမျိုးသမီးတွေမှာ မိန်းမကိုယ် မှိုစွဲတာကို သက်သာစေဖို့အတွက် boric acid ပါတဲ့ ဆေးတောင့်လေးတွေကို မိန်းမကိုယ်ထဲ ထည့်သွင်းတာမျိုးအတွက်လည်း boron ကို အသုံးပြုကြပါတယ်။

    အရေပြားပြဿနာ အချို့ အတွက်လည်း boron ကို အသုံးပြုကြပါတယ်။ ပိုးဝင်ကူးစက်တာကို ကာကွယ်ဖို့လည်း အသုံးပြုလို့ ရပါသေးတယ်။ ၁၈၇၀ ခုနှစ် နဲ့ ၁၉၂၀ ခုနှစ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် ကာလတွေ အတွင်းကလည်း boron ကို အစားအစာတွေ တာရှည်ခံစေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

    ကျန်းမာရေးအတွက် အသုံးဝင်ပုံကရော

    Boron က အာဟာရဓာတ်တစ်မျိုး ဖြစ်ပေမယ့် သံဓာတ်၊ ကယ်လ်ဆီယမ်တို့လောက်တော့ လူသိမများပါဘူး။ ဒါပေမယ့် Boron က အရိုးတွေ ကျန်းမာစေဖို့  ထောက်ပံ့ပေးသလို အနာကျက်စေနိုင်တယ်။ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိနေပါတယ်။ လူကြီးတွေမှာ မှတ်မိနိုင်စွမ်း ကောင်းစေပြီး သိမြင်မှုစွမ်းရည် တိုးတက်စေနိုင်ပါတယ်။

    ခန္ဓာကိုယ်မှာ ဗီတာမင် D အသုံးပြုမှုကောင်းစေနိုင်သလို testosterone နဲ့ estrogen ဟော်မုန်းတွေထွက်ရှိမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ စိတ်ကျန်းမာရေးကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။

    ဘာတွေ သတိထားဖို့ လိုမလဲ……..

    Boron က လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်သလို  လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ ဘေးကင်းပါတယ်။ သောက်ဆေးအနေနဲ့ သောက်သုံးလို့ရပြီး အစားအစာကနေတဆင့်လည်း စားသုံးလို့ရပါတယ်။ ပုံမှန် လိုအပ်ချက်ကတော့ တစ်နေ့ကို ၂၀ mgပါ။

    လေဒီတွေမှာလည်း မိန်းမကိုယ်ပြဿနာတွေ တော်တော်များများ သက်သာစေဖို့ Boron ကို အသုံးပြုပေးလို့ရပါတယ်။

    တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ Boron ကကျန်းမာရေးကို အထောက်အကူပြုတာမှန်ပေမယ့် အရွယ်ရောက်ပြီးသူတွေမှာဖြစ်ဖြစ် ကလေးတွေမှာဖြစ်ဖြစ် Boron ကို လိုအပ်တာထက် ပိုမို သောက်သုံးမိတဲ့အခါ လိမ်းမိတဲ့အခါ Boron အဆိပ်သင့်တာမျိုးဖြစ်နိုင်ပါတယ်။ Boron အဆိပ်သင့်တဲ့အခါ

    နောက်တစ်ချက် သတိထားရမှာက Boron က ကိုယ်ဝန်ဆောင် လေဒီတွေ နဲ့ နို့တိုက်မိခင်တွေ အတွက် မသင့်တော်ဘူးဆိုတာပါ။ ဒါ​ကြောင့် အကျိုးအာနိသင်ကောင်းတွေ ရှိနေတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်နေရချိန် နဲ့ နို့တိုက်နေရချိန်တွေမှာ မသောက်ပါနဲ့။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement