backup og meta

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

နာနတ်လို့ မြင်လိုက်ရင် အသီးကိုပဲ စားလို့ရတာ၊ အခွံဆိုလည်း သေချာ သင်မှ အသီးအပေါ်က အပင်ဆို ပြန်စိုက်ရုံကလွဲလို့ ဘာမှ အသုံးမဝင်ဘူးလို့ ယူဆကြတာက ခပ်များများပါ။ ဒီအယူအဆက တကယ်ပဲ မှန်ရဲ့လား။ နာနတ်ပင်ရဲ့ အရွက် တွေက ပြန်သုံးလို့ မရဘူးလား။

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

သုံးလို့ရတယ်ဆိုရင်ရော ဘယ်လိုများ သုံးလို့ရတာလဲ။ ဆေးဖက်ရောဝင်လားဆိုပြီး သိချင်နေပြီလား။ ဒီအဖြေကို တိတိကျကျလေး သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

နာနတ်ပင်ရဲ့ အရွက် ဆိုတာ

နာနတ်ပင်ရဲ့ အရွက် ဆိုတာ နာနတ်သီး အပေါ်က အစိမ်းရင့်ရောင် ဆူးချွန်ပုံစံ အရွက်ရှည်ရှည်တွေပါ။ မာကျောကျော ရှိပြီး အခန့်မသင့်ရင် လက်တောင် ရှနိုင်ပါတယ်။ အရွက်လို့ ခေါ်သလို နာနတ်ပင်လို့လည်း ခေါ်ပါတယ်။

နာနတ်ပင်ရဲ့ အရွက်က စားလို့ ရလား။

နာနတ်ပင်ရဲ့ အရွက်က အခြား အရွက်တွေလိုပဲ စားလို့ ပါတယ်။ ဒီအတိုင်း ဝါးစားတာမျိုးတော့ မဟုတ်ဘူးပေါ့။ ရေနွေးဆူဆူထဲကို ထည့်ပြုတ်ပြီး ပြုတ်ရည်ကို သောက်တာမျိုးပါ။ နာနတ်ရွက်ကို ပြုတ်ပြီး ရလာတဲ့ပြုတ်ရည်မှာ ကျန်းမာရေး အာနိသင် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

နာနတ်ရွက်မှာ ဘာတွေပါလဲ။

နာနတ်ရွက်မှာ အခုလို ဓာတ်လေးတွေ ပါဝင်နေပါတယ်။

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

နာနတ်ပင်ရဲ့ အရွက်က ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

လည်ချောင်းနာတာ သက်သာစေတယ်။

လည်ချောင်းနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ အေးမြတဲ့ ဆောင်းရာသီမှာ ပိုပြီး အဖြစ်များပါတယ်။ အေးမြခြောက်သွေ့တဲ့ လေထုနဲ့ ဗိုင်းရပ်စ်တွေ၊ ညစ်ညမ်းမှုတွေ၊ ဆေးလိပ်ငွေ့တွေကြောင့် လည်ချောင်းနာရတာပါ။

လည်ချောင်းနာတာက ဆေးခန်းပြရလောက်တဲ့အထိ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ဘဝမှာ တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီလို ပြဿနာကို သက်သာစေဖို့ဆိုရင် နာနတ်ပင်ရဲ့ အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ခန္ဓာကိုယ်မှာ အင်အားတိုးစေနိုင်တယ်

ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းသလို ဖြစ်ပြီး ခြေကုန်လက်ပမ်းကျနေပြီလား။ ဒါဆိုရင်တော့ အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြည့်စေဖို့နဲ့ နေရထိုင်ရတာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ဖြစ်စေဖို့အတွက် နာနတ်ပင်ရဲ့ အရွက်က လုပ်ဆောင် ပေးနိုင်ပါတယ်။

အစာမကြေတာကို သက်သာစေနိုင်တယ်

အစာမကြေတာ၊ အစာခြေစနစ် ပြဿနာတွေက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေပါ။ စားသုံးမိတဲ့ အစားအစာတွေထဲမှာ အဆီများတာတွေ၊ အမျှင်ဓာတ်ပါဝင်မှု နည်းလွန်းတာ၊ များလွန်းတာတွေကြောင့် အစာမကြေတာ၊ ဝမ်းချုပ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဒီပြဿနာတွေကို ကင်းစေဖို့ဆိုရင် နာနတ်ပင်ရဲ့ အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ နာနတ်ပင်ရဲ့ အရွက်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ကောင်းစေပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ရောဂါဆိုးတွေ များနေချိန်မှာ အကောင်းဆုံး ကာကွယ်နည်းက ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်တာပါ။ ကိုယ်ခံအားက ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်ပြီး ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ သဘာဝ လက်ဆောင် ဖြစ်တာကြောင့် ကိုယ်ခံအား ကောင်းဖို့က အရေးကြီးပါတယ်။

ကိုယ်ခံအားက ခန္ဓာကိုယ်တွင်းကို ပြင်ပက ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ကိုယ်ထဲကို ဝင်မလာနိုင်အောင် အကောင်းဆုံး ကာကွယ်ပေးထားတာပါ။ ဒီလို ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ ကိုယ်ခံအားကို အားဖြည့်ပေးဖို့အတွက် နာနတ်ပင်ရဲ့ အရွက်က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

အသက်အရွယ်ရလာတဲ့အထိ ကျန်းမာဖျတ်လတ်စွာ နေချင်တယ်ဆိုရင် အရိုးတွေ သန်မာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ အရိုးတွေ သန်မာစေဖို့က ထိုက်သင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ လိုသလို လုံလောက်မျှတတဲ့ အာဟာရတွေကို စားဖို့လည်း လိုပါတယ်။ ဒီလိုမျိုး အရိုးတွေ သန်မာစေဖို့ လိုအပ်မယ့် အာဟာရတွေကို နာနတ်ပင်ရဲ့ အရွက်က ပေးစွမ်းနိုင်ပါတယ်။

အရိုးတွေ ကြီးထွားစေဖို့နဲ့ ထိခိုက်တာတွေကို သက်သာစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။

နာနတ်ပင်ရဲ့ အရွက်က အခုလိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can You Eat Pineapple Leaves? Potential Benefits and Dangers https://www.healthline.com/nutrition/can-you-eat-pineapple-leaves Accessed Date 19 January 2022

Surprising Health Benefits Of Pineapple Leaves You Need To Know https://www.herzindagi.com/diet-nutrition/health-benefits-of-pineapple-leaves-article-170014 Accessed Date 19 January 2022

ယခုပုံစံ

20/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Lettuce (ဆလတ်ရွက်)

မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ .......


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/12/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ