သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

မကြာခဏဆိုတာထက် နည်းတဲ့ အကြိမ်ရေနဲ့ ဖျားနာတယ်ဆိုရင် သင်ဟာ ကံကောင်းသူ တစ်ဦးလို့ ဆိုရပါမယ်။ အကြောင်းကတော့ တစ်နေ့တာမှာ ၈ နာရီကျော်ကြာ နေထိုင်နေတဲ့ ရုံးပတ်ဝန်းကျင်က ကျန်းမာရေးနဲ့ ညီညွတ်သလို ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရထားလို့ပါ။

အလုပ်ခွင်က ဒီလို အခြေအနေတွေနဲ့ ပြည့်စုံနေတယ်ဆိုတာနဲ့ ဖျားနာမှုတွေ၊ နာမကျန်းမှုတွေ ကင်းပြီလို့ ဆိုလို့ မရသေးပါဘူး။ နေ့စဉ် လူအများအပြားနဲ့ ထိတွေ့နေတဲ့ အလုပ်ခွင်မှာ ရောဂါပိုးတွေ ကူးစက်ခံရနိုင်သလို တစ်ချိန်ကုန် အလုပ်လုပ် နေရတာကြောင့် နဲ့ အလုပ်ဖိအားတွေကြောင့် ခံစားရနိုင်တဲ့ ပြဿနာတွေ ရှိနေပါတယ်။

အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

တစ်နေ့တာမှာ ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရင်းကနေ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

တုပ်ကွေး

တုပ်ကွေးက ကူးစက်လွယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှာ ဖြစ်နေပြီဆိုရင် အခြားသူတွေဆီကို အလျင်အမြန် ကူးစက်နိုင်ပါတယ်။ ရုံးမှာရှိတဲ့ အများသုံး ပစ္စည်းတွေကနေတဆင့် တုပ်ကွေးရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

နှာချေ၊ ချောင်းဆိုးရာကနေတဆင့် လေထဲကို ရောက်ရှိလာတတ်တဲ့ တုပ်ကွေးရောဂါပိုးက ကွန်ပျူတာ၊ ကီးဘုတ်၊ ဖုန်း၊ စားပွဲခုံ၊ တံခါးလက်ကိုင်၊ အဲကွန်း ရီမုတ်ခ် စတဲ့ပစ္စည်းတွေမှာ တုပ်ကွေးရောဂါပိုးတွေ ရှိနေနိုင်ပါတယ်။

အစာခြေစနစ် ပြဿနာ

ဒါကတော့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွ။ သောက်ရေတွေကြောင့် အစာခြေစနစ်မှာ ဘက်တီးရီးယား ပိုးဝင်ကူးစက်ပြီး အစာအိမ်နဲ့ အူနံရံတွေ ရောင်ရမ်းတာပါ။

ဒီ Stomach flu (အထက်လန်အောက်လျှော) ဗိုင်းရပ်စ်တွေက ကူးစက်မြန်တဲ့ ရောဂါပိုး တစ်မျိုးပါ။ လူတစ်ယောက်ကနေတစ်ယောက်ကို အသက်ရှူရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိတာကနေတဆင့် ကူးစက်နိုင်ပါတယ်။

ဓာတ်မတည့်မှု

ဓာတ်မတည့်မှုကလည်း အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ နွေဦးကာလ ဆောင်းအဝင်စ ကာလတွေမှာ အဖြစ်များပါတယ်။

ရာသီဥတု အခြအနေကြောင့် ဖြစ်နိုင်သလို ပန်းဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ။ ဆေးလိပ်ငွေ့ စတာတွေကြောင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ နုံးတာ၊ ခြေကုန်လက်ပမ်းကျတာတွေ ခံစားရနိုင်ပါတယ်။

ခေါင်းကိုက်တာ

ခေါင်းကိုက်တာကလည်း အဖြစ်များတဲ့ ရုံးတွင်း ကျန်းမာရေးပြဿနာ တစ်ခုပါ။ အလုပ်က ဖိအားတွေကြောင့် ခေါင်းကိုက်နိုင်သလို တစ်ချိန်လုံး စခရင်မ်ကို ကြည့်နေရတာကြောင့်လည်း မျက်လုံးတွေ ညောင်းပြီး ခေါင်းကိုက်နိုင်ပါတယ်။

ဖြစ်နိုင်တဲ့ နောက်ထပ် အချက်တွေက ထိုင်တဲ့ ပုံစံ မမှန်တာကြောင့် ခေါင်းကိုက်တာမျိုး ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။

ခါးနာတာ

အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်နေရတာကလည်း ကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ ထိုင်နေတဲ့ တလျှောက်လုံး ပုံစံ မမှန်တဲ့အခါ ခါးနဲ့ တင်ပါးပေါ်ကို ဝန်ပိပြီး ခါးနာတာမျိုး ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် ခါးနာစေနိုင်တဲ့ အခြေအနေက စားပွဲနဲ့ ကုလားထိုင် အမြင့်က အဆင်မပြေဖြစ်နေတာမျိုးပါ။ ဒီအခြေအနေကလည်း ကိုယ်နေဟန်ထားကို ပုံစံ မမှန်ဖြစ်စေပြီး ခါးနာစေနိုင်ပါတယ်။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

5 health conditions you can pick up at the office https://www.health24.com/Lifestyle/Healthy-workplace/Health-in-the-workplace/5-diseases-you-can-pick-up-at-the-office-20170804 Accessed Date 26 August 2020

What Are the Most Common Office Illnesses and Ailments? https://www.passporthealthusa.com/employer-solutions/blog/2019-4-most-common-office-illnesses-and-ailments/ Accessed Date 26 August 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 26/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။