နှလုံးကျန်းမာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ရပ်
ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။
ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။
ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အရ တစ်နေ့တာမှာ ဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။
ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တို့လိုမျိုး bioactive ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။