backup og meta

ခံတွင်းမြိန်စေသော နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းမြိန်စေသော နည်းလမ်းများ

    သင်က ကိုယ်အလေးချိန်တက်ချင်နေပြီး စားနေသော အစားအစာကလည်း စွဲဆောင်မှု မရှိလျှင် ခံတွင်းကောင်းအောင်လုပ်ရသည်မှာ မလွယ်ကူပါ။ သို့သော်လည်း သင့်အနေဖြင့် ဟင်းလျာချက်ပြုတ်နည်းများ၊လူမှုရေး နှင့် သွင်ပြင်ပိုင်း ဆိုင်ရာနည်းလမ်းများဖြင့် သင်၏ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။ အောက်ပါတို့မှာ ကျန်းမာရေးနှင့် ညီညွတ်သော ခံတွင်းကောင်းစေခြင်း နည်းလမ်း ၈ ခုဖြစ်ပါသည်။

    နည်းနည်းနှင့် ခဏခဏစားပါ

    ထမင်းအနပ်ကြီး ၃ ခါစားခြင်းထက် နည်းနည်းနှင့် ခဏခဏစားခြင်းက ပိုမိုစွဲဆောင်မှုရှိသည့် အတွက် ကျင့်သုံးပါ။ ထမင်းအနပ်သေးများသည် ပြင်ဆင်ရလွယ်ကူသည်။ တစ်နေ့လျှင် ၆ ကြိမ် ၇ ကြိမ် ခန့်ခွဲ၍ အာဟာရပြည့်ဝသော မြေပဲထောပတ်၊သစ်သီးခြောက်၊အစေ့အဆန်၊လတ်ဆတ်သော အသီးအနှံ၊ဒိန်ချဉ် နှင့် နွားနို့တို့ပါဝင်အောင် စားပေးပါ။ နည်းနည်း

    သာစားသော်လည်း ကယ်လိုရီပြည့်ဝနိုင်ပြီး ပြည့်အင့်ခြင်းကိုလည်း မခံစားရတော့ပါ။ အစားစားချင်စိတ် လုံးဝ မရှိပါကလည်း အာဟာရဖြည့်ထားသော အချိုရည်များသောက်ပေးနိုင်သည်။ အစားအစာက အကောင်းဆုံး ဖြစ်သော်လည်း အာဟာရဖြည့်အချိုရည်များသောက်သုံး၍လည်း အာဟာရဓါတ်ကိုထိန်းထားနိုင်ပါသည်။

    ကယ်လိုရီကြွယ်ဝသော အစားအစာများကိုစားပါ

    သင့်အတွက်လိုအပ်သော ကယ်လိုရီပြည့်အောင် မစားဖြစ်ပါက ကယ်လိုရီပြည့်နှက်သော အစားအစာကို ရွေးချယ်ပါ။

    အများကြီးမစားမိဖို့တော့ လိုပါသည်။ အုတ်ဂျုံကို ရေနှင့် ချက်မည့်အစား နွားနို့နှင့်ချက်ပါ။ ဟင်းချိုချက်ပြုတ်ရာ၌ ဟင်းအိုးထဲသို့ နို့မှုန့် နှင့် သံလွင်ဆီ ထည့်ချက်ပါ။ ပဲမှုန့်၊နှမ်းဆီ၊ရှောက်ရည် နှင့် ကြက်သွန်ဖြူတို့ရောစပ်ထားသော အချဉ်ရည်ကိုသုံးပါ။

    စပျစ်သီး အစား စပျစ်သီးခြောက် နှင့် အစေ့အဆန်တို့ကို စားပေးပါ။ ထမင်းတစ်နပ်နှင့် တစ်နပ်အကြား ရေအစားအချိုရည်သောက်ပေးပါ။

    အစားအစာများကို ပို၍ စွဲမက်ဖွယ်ပြင်ဆင်ပါ

    အစားအစာများက စိတ်ဝင်စားစရာမကောင်းလျှင် သင်ဗိုက်ဆာမည်မဟုတ်ပါ။ အစားအစာကို ပို၍ နှစ်သက်စေမည့်နည်းလမ်းကိုရှာပါ။ အစားအစာကိုကြည့်၍ စားခြင်းဖြစ်ရာ ထမင်းပန်းကန်ကို အရသာရှိအောင် နှင့် အရောင်အသွေးစုံအောင် ပြင်ဆင်ပါ။ ပန်းဂေါ်ဖီစိမ်း နှင့် အနီရောင် ငရုတ်တောင့် တို့ကို ပါစတာနှင့်တွဲဖက်၍ အရောင်လှနေပါစေ။ အစားအစာကိုအရောင်စုံအောင်စားခြင်းသည် သင့်အတွက်လိုအပ်သော အာဟာရများအားလုံးပါဝင်နေခြင်း ဖြစ်သည်ဟု ဆိုလိုပါသည်။

    စားနေကျ ပုံစံအစား ဟင်းလျာ အမယ်သစ် ကိုပြင်ဆင်ခြင်းက အစားအစာနှင့် ပတ်သက်၍ သင့်ကို ပိုမို စိတ်လှုပ်ရှားစေလိမ့်မည်။

    သင်ကြိုက်သော အစားအစာများကို ရွေးချယ်ပါ

    သင်ကြိုက်သော အစားအစာဆိုလျှင် သင်ပို၍ စားဖြစ်လိမ့်မည်။ သင်ကြိုက်သည်များကိုသာဦးစားပေး ပြင်ဆင်ထားလျှင် အစားစားဖို့ အဆင်သင့်ဖြစ်နေလိမ့်မည်။

    အစားစားပြီးမှ ရေသောက်ပါ

    အစားကို အရင် စားပြီးမှ ရေသောက်သင့်ပါသည်။ ထိုအခါ ခံတွင်းမပျက်တော့ဘဲ မစားခင် ဗိုက်ပြည့်ခြင်းလည်း မဖြစ်တော့ပါ။

    ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းသီးဟင်းရွက်တို့ကိုထည့်သွင်းပါ

    ဟင်းခတ်အမယ်များ၊လတ်ဆတ်သော အရွက်များ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊သံပုရာ၊အသား နှင့် နှံစားတို့သည် အစားအစာကို အနံ့အရသာနှင့် ပြည့်စုံစေသည်။ ထိုသဘာဝနည်းဖြင့်လည်း ခံတွင်းမြိန်စေနိုင်ပါသည်။

    ဂျင်းသည် စူးရှသော အနံ့နှင့် လန်းဆန်းစေသော အရသာရှိသည်။ ရေနွေးဆူဆူတွင် ဂျင်းကို အမှုန့်ကြိတ်၍ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ဖျော်ပြီး ဂျင်းလက်ဖက်ရည်ပြုလုပ်နိုင်ပါသည်။၁၀ မိနစ်ကြာပြီးလျှင် အရည်စစ်၍ သောက်သုံးနိုင်ပါသည်။

    အူတိုင်မပါသော မုန်ညင်းထုပ်၊ငရုတ်ကောင်း၊သစ်ကြံပိုးခေါက်၊ငရုတ်ကောင်းမှုန့် တို့ကို ဟင်းလျာများတွင် ထည့်သွင်းပါက ခံတွင်းအရသာကို ပြောင်းလဲစေနိုင်ပါသည်။

    အပေါင်းအဖော်နှင့်စားပါ

    တစ်ယောက်တည်း စားရသောအခါ အထီးကျန်ပြီး အစားအစာ၌ စိတ်မပါတော့ပေ။ ထို့ကြောင့် အပေါင်းအသင်းနှင့်အတူစားခြင်း၊မိသားစုနှင့်စားခြင်း၊အသင်းအဖွဲ့နှင့် စားခြင်း တို့ကို ပြုလုပ်ပေးပါ။ ထမင်းစားဝိုင်းတွင် ငြင်းခုန်စရာ ကိစ္စများကိုလည်း မဆွေးနွေးမိစေဖို့ သတိရပါ။

    လေ့ကျင့်ခန်းလုပ်ပါ

    အနည်းငယ်သော ကိုယ်လက်လှုပ်ရှားမှုပင်လျှင် ခံတွင်းကိုကောင်းစေသည်။ ကယ်လိုရီများ လောင်ကျွမ်းသွားသောအခါခန္ဓါကိုယ်ကစွမ်းအင်ကို ပိုမိုလိုအပ်လာသဖြင့် အားကစားလုပ်ပြီးလျှင် ဗိုက်ဆာမည် ဖြစ်သည်။

    ရောဂါတစ်ခုခုကြောင့် ဆေးဝါးများကို မှီဝဲနေရသည်ဆိုလျှင် ထိုဆေးဝါးက သင့်၏ ခံတွင်းပျက်ခြင်း တရားခံ ဖြစ်နိုင်သည်။ ထို့ကြောင့် သင့်ဆရာဝန် ၏ အကူအညီကိုရယူပါ။ ထို့ပြင် ခံတွင်း တောက်လျှောက် ပျက်နေခြင်းသည် ကင်ဆာကဲ့သို့ ရောဂါမျိုး၏ လက္ခဏာလည်း ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် နာတာရှည် ခံတွင်း ပျက်ခြင်း ဝေဒနာ ခံစားရပါကဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement