(၂)အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့်…
– အစာချေဖျက်မှုကို အားပေးပေးပါတယ်။
အစာမကြေခြင်း မကြာခဏဖြစ်တတ်တဲ့သူတွေအတွက် Beetroot ဟာ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။
– နာတာရှည်ရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးပါတယ်။
အူမကြီးကင်ဆာ၊ နှလုံးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။
-ဝိတ်ကျစေပါတယ်။
Beetroot ဟာဆိုရင် ကယ်လိုရီ ပါဝင်မှုနည်းပြီး ရေဓာတ်၊ အမျှင်ဓာတ် နှင့် အသားဓာတ် ပါဝင်မှုများတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ Beetroot မှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် အစားစားချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကိုဖြစ်စေတာကြောင့် ကယ်လိုရီစားသုံးမှု နည်းပါးသွားအောင် ဆောင်ရွက်ပေးနိုင်လို့ diet လုပ်နေတဲ့ ကိုကိုမမတွေအနေနဲ့ Beetroot ကို မမေ့ထားသင့်ပါဘူး။
– ဝမ်းချုပ်မှာကိုလည်း ဟန့်တားပေးပါတယ်။
– ကင်ဆာရောဂါအတွက်လည်း အကျိုးရှိပါတယ်။
Beetroot မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် မူမမှန် ဆဲလ်တွေကို လျှော့ချပေးတဲ့ သွေးဖြူဥအရေအတွက်ကို တိုးစေပါတယ်။ တိရစာ္ဆန်လေးများနဲ့ စမ်းသပ်မှုများပြုလုပ်ထားရာမှာလည်း အကျိတ်ကြီးထွားမှုကို ဟန့်တားပေးတာကိုလည်း တွေ့ရှိထားပါတယ်။ လူ့ဆဲလ်များအသုံးပြုပြီး စမ်းသပ်မှုပြုလုပ်ရာမှာတော့ ဆီးကျိတ် နဲ့ ရင်သားကင်ဆာဆဲလ်များကို လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါတွေတင်မကသေးပဲ beetroot ဟာ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ အသည်းရောဂါ နှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါတွေကြောင့် ခန္ဓာကိုယ်တွင် ရောင်ရမ်းမှုဖြစ်ပွါးတာကိုလည်း လျှော့ချပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။