backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ပိုကောင်းတဲ့ အာဟာရ ပိုနည်းတဲ့ကိုလက်စထရော

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပိုကောင်းတဲ့ အာဟာရ ပိုနည်းတဲ့ကိုလက်စထရော

ကိုလက်စထရောပါသောအစားများကိုနေ့စဉ်အစာအဖြစ်မစားရန်အကြံပေးခြင်းကိုကြားနိုင်သည်။ သို့သော် ဘာကြောင့်စားသင့်သည် ဘယ်အစားအသောက်ကသင်လိုအပ်ချက်ပြည့်ဝစေသည်ကို သင်သိလိုပါသလား။ ကိုလက်စတေများသောအစာများကို အသား တိရစ္တာန်အတွင်းအဂါီ ကြက်ဥ နှင့်ပင်လယ်စာများတွင်ပိုတွေ့နိုင်သည်။ ထိုအစာများက ပြည့်ဝဆီမှ ကိုလက်စထရောများအောင်လုပ်ပြီး နှလုံးရောဂါနှင့်ခန္ဓါကိုယ်အလေးချိန်ပြသာနာများကိုပိုဖြစ်စေနိုင်သည်။ သို့သော် အဆီတိုင်းကမကောင်းသည်တော့်မဟုတ်ပါ။ မပြည့်ဝဆီကိုစားသုံးရန်လိုအပ်ပြီး ထိုအရာက ခန္ဓါကိုယ်အလေးချိန်ကိုထိန်းပေးသည်။ ကိုလက်စထရောနည်းသောအစာများကိုရှာဖွေစားသောက်ခြင်းဖြင့် သင့်ကျန်းမာရေးကောင်းမှုကိုထိန်းသိမ်းနိုင်သည်။

၁။ အုတ်ဂျုံ။

အုတ်ဂျုံ တွင် သတ္ထုဓါတ်များစွာနှင့် အမျှင်ဓါတ်များစွာပါဝင်သည်။ ထိုအရာက မကောင်းသောကိုလက်စထရောဟုခေါ်သည့် အယ်ဒီအယ်ကိုကျစေသည်။

သွေးထဲသို့ကိုလက်စထရောစုပ်ယူအားကိုလျော့ချစေခြင်းဖြင့် ပျော်ဝင်နိုင်သောအမျင်များက နှလုံးနှင့်ပတ်သတ်သောရောဂါဖြစ်ခြင်းကိုလျော့ချပေးနိုင်သည်။ တစ်ခွက်ခွဲအုတ်ဂျုံတွင် အမျှင်ဓါတ် ၆ဂရမ်ပါဝင်သည်။ အခြားအမျှင်များသောအစားများ ဥပမာ ပဲသီးပန်းသီး ငှက်ပျော်သီး ပန်းသစ်တော်စသည် တို့က အမျှင်ဓါတ်ကို အနည်းဆုံး ၄ ဂရမ်ထိမြင့်စေသည်။ ၅မှ ၁၀ဂရမ်စားခြင်းဖြင့် မကောင်းသောကိုလက်စတောနှင့် ကိုလက်စထရောပေါင်းကိုနှစ်ဆခန့်လျော့ချပေးနိုင်သည်။

၂။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါသောငါးကိုစားပါ။

ကျန်းမာရေးအတွက်ကောင်းသောနောက်ထပ်အရာက အိုမီဂါ ၃ ဖက်တီးအက်စစ်ဖြစ်ပြီး ငါး ဥပမာ ဆယ်မွန် မက်ကရယ် တရောက်ငါး ငါးသလောက် တူနာစသည်တို့တွင်ပါဝင်မှုများသည်။ အိုမီဂါ ၃ပါသောအစာများကို သဘာဝထုတ်ကုန်အဖြစ်အသိများပြီး ကိုလက်စထရောကိုနည်းစေခြင်း နှလုံးရောဂါကုသပေးခြင်း နှလုံးရုတ်တရက်သေဆုံးခြင်းကိုလျော့ချနိုင်ခြင်း အလေးချိန်ကြောင့်ဖြစ်သောရောဂါများကိုကာကွယ်ပေးနိုင်သည်။ မကောင်းသောအဆီများကိုဖယ်ရန် ငါးကင်ခြင်း ဖုတ်ခြင်းဖြင့်လုပ်နိုင်သည်။ ငါးအရသာကိုသိပ်မကြိုက်ပါက အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီဖြည့်စွက်စာကိုစားနိုင်သည်။ အပင်ဥပမာ နှမ်းကြုတ်ပင်များတွင်လည်း အိုမီဂါ၃ များစွာပါသည်။

၃။ အခွံမာသီး။

အခွံမာသီး ဥပမာ သစ်ကြားသီး မက်မွန်သီးများက သင့်နှလုံးအတွက်ကောင်းသော သရေစာဖြစ်သည်။ သစ်ကြားသီးသည် ကိုလက်စထရောညီမျှရန်ကူညီပေးနိုင်သည်။ ဖက်တီးအက်စစ်ပြည့်ဝပြီး အရသာရှိသောသစ်ကြားသီးက သွေးကြောများကိုထိန်းထားပေးနိုင်သည်။ လက်တစ်စုပ်စာ(၁.၅ပေါင် သို့မဟုတ် ၄၂.၅ဂရမ် )တနေ့စားသုံးပါက နှလုံးရောဂါဖြစ်ခြင်းကိုသက်သာစေနိုင်သည်။ လေ့လာချက်များအရ တပါတ်တွင်ရက်တိုင်း ၁.၅ ပေါင်သစ်ကြားသီးစားပါက တစ်လလုံးကိုစားပါက ကိုလက်စထရောပမာဏကို ၅.၄ ရာခိုင်နှုန်းထိလျော့ချနိုင်သည်။ သို့သော် ဆားသကြားမပါသော အခွံမာသီးဖြစ်ရန်လိုအပ်သည်။ ထိုအစေ့များအစားလွန်ပါကလည်း ဝိတ်တက်စေနိုင်သည်။

အသားထက် အပင်ပိုစားခြင်းက ပိုကောင်းစေသည်ဟူသော သက်သေပြချက်များစွာရှိပါသည်။ အသင့်စားအစာ ကိုလက်စထရောများသောအစားများအစား ပြည့်ဝခြင်းနည်းသော ပစ္စည်းများ အရွက်များ အပင်မှထုတ်သောအစားများ (သစ်ကြားသီးအခွံမာသီး အစေ့ နှင့် အိုမီဂါ၃ ဖက်တီးအက်စစ်ပါသောအစာ)များကိုနေ့စဉ်စားအစာတွင်ထည့်စားသင့်သည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement