backup og meta

မျှဝေပါ။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကိုယ်အလေးချိန်ပေါ် သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲကျန်းမာရေးနဲ့အညီ ဝိတ်ချကြမယ်။ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးပါပါတယ်။ ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ နည်းနေတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၃ ချိုး တစ်ချိုးလောက်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာအဝလွန်နေတာတွေကို ခံစားနေရပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းကိုလက်စထရောကို ထိန်းရာရောက်သလို သွေးပေါင်ချိန်သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်အ​လေးချိန်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ၊ ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်တာပါ။

ကိုယ်အလေးချိန်ပေါ် သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ

အစားအစားတွေကို အလွန်အကျွံ စားမယ်။ အဆီများတာတွေကို စားမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုတာ၊ အဝလွန်တာတွေ ဖြစ်လာမှာပါ။ ဒီတော့ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် ကယ်လ်လိုရီ စားသုံးမှုကို လျှော့ဖို့လိုပါမယ်။

  • ကယ်လ်လိုရီ စားသုံးမှုများတာ။
  • အထိုင်များတဲ့ လုပ်ငန်းခွင်ပုံစံ ရှိတာ။
  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ။
  • အဆီများတာတွေ စားတာ။
  • ကယ်လ်လိုရီ ပါဝင်မှု များတာကို စားသုံးတာ။
  • အချိုရည်တွေ သောက်တာ။
  • သစ်သီးတွေ မစားတာ။
  • ဟင်းသီးဟင်းရွက် အစားနည်းတာ
  • အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေ စားတာ။
  • အိပ်ရေးပျက်တာ။

အကြမ်းအားဖြင့်တော့ ကယ်လ်လိုရီ များများစားလေလေ ခန္ဓာကိုယ်က အဆီတက်လေလေပါ။ ဒါ့ပြင် ဟော်မုန်းပြဿနာတွေ၊ မျိုးဗီဇတွေကလည်း မိမိရဲ့ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။

ကျန်းမာရေးနဲ့အညီ ဝိတ်ချကြမယ်။

ဝိတ်ချတာက ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ မဖြစ်စေဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့အညီ ဝိတ်ချတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။
ဝိတ်ချတဲ့အခါ တစ်ပတ်ကို တစ်ပေါင်ကနေ ၂ ပေါင်လောက်ကျအောင် ဖြည်းဖြည်းမှန်မှန် ဝိတ်ချတာက ဝိတ်လည်းကျစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ဝိတ်ချတာက ခပ်မြန်မြန်ကျတိုင်းလည်း  မကောင်းပါဘူး။
ဝိတ်ချတာက တစ်နေ့တည်း တစ်ရက်တည်းနဲ့ ဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဝိတ်ချတာက ကာလရှည်ကြာ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပြီး စိတ်ရှည်ဖို့ လိုပါမယ်။ တစ်ဆင့်ချင်းစီ နေ့စဉ် မှန်မှန် လုပ်ဆောင်ရင်း ဝိတ်ချတာက မှန်ကန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ချနည်းပါ။

နေ့စဉ် မှန်ကန်တဲ့ စားသောက်မှုနဲ့ သင့်တင့်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလို့ ရပါတယ်။ တစ်နေတာမှာ နေထိုင်မှုပုံစံ၊ လုပ်ငန်းခွင် အလေ့အထတွေက ကယ်လ်လိုရီ လောင်ကျွမ်းမှုအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

အထိုင်များသူတွေ၊ အထိုင်များတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေရသူတွေက ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ခက်ပါတယ်။ ဒါကြောင့် အလုပ်က အထိုင်များမယ်ဆိုရင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။

အကြမ်းဖျင်း ခန့်မှန်းချက်အရ အသက် ၃၁ နှစ် ကနေ အသက် ၅၀ အရွယ်သူတွေဟာ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိကြပါတယ်။ သူတို့အနေနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိဖို့ဆိုရင် နေ့စဉ် စားတဲ့ ကယ်လ်ကိုရီပမာဏကို လျှော့ချဖို့ ဒါမှမဟုတ် သုံးတဲ့ ကယ်လ်လိုရီကို မြှင့်ဖို့ လိုပါတယ်။ အကြမ်းအားဖြင့် တစ်ရက်ကို ကယ်လ်လိုရီ ၅၀၀ လောင်ကျွမ်းနိုင်ရင် တစ်ပတ်ကို ၁ပေါင်လောက်ကျပါတယ်။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းချင်တယ်။ အဝလွန်တာ အပါအဝင် ဝတာကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း မခံစားချင်ဘူးဆိုရင် ကယ်လ်လိုရီ စားသုံးမှု လျှော့တာနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုတွေကို များများ လုပ်ပေးဖို့လည်း လိုပါမယ်။ သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်

  • အဆီနည်းတဲ့ အစားအစာတွေကို ရွေးချယ်ပါ
  • ကယ်လ်လိုရီ ပါဝင်မှု နည်းတာကို စားသုံးပါ
  • အချိုရည်တွေ အစား ရေကို များများသောက်ပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ
  • သစ်သီးတွေ စားပါ
  • ဟင်းသီးဟင်းရွက်တွေစားပါ
  • အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေကို ရှောင်ပါ။
  • အထိုင်များတဲ့ နေထိုင်မှုပုံစံကို ပြင်ဆင်ပါ။
  • အစားစားတဲ့အခါ ဖြည်းဖြည်းစားပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ပရိုတင်း များများစားပါ။
  • ကာဗိုဟိုက်ဒရိတ် လျှော့ပါ။

ဒီအချက်တွေကို သေချာ လိုက်နာမယ်ဆိုရင် ကိုယ်အလေးချိန်ကို အထိရောက်ဆုံး ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ဝတာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ရှောင်လွှဲ နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Weight Control https://medlineplus.gov/weightcontrol.html Accessed Date 20 November 2020

Weight Management: State of the Science and Opportunities for Military Programs https://www.ncbi.nlm.nih.gov/books/NBK221839/ Accessed Date 20 November 2020

Losing Weight https://www.cdc.gov/healthyweight/losing_weight/index.html Accessed Date 20 November 2020

ယခုပုံစံ

09/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement