brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ အနံ့မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ငရုတ်ပွ စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေး ထဲကနေ ဖတ်ကြည့်လိုက်ပါ။

ငရုတ်ပွ နဲ့ ကျန်းမာရေး

ငရုတ်ပွမှာပါတဲ့ အာဟာရဓာတ်

အနီရောင်၊ အစိမ်းရောင်။ အဝါရောင်ဆိုပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ အနံ့မွှေးပြီး အသား အိအိလေးနဲ့ စားကောင်းတဲ့ ငရုတ်ပွမှာ

  • ကယ်လ်လိုရီ
  • ရေဓာတ်
  • ပရိုတင်း
  • ကာဗိုဟိုက်ဒရိတ်
  • သကြားဓာတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်တို့ ပါဝင်နေပါတယ်။
  • ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အနေနဲ့ကတော့

    ငရုတ်ပွ နဲ့ ကျန်းမာရေး

    ငရုတ်ပွကို စားသုံးပေးတာက

    မျက်လုံး ကျန်းမာစေတယ်

    ငရုတ်ပွမှာ ဗီတာမင် A ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပျက်စီးတာ၊ အတွင်းတိမ် စတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်

    သွေးအားနည်းရောဂါက လူတော်တော်များများ ရောဂါရှိလို့ ရှိမှန်းတောင် မသိဘဲ ခံစားမိနေတဲ့ ကျန်းမာရေး ပြဿနာပါ။ သံဓာတ် အားနည်းမှုကြောင့် အဖြစ်များပါတယ်။

    ငရုတ်ပွကတော့ သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ငရုတ်ပွမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေလို့ပါ။ ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ငရုတ်ပွက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငရုတ်ပွ စားသုံးပေးတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ လေဖြတ်တာ၊ အမျိုးအစား ၂ ဆီးချို နဲ့ သွေးတိုးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။

    အသားအရေ လှပစေတယ်

    ဗီတာမင် C ပါဝင်တာကြောင့် ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ကော်လာဂျင်က အသားအရေကို ကျန်းမာစေသလို အရေပြား ပြဿနာ အတော်များများကို သက်သာစေနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးသလို ဝမ်းမှန်စေပါတယ်။

    ကဲ…… ငရုတ်ပွလေးက အရောင်လှသလို ကျန်းမာရေးလည်း အကျိုးများတယ်ဟုတ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။