ဒါကြောင့် ပရိုတင်းစားသုံးမှုနည်းလာရင် အချိန်ကြာလာတာနဲ့အမျှ ကြွက်သားများ ကျုံလှီလာနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ပိုမိုအတွေ့ရများပါတယ်။
ပရိုတင်းကို လုံလောက်စွာ မရရင် အရိုးများအားနည်းလာပြီး ကျိုးပဲ့နိုင်ခြေ ပိုများလာပါတယ်။ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ သွေးဆုံးပြီးတဲ့ အမျိုးသမီးအချို့ဟာ ပရိုတင်းကို ပိုမိုစားသုံးရာမှာ ပရိုတင်းဓာတ်စားသုံးမှုနည်းတဲ့ အမျိုးသမီးတွေလောက် အရိုးကျိုးနိုင်ခြေ မမြင့်မားဘူးလို့ သိရပါတယ်။
ကလေးများ ဖွံ့ဖြိုးကြီးထွားမှုနည်းခြင်း
ကလေးများ ကိုယ်ခန္ဓာဖွံဖြိုးကြီးထွားမှုအတွက် ပရိုတင်းဟာ အဓိကနေရာက ပါဝင်ပါတယ်။ ဖွံ့ဖြိုးစအချိန်မှာ ပရိုတင်းကိုလုံလောက်စွာ မရရင် ကိုယ်ခန္ဓာကြီးထွားရာ အဟန့်အတား ဖြစ်စေပါတယ်။ ကမ္ဘာတလွှားမှာ အစာရေစာ ငတ်မွတ်ခေါင်းပါးပြီး အာဟာရဓာတ်ချို့တဲ့တာကြောင့် သန်းနဲ့ချီတဲ့ ကလေးတွေ ဖွံ့ဖြိုးကြီးထွားမှုနည်းပါးတယ်လို့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။