backup og meta

ဝိတ်ချနေတဲ့သူတွေ အုန်းစိမ်းရည်သောက်လို့ရတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ချနေတဲ့သူတွေ အုန်းစိမ်းရည်သောက်လို့ရတယ်နော်

    ဝိတ်ချမယ်ဆို အစားလျှော့ Diet Planတွေ မျိုးစုံလုပ်ကြပါတယ်။ ထမင်းမစားတော့ဘဲ အသီးအရွက်ပဲစားတာမျိုး၊ အသီးဖျော်ရည်တွေသောက်တာမျိုး၊ Detox waterတွေသောက်တာမျိုး စုံလို့ပါပဲ။ အဓိကကတော့ ကယ်လိုရီလျှော့၊ အချိုလျှော့ဖို့ဆိုတော့ ဘယ်နည်းသုံးသုံး အစားကရှောင်ရပြီပေါ့။

    ဒီလို ကိုယ်စားချင်တာတွေအငတ်ခံနေရချိန်မှာ အထောက်အကူပေးနိုင်တဲ့သောက်စရာလေးတစ်ခုရှိတယ်။ အုန်းစိမ်းရည်ပါ။ အမျှင်ဓာတ်ပါဝင်မှုများတော့ ဗိုက်ဆာနေချိန်တောင့်ခံနိုင်အောင် အားဖြည့်ပေးနိုင်တယ်၊ ကယ်လိုရီနဲ့အဆီနည်းတော့ အဆင်လည်းပြေတယ်။ တစ်နေ့ နှစ်ခွက်သုံးခွက်သောက်လို့ရတယ်။ တစ်ခုပဲသတိထားရမှာက သူ့မှာ ပိုတက်စီယမ်နဲ့ သကြားဓာတ်ပါဝင်မှုလည်း မနည်းတဲ့အချက်ပါ။ ဒီနှစ်မျိုးက လွန်ကဲသွားရင်ဘေးဖြစ်စေနိုင်လို့ အလွန်အကျွံတော့ လှိမ့်မသောက်ပါနဲ့။

    အုန်းစိမ်းရည်က ဘယ်လိုအထောက်အကူပြုလဲ

    (၁) ကယ်လိုရီနည်းတယ်

    ဝိတ်ချနေတဲ့အချိန်မှာ ကျန်းမာရေးနဲ့ညီတဲ့ သရေစာနဲ့သောက်စရာကိုရွေးချယ်တာက အရေးကြီးပါတယ်။ အုန်းစိမ်းရည်က ကယ်လိုရီများများမတက်စေဘဲ လိုအပ်တဲ့အာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အုန်းစိမ်းရည်တစ်ခွက်မှာ ၄၄ ကနေ ၄၆ ကယ်လိုရီလောက်ရှိပါတယ်။ ၁၁၇ ကယ်လိုရီလောက်ရှိနိုင်တဲ့ လိမ္မော်ရည်တစ်ခွက်နဲ့ယှဉ်ရင် အုန်းစိမ်းက ကယ်လိုရီအတော်လျှော့ဖို့ကူညီနိုင်တာပေါ့။ သဘာဝအသီးအနှံတွေနဲ့ ဝိတ်ချနည်းသုံးမယ်ဆိုရင်တော့ ပိုအကျမြန်စေမယ့် အုန်းစိမ်းကိုမမေ့ပါနဲ့။

    (၂) အမျှင်ဓာတ်ကြောင့် အဆာခံတယ်

    အမျှင်ဓာတ်က အဆာခံတယ်ဆိုတာ သိထားပြီးသားပါ။ လတ်လတ်ဆတ်ဆတ်ခွဲထုတ်လိုက်တဲ့ အုန်းစိမ်းရည်တစ်ခွက်မှာ အမျှင်ဓာတ် ၂.၆ ဂရမ်လောက်ပါဝင်ပါတယ်။ သူ့ကိုသောက်ပြီး အစားသိပ်မစားတော့တာ အမျှင်ဓာတ်ကြောင့်ပါ။ အသင့်သောက်ဖို့ထုတ်လုပ်ထားတဲ့ ရယ်ဒီမိတ်တွေမှာတော့ ဒီအာနိသင်မရနိုင်ပါဘူး။

    (၃) အဆီနည်းတယ်

    အုန်းသီးအရင့်နဲ့မတူဘဲ အုန်းစိမ်းမှာ အဆီပါဝင်မှုနည်းပါတယ်။ အုန်းစိမ်းရည်တစ်ခွက်မှာ အဆီဓာတ်က ဝ.၄၈ ဂရမ်ပဲ ပါပါတယ်။ ဒါ့ကြောင့် အုန်းသီးရဲ့အဆီနဲ့ ကယ်လိုရီကိုစိတ်ပူနေသူတွေအနေနဲ့ စိတ်ချလက်ချသောက်လို့ရပါတယ်။

    (၄) ရေဓာတ်ဖြည့်အချိုရည်တွေထက် ပိုသင့်တော်တယ်

    လေ့ကျင့်ခန်းတွေလုပ်ပြီး အဆီကျကျစ်လျစ်ဖို့ ကြိုးစားချိန်မှာရေကိုပဲအဓိကထားသောက်တာကောင်းပါတယ်။ ဒါပေမယ့် လိုအပ်လာတဲ့အခါရေဓာတ်ဖြည့်အချိုရည်တွေ၊ ဓာတ်ဆားဖြည့်အချိုရည်တွေအားကိုးကြပါတယ်။ မူးမှာလဲမှာ စိုးတာကိုး။ ဒီအချိန်မှာ အဲဒီအချိုရည်တွေအစား အုန်းစိမ်းရည်ကို အစားထိုးလို့ရပါတယ်။ အုန်းစိမ်းကရေဓာတ်အမြန်ဖြည့်တင်းပေးနိုင်ပြီး ဆုံးရှုံးထားတဲ့ဓာတ်ဆားဓာတ်ကိုပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။

    ဒါပေမယ့် –

    အုန်းစိမ်းရည်ကကောင်းကျိုးတွေအများကြီးရှိတာမှန်ပေမယ့် မမေ့သင့်တာတစ်ခုက သူဟာ ကာဗိုဟိုက်ဒရိတ်လုံးဝကင်းစင်၊ သကြားဓာတ်လုံးဝမပါတာမျိုးမဟုတ်ဘူးဆိုတာပါပဲ။ တခြားသောက်စရာတွေထက် ကယ်လိုရီ၊သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေနည်းပေမယ့် အချိန်တိုင်း အလွန်အကျွံမသောက်ဖို့တော့ သတိပေးချင်ပါတယ်။သောက်ပါ သို့သော် ချင့်ချိန်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement