ငယ်ငယ်က ကိုယ်တွေကိုဖေဖေမေမေတို့ကကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်။ အာဟာရပြည့်အောင်ကျွေးမွေးခဲ့ကြသလို ကျန်းကျန်းမာမာကြီးပြင်းလာအောင်လည်း အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ကြပါတယ်။ အရွယ်ရောက်လာပြီဆိုတော့ တစ်ပြန်တစ်လှည့်ကိုယ်တွေကစောင့်ရှောက်ရတော့မပေါ့။ ဒီလိုစောင့်ရှောက်ပေးတဲ့နေရာမှာဖေဖေမေမေတို့ အင်အားပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက်ဘာတွေကျွေးရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံးအဖြေထုတ်ပေးနိုင်မှာပါ။
ဖေဖေမေမေတို့ကျန်းမာစေဖို့ ဘာတွေကျွေးမလဲ
အာဟာရဓါတ်ကို အရွယ် သုံးပါးစလုံး လိုအပ်တယ်ဆိုပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့က လှုပ်ရှားသွက်လက်ဆဲဖြစ်တဲ့ ကိုယ်တွေထက်တော့ ပိုမိုလိုအပ်မှာ အမှန်ပါ။ဖေဖေမေမေတို့ကျန်းမာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒါတွေကို ပါဝင်အောင်ပြင်ဆင်ပေးသင့်ပါတယ်။
အရွယ်မရွေးစားသုံးပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။ အစိမ်းစားလို့ရသလို ချက်စားလို့လည်းရပါတယ်။ ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရိုးတွေကိုသန်မာစေပြီးသွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ထောပတ်သီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့်ဖေဖေမေမေတို့ကို နာကျင်ရောင်ရမ်းမှုကျစေနိုင်ပြီးသွေးတိုးရောဂါ၊သွေးတွင်းကိုလက်စထရောများတာနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ အရွယ်တင်နုပျိုစေဖို့အတွက်လည်းထောပတ်သီးက အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။
စတော်ဘယ်ရီသီးက အရွယ်တင်နုပျိုစေနိုင်သလို ဗီတာမင် C နဲ့ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့်oxidative stressတွေကြောင့် ခန္ဓါကိုယ်မှာထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပြီးသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။
ကညွတ်မှာ ဆီးကျိတ်တွေကိုကျန်းမာစေပြီး ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တဲ့lycopene ကြွယ်ဝစွာပါဝင်နေပါတယ်။ ကညွတ်မှာ ဗီတာမင် A နဲ့ အမျှင်ဓါတ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့်ကိုယ်ခံအားကောင်းစေသလို အမြင်အာရုံ ကောင်းစေပြီးသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ရုတ်တရက်နှလုံးရပ်တာ၊သွေးကြောတွေပိတ်ဆို့တာမျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။လေ့လာချက်တွေအရလည်း အနက်ရောင်ချောကလက်ကို စားသုံးပေးတာကသွေးတိုးကျစေနိုင်ပြီးလေဖြတ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်၊လို့ သိရပါတယ်။
လူတော်တော်များများက အဆီဆိုရင် ကျန်းမာရေးအတွက် မကောင်းတဲ့အရာလို့ တထစ်ချယုံကြည်ထားတတ်ကြပါတယ်။ တကယ်တော့ သံလွင်ဆီစစ်စစ်က ခန္ဓါကိုယ်ကိုအကျိုးပြုပါတယ်။ သံလွင်ဆီစားသုံးပေးတာက နှလုံးကျန်းမာစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရတာ၊ ရုတ်တရက် နှလုံးရပ်တာ၊လေဖြတ်တာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ သွေးခဲတာမျိုးမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။
ဒါတွေအပြင် အသက်အရွယ်ရလာတဲ့ဖေဖေမေမေတို့ရဲ့နေ့စဉ်စားသုံးမှုတွေထဲမှာ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဆယ်လ်မွန်ငါး၊ ချယ်ရီသီး၊ ဘယ်ရီသီး၊ အစေ့အဆန်၊ အခွံမာသီး စတာတွေကိုပါထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။
ကဲ…ဖေဖေမေမေတို့ကို အာဟာရမျှတအောင်ပြင်ဆင်ပေးလို့ ကျန်းမာပျော်ရွှင်စွာနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ဖို့ ကူညီလိုက်ရအောင်လား…….
[embed-health-tool-bmi]