backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pilonidal cyst (မြီးညှောင့်ရိုးပြည်တည်နာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pilonidal cyst (မြီးညှောင့်ရိုးပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ ဘာလဲ

မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ တင်ပါးဆုံးနှစ်ခုကြားထိပ်မှာ ပြည်တည်နာပေါ်လာတတ်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။ အမျိုးသားတွေမှာအဖြစ်များပြီး လူငယ်တွေမှာပိုဖြစ်လေ့ရှိပါတယ်။ အငှားယာဉ်မောင်းများကဲ့သို့ အထိုင်များသောပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်ချေများတတ်ပါတယ်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ

သိသာထင်ရှားလွန်းတဲ့ လက္ခဏာတွေမရှိတာကြောင့် လစ်လျှူရှုထားတတ်မိကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ထိုနေရာတစ်ဝိုက်မှာ ရောင်ရမ်းပြီးရောဂါပိုးဝင်တာမျိုးဖြစ်တတ်ကြတယ်။ အနာအရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး လမ်းလျှောက်တဲ့အခါ ထိုင်တဲ့အခါတွေမှာ နာတတ်ပါတယ်။ မြီးညှောင့်ရိုးပြည်တည်နာ ဆိုရင်တော့ အမွှေးအမျှင်တွေ၊ ဆဲလ်အကြွင်းအကျန် အညစ်အကြေးတွေ ရှိနေတတ်တယ်။ ရောဂါပိုးဝင်သွားပါက အနာတဝိုက်နီရဲရောင်ရမ်းနေနိုင်ပြီး ပြည်၊ သွေးများထွက်ခြင်း၊ အနံ့ဆိုးခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ပိုးဝင်သွားပါကဖျားခြင်း၊ ပျို့ခြင်း၊ နေရထိုင်ရမကောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

ထိုရောဂါအခြေအနေနဲ့ ကြုံရသောလူတွေရဲ့တစ်ဝက်ခန့်မှာ နာတာရှည် ရောဂါရှိသွားနိုင်ပါတယ်။ ဒါပေမယ့် ထို ရောဂါခဏခဏဖြစ်နေခြင်းဟာ ရုတ်တရတ်ဖြစ်သော အခြေအနေထက်သက်သာပြီး အနာလည်းလျော့သွားပါတယ်၊ ပြည်များပေါက်သွားတာကြောင့် ဒဏ်ပိုနည်းသွားခြင်းဖြစ်တယ်၊ ထိုနာတာရှည်ဖြစ်နေခြင်းဟာ မခွဲစိတ်မချင်းတော့ တာရှည်နေဦးမှာဖြစ်တယ်။

မြီးညှောင့်ရိုးပြည်တည်နာ ရှားပါးသောဖြစ်စဉ်တချို့ဟာဆိုရင် ဖြစ်နေကျ မြီးညောင့်ရိုးနားတဝိုက်မဟုတ်ဘဲ တခြားနေရာမှာသွားပေါ်တတ်ပါတယ်။ ဥပမာဆိုရသော် ဆံသဆရာတွေ၊ ခွေးကျောင်းဆရာတွေ၊ သိုးမွှေးရိတ်သူတွေမှာ လက်ချောင်းတွေကြားထဲမှ အရေပြားမှာ ဖြစ်ပေါ်တတ်ပါတယ်။

အကြောင်းအရင်း

တိကျတဲ့အကြောင်းအရင်းတော့မတွေ့သေးပါဘူး၊ ဒါပေမယ့် တတ်သိနားလည်သူတွေကတော့ ဟော်မုန်းပြောင်းလဲမှုကြောင့်၊ အထိုင်များသောကြောင့် ထိတွေ့ပွတ်တိုက်မှုများမှုကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

တခါတရံ တင်ပါးဆုံနှစ်ခုကြားမှာ အမွှေးကြမ်းများရှိနေတဲ့အခါ အထိုင်များသောအခါ ထိတွေ့ပွတ်တိုက်မှုက ထိုအမွှေးများကိုအရေပြားထဲ ပြန်သွင်းလိုက်သလိုဖြစ်ပြီး၊ ကိုယ်ခံအားစနစ်မှ ထိုအမွှေးအမျှင်များကို အန္တရာယ်ဖြစ်စေသောအရာများဟု အထင်မှားရာမှ အနာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နဂိုထိခိုက်ပြီးသား အမွှေးအမျှင်အိတ်များရှိပါက ထိုကဲ့သိုဖြစ်လာဖို့ပိုလွယ်ပါတယ်။

တင်ပါးဆုံးနေရာကိုအသုံးများသော ကိုယ်လက်လှုပ်ရှားမှုမျိုး၊ အပူ၊ ချွေးထွက်များခြင်းတို့ဟာ အမွှေးအမျှင်အိမ်များကို ဆွဲဆန့်သလိုဖြစ်ပြီး ထိခိုက်စေတာကြောင့် ပြည်တည်နာများဖြစ်လာနိုင်ပါတယ်။

တချို့သော မြီးညှောင့်ရိုးပြည်တည်နာ ရောဂါတွေကတော့မွေးရာပါဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement