backup og meta

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ

မအီမသာဖြစ်ခြင်းက ကင်ဆာနဲ့ တိုက်ပွဲ ဝင်နေရသူတွေ၊ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ ကုသနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကင်ဆာ ကိုယ်တိုင်ကြောင့်လည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးတွေကို အသုံးပြုပြီး မအီမသာဖြစ်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်သလို သဘာဝ နည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကဲ ….. ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ ကတော့

ဂျင်း

ဂျင်းက မအီမသာဖြစ်ခြင်းကို သက်သာအောင် လုပ်ရာမှာ ပထမအဆင့်ဝင် ဆိုတာ အံ့သြစရာ မရှိပါဘူး။ ဂျင်းက ဗိုက်ထဲမှာ အစာခြေရည် မျိုးစုံ၊ အင်ဇိုင်းမျိုးစုံကို စစ်ထုတ်အောင် လှုံ့ဆော်ပေးပြီး အစာအိမ်အက်ဆစ်ကို ဓါတ်ပြုစေပါတယ်။ ဂျင်းမှာပါတဲ့ phenols တွေက အစာအိမ် တစ်သျှူးတွေ ထကြွမှုကို သက်သာစေတဲ့ ငြိမ်ဆေးလို့ပြောလို့ရပါတယ်။

ဒီ phenols တွေက အစာခြေမှုကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ထဲက အဆိပ်တွေကိုလည်း မြန်မြန်စွန့်တတ်စေတဲ့အတွက် သင့်ကို နေလို့ကောင်းစေပါတယ်။ သင့်အနေနဲ့ ဂျင်းကို ဘယ်လိုပုံစံဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဆေးလုံးနဲ့ပဲ ဖြစ်ဖြစ်၊ အစိမ်းအတိုင်းပဲ ဖြစ်ဖြစ်၊ အစားအစာတွေမှာ ဟင်းခတ်မှုန့် အဖြစ်ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်း လက်ဖက်ရည် သောက်ခြင်း၊ ဂျင်းသကြားလုံး စားခြင်းတို့ကလည်း မအီမသာဖြစ်မှုကို သက်သာစေပါမယ်။

Acupressure (နှိပ်နယ်ခြင်း တစ်မျိုး)

Acupressure က ရိုးရာဆေးပညာ နည်းလမ်းတစ်မျိုး ဖြစ်ပြီး လူ့ကိုယ်ရဲ့ နေရာတချို့ကို နှိပ်နယ်ပေးတဲ့ ပညာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ရောဂါလက္ခဏာ တော်တော်များများကို သက်သာစေပြီး မအီမသာ ဖြစ်ခြင်းလည်း ပါဝင်ပါတယ်။ လေ့လာမှုတွေအရာ သင့်ကိုယ်က ဖိအားနေရာတွေကို ဖိနှိပ်ပေးခြင်းက neurotransmitters တွေကို ထုတ်လွှတ်ပေးမှာပါ။ သူတို့က ဘေးဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို ပိတ်ဆို့ပေးတဲ့ serotonin ဒါမှမဟုတ် endorphins တွေပဲ ဖြစ်ပါတယ်။

အစားအသောက်

အစားအသောက် ကျွမ်းကျင်သူတွေက သင့်အနေနဲ့ အစားအစာတွေကို နည်းနည်းချင်း ခွဲပြီး အကြိမ်များများ စားခြင်းက အစာအိမ် အလုပ်လုပ်တာ ပိုကောင်းစေသလို မအီမသာ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာက မအီမသာ ဖြစ်စေပါတယ်။ တံတွေးနဲ့ အစာအိမ်ရည်တွေ ထုတ်လုပ်မှု တိုးစေတဲ့ တချို့ အဆာပြေ အစားအစာတွေ၊ ဥပမာ – သကြားလုံး၊ ရှောက်ရည် ပါဝင်တဲ့ အစက်ချဆေးတွေက မအီမသာ ဖြစ်ခြင်းကို သက်သာစေပါတယ်။

ပူစီနံ (Peppermint)

ပူစီနံ (Peppermint) က မအီမသာဖြစ်ခြင်းကို ကုသဖို့ ဟိုးအရင်အချိန်တွေတုန်းက အသုံးပြုခဲ့တဲ့ ရိုးရာဆေးနည်းပါ။ ပူစီနံအရွက်နဲ့ အဆီတွေက အစာမကြေခြင်းနဲ့ ဗိုက်ပွခြင်းကို ကုသပေးပါတယ်။ သူက အစာတွေကို အစာအိမ်ဆီ မြန်မြန်ရောက်အောင် ပို့ပေးပြီး သင့် အစာအိမ်ကို ပြေလျော့စေပါတယ်။

ပူစီနံကို ဆေးလုံး၊ အဆီ ကြိုက်တဲ့ပုံစံနဲ့ သုံးနိုင်ပါတယ်။ ပူစီနံက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် လူအများစုနဲ့ တည့်ပါတယ်။ တကယ်လို့ သင့်မှာ gastroesophageal reflux disease (GERD) ရှိနေရင်တော့ သင် peppermint မသုံးသင့်ပါဘူး။

ကိုယ်လက်လှုပ်ရှားမှု အနေအထားများ

ခေါင်းမူးခြင်းနဲ့ မိုက်ခနဲဖြစ်ခြင်းက မအီမသာ ဖြစ်စေပါတယ်။ ဒါတွေက သွေးလည်ပတ်မှု ကြောင့်ပါ။ တချို့ အနေအထားတွေက မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အကြောင်းက သွေးကို လိုအပ်တဲ့နေရာဆီ ရောက်အောင် ပို့ပေးနိုင်လို့ပါ။ တစ်ချိန်တည်းမှာပဲ သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ထိန်းညှိပေးပါတယ်။

အောက်မှာက သင့်အတွက် အကြံပေးချက်လေးတွေပါ။

  • ညအိပ်တဲ့အခါ မှောင်မိုက်ပြီး တိတ်ဆိတ်တဲ့ အခန်း ရှိတာ ကောင်းပါတယ်။ ခေါင်းအုံး မပါဘဲ သင့်ခေါင်းကို တစ်ဖြောင့်တည်း ထားအိပ်ကြည့်ပါ။ အသက်ပုံ မှန်ရှူပါ။
  • နံရံကိုကျောမှီ ထိုင်ပြီး ဒူးထောင်ထားပါ။ ခေါင်းကို ဒူးကြားညှပ်ပြီး အသက်ရှူပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Natural Remedies for Nausea. http://www.everydayhealth.com/digestive-health/four-natural-remedies-for-nausea.aspx. Accessed December 10, 2016.

Soothing Remedies for Nausea & Morning Sickness. http://everydayroots.com/nausea-remedies. Accessed December 10, 2016.

Using natural remedies to treat cancer patients with nausea. http://www.cancercenter.com/discussions/blog/using-natural-remedies-to-treat-cancer-patients-with-nausea/

ယခုပုံစံ

30/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement