Relapsing polychondritis ဆိုတာက ရှားပါတဲ့အခြေအနေတစ်ခုဖြစ်ပြီး အရိုးနုတွေ၊ ခန္ဓါကိုယ်ရဲ့တခြားတစ်ရှူးတွေရောင်ရမ်းတာနဲ့ သတ်မှတ်ပါတယ်။ အရိုးနုဆိုတာက အဆစ်တွေမှာရှိတဲ့ အရိုးအဆုံးကို ဖုံးထားတဲ့ ကွေးနိုင်ဆန့်နိုင်တစ်ရှူးဖြစ်ပါတယ်။ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို ပုံပေါ်အောင်လုပ်ပေးသလို အထောက်အပံ့လည်းပေးပါတယ်။ နားမှာဖြစ်တာက အဖြစ်အများဆုံးလက္ခဏာဆိုပေမယ့် တခြားနေရာတွေဖြစ်တဲ့ နံရိုးနု၊ မျက်လုံး၊ နှာခေါင်း၊ လေပြွန်၊ နှလုံး၊ သွေးပြန်ကြော၊ အရေပြား၊ အဆစ်၊ ကျောက်ကပ်နဲ့ အာရုံစနစ်တွေတွေကိုပါ ထိခိုက်စေပါတယ်။
Relapsing polychondritis က အမျိုးသား အမျိုးသမီး ဖြစ်ပွားနှုန်းအတူတူပါပဲ။ လက္ခဏာတွေက များသောအားဖြင့် အသက် ၄၀ နဲ့ ၆၀ ကြားမှာ စပေါ်ပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
ဒီရောဂါက နားနဲ့ အဆစ်တွေမှာရှိတဲ့ အရိုးနုတွေကို အထိအများဆုံးဖြစ်ပါတယ်။ နှခေါင်း၊ နံရိုး၊ ကျောရိုးနဲ့ လေပြွန်တွေမှာလည်း ပေါ်လာနိုင်တယ်။ အရိုးနုနဲ့တူတဲ့ တစ်ရှူးတွေရှိတဲ့နေရာ ဥ့ပမာ မျက်လုံး၊ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ နံရိုး၊ သွေးကြောတွေနဲ့ အာရုံကြောစနစ်တွေကိုလည်း ထိခိုက်နိုင်တယ်။
Relapsing polychondritis ရဲ့အဖြစ်များတဲ့ လက္ခဏာတွေကတော့
ရောဂါဖြစ်တဲ့နေရာပေါ်မူတည်ပြီး နှလုံးအစို့ရှင်နဲ့ ကျောက်ကပ်တစ်ရှူးတွေမှာ ပြဿနာပေါ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နားအတွင်းပိုင်းကိုထိတယ်ဆိုရင် ဗိုက်နာသလိုလိုဖြစ်လာပြီး အကြားအာရုံနဲ့ ကိုယ်ဟန်ထိန်းတဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်။
ရောဂါက လေပြွန်ကိုရောက်သွားပြီးဆိုရင် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ရင်ညွှန့်ရိုးနဲ့ နံရိုးတွေမှာလည်း နာကျင်တတ်ပါတယ်။
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ဆရာဝန်တွေ ရှာမတွေ့သေးပါဘူး။ တစ်ချို့ကတော့ ရောဂါဖြစ်စေတဲ့ ဗီဇပါလာတာလို့ တွေးနေကြပေမယ့် ဒီရောဂါက မျိုးရိုးလိုက်တာကိုလည်း မတွေ့ရသေးပါဘူး။
Relapsing polychondritis ကို ကိုယ်ခံအားကနေ ပြန်တိုက်တဲ့ရောဂါလို့ ယူဆရပါတယ်။ ဆိုလိုတာက ကိုယ်ခံအားစနစ်က မှားယွင်းပြီး ကျန်းမာတဲ့တစ်ရှူးတွေကို တိုက်ခိုက်တာပါ။
သုတေသီတွေကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ လှုံ့စော်ချက်တစ်ခုခု၊ ဖိစီးမှုတစ်ခုခုကနေ ဖြစ်လာတာလို့ တွေးကြတယ်။ ထပ်မံသိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
Relapsing polychondritis အတွက် တိတိကျကျ အဖြေထုတ်ပေးမယ့် စစ်ဆေးမှုမျိုး မရှိပါဘူး ဒါကြောင့် ရောဂါအတည်ပြုဖို့က ဝိသေသလက္ခဏာတွေအပေါ် အခြေခံရပါတယ်။ ဥပမာ အောက်ပါအချက်ထဲက သုံးချက်နဲ့အထက်ရှိသူတွေကို RP လို့ အတည်ပြုကြပါတယ်။
တစ်ချို့ဖြစ်ရပ်တွေမှာတော့ ဖြစ်နေတဲ့တစ်ရှူးကနေ အသားစနမူနာယူစစ်တာက အတည်ပြုဖို့ အထောက်အကူရစေပါတယ်။
Relapsing polychondritis (RP) ရှိတဲ့လူတွေအတွက် ကုသရတဲ့ရည်မှန်းချက်ကတော့ လက်ရှိလက္ခဏာတွေကို သက်သာစေဖို့တဲ့ ထိနေတဲ့အရိုးနုတွေ ပုံမပျက်စေဖို့ပါပဲ။ RP အတွက် အဓိကကုထုံးက ကော်တီကိုစတီးရွိုက်ဖြစ်တဲ့ Prednisone နဲ့ ရောဂါပြင်းနှုန်း၊ ခဏခဏဖြစ်နှုန်း၊ ပြန်ဖြစ်လာတဲ့အချိန်ကျအောင် လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ရောဂါထတဲ့အချိန်မှာတော့ ဆေးပမာဏ အများကြီးကိုပေးပြီး ငြိမ်နေတဲ့အချိန်မှာ ဆေးပမာဏ နည်းနည်းလေးပဲ ပေးရပါတယ်။ လက္ခဏာတွေကို ထိန်းပေးနိုင်တယ်လို့တင်ပြကြတဲ့ တခြားဆေးတွေကတော့ dapsone, colchicine, azathioprine, methotrexate, cyclophosphamide, hydroxychloroquine, cyclosporine နဲ့ infliximab တို့ဖြစ်ပါတယ်။
နှလုံးနဲ့ အသက်ရှုူလမ်းကြောင်းပြဿနာတွေ ပြင်းထန်တဲ့သူတွေမှာတော့ ခွဲစိတ်ဖို့လိုကောင်း လိုနိုင်ပါတယ်။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။