backup og meta

Microscopic Colitis (ဝမ်းစစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Microscopic Colitis (ဝမ်းစစ်ခြင်း) ကဘာလဲ။

ဝမ်းစစ်ခြင်း ဆိုတာ အစာချေလမ်းကြောင်းမှာ ဖြစ်နေတဲ့ တချို့သော အခြေအနေတွေကို ရှာဖွေနိုင်ရန် မစင်နမူနာတစ်ခု အပေါ်ပြုလုပ်တဲ့ စမ်းသပ်ချက်တွေကို ဆိုလိုတာပါ။ ဒီအခြေအနေတွေမှာ ကူးစက်ရောဂါတွေ (ကပ်ပါးပိုး၊ ဗိုင်းရပ်စ် ၊ ဘက်တီးရီးယား)၊ အာဟာရစုပ်ယူမှု အားနည်းခြင်း (သို့) ကင်ဆာတို့ ပါဝင်နိုင်ပါတယ်။

ဝမ်းစစ်ခြင်း လုပ်ဖို့ မစင်နမူနာတစ်ခုကို ဘူးအသန့်တစ်ခုထဲ ထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရပါတယ်။ ဓါတ်ခွဲခန်းမှာ မိုက်ခရိုစကုပ်ဖြင့် ကြည့်ခြင်း၊ ဓါတုစမ်းသပ်မှုတွေ၊ နှင့် အဏုဇီ၀ စစ်ဆေးခြင်း တွေ ပြုလုပ်ပါလိမ့်မယ်။

မစင် ရဲ့ အရောင်၊ သိပ်သည်းမှု၊ အရေအတွက်၊ ပုံပန်းသဏ္ဍာန်၊ အနံ့ နှင့် ချွဲပါမပါ ကြည့်ရပါမယ်။ မစင် အတွင်း သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည်၊ သွေးဖြူဥ၊ နှင့် သကြားဓါတ်တွေ ရှိမရှိ စစ်ဆေးရပါမယ်။ မစင် ရဲ့ pH အမှတ်ကိုလည်း တိုင်းတာရပါမယ်။ မစင်မှာ ပိုးမွေးခြင်းဖြင့် ဘတ်တီးရီးယားပိုးကြောင့် ရောဂါဖြစ်နေလားဆိုတာသိနိုင်ပါတယ်။

Microscopic Colitis (ဝမ်းစစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဝမ်းစစ်ခြင်းဖြင့် အောက်ပါအချက်များကိုသိနိုင်ပါသည်း

  • အစာချေလမ်းကြောင်း၊ အသည်း နဲ့ ပန်ကရိယမှာ ဖြစ်တဲ့ ရောဂါတွေကို သိနိုင်သည်။ အချို့အင်ဇိုင်းများ (Trypsin ၊ elastase ကဲ့သို့အင်ဇိုင်းများ) ဝမ်းထဲတွင် စစ်ဆေးခြင်းဖြင့် ပန်ကရိယ အလုပ်ကောင်းကောင်းလုပ်နေမနေ သိနိုင်သည်။
  • နာတာရှည်ဝမ်းလျှော၊ သွေးဝမ်းသွား၊ ဂတ်စ်များနေ၊ ပျို့အန်၊အစားအသောက်ပျက်၊ လေပွ၊ဗိုက်နာ၊ဗိုက်ရစ်၊အဖျားတက်ခြင်းစသည့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ၏အကြောင်းရင်းကို သိနိုင်သည်။
  • ဝမ်းတွင်းမျက်စိနဲ့မမြင်ရ မိုက်ခရိုစကုပ်နဲ့ကြည့်မှတွေ့ရသော သွေး ပါမပါ စစ်ဆေးခြင်းအားဖြင့် အူမကြီးကင်ဆာရှိမရှိ သိနိုင်သည်။
  • Pinworm၊ Giardia ကဲ့သို့သော ကပ်ပါးပိုးများကိုလည်း ရှာနိုင်သည်။
  • ဘတ်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်ကဲ့သို့သော ကူးစက်ရောဂါပိုးများကိုလည်းရှာနိုင်ပါသည်။
  • အစာချေလမ်းကြောင်းမှ အာဟာရစုပ်ယူမှုအားနည်းခြင်း ရောဂါကိုလည်းစစ်ဆေးသိရှိနိုင်သည်။ ဒီစစ်ဆေးမှုအတွက် ဝမ်းကို ၇၂ နာရီ ကြာယူပြီး အဆီ(တစ်ခါတစ်ရံ အသားအမျှင်ဓါတ်) ကိုစစ်ဆေးသည်။ ဒီနည်းကို ၇၂နာရီ ကြာဝမ်းခံပြီးစစ်ခြင်း (သို့) ဝမ်းတွင်းအဆီပမာဏကို စစ်ခြင်းလို့ခေါ်ပါတယ်။

လက္ခဏာများ

Microscopic Colitis (ဝမ်းစစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝမ်းပိုးမွေးခြင်း ဆိုတာက ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို သို့ ကပ်ပါးလားဆိုတာ သိနိုင်အောင် ပိုးမွေးစစ်ဆေးခြင်းဖြစ်ပါတယ်။

ဝမ်းတွင်း Trypsin နဲ့elastase ကိုတိုင်းတာခြင်းသည် cystic fibrosis ကိုစစ်ဖို့ချွေးတွင်း ဆားဓါတ်များတိုင်းတာတာလောက် စိတ်ချယုံကြည်ရမှုမရှိပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဆေးတော်တော်များများ ဟာ ဝမ်းစစ်ခြင်း ရဲ့ အဖြေတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သင်ဟာ ကိုယ်စစ်ဆေးမဲ့ ဝမ်းစစ်ခြင်း အမျိုးအစားပေါ်မူတည်ပြီး တစ်ချို့ဆေးဝါးတွေကို ရှောင်သင့်ပါတယ်။

အစာအိမ်ဆေး၊ဝမ်းလျှောခြင်းအတွက် သောက်သောဆေး၊ ကပ်ပါးပိုးသေဆေး၊ ပဋ္ဋိဇီဝဆေး၊ ဝမ်းပျော့ဆေး၊ အရောင်ကျဆေး (NSAIDs) ကဲ့သို့သော ဆေးတွေကို ဝမ်းမစစ်ခင် တစ်ပတ်၊ နှစ်ပတ်လောက် ရှောင်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားသောဆေးဖြစ်စေ၊ သင့်ဘာသာသောက်နေသောဆေးဖြစ်စေ သုံးနေသောဆေးအားလုံးကို ဆရာဝန်ကိုပြောပြပါ။

အောက်ပါ အကြောင်းအရာတွေ ရှိလျှင်လည်း ဆရာဝန်ကို ပြောပြပါ။

  • Barium enema သို့ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းကြည့်ရန်အတွက် barium swallow စသည့် barium contrast material အသုံးပြုရတဲ့ ဓါတ်မှန်များ လက်တစ်လောတွင် ရိုက်ထားလျှင် barium ဟာ အဖြေတွေကို ကမောက်ကမ ဖြစ်စေပါတယ်။
  • လက်တလော ခရီးသွားထားခြင်းရှိလျှင် အထူးသဖြင့် နိုင်ငံပြင်ပထွက်ထားသည် ဆိုလျှင် ဆရာဝန်က ရောဂါအဖြေ ရှာရာမှာ ကပ်ပါး မှို၊ ဗိုင်းရပ်စ် သို့ ဘက်တီးရီးယားကြောင့် ဖြစ်တာလားဆိုတာကို ထည့်သွင်းစဉ်းစားရှာဖွေပါလိမ့်မယ်။

အကယ်လို့ ဝမ်းမှာ သွေးပါမှုကို စစ်ဆေးတဲ့ စမ်းသပ်မှုဆိုလျှင် တစ်ချို့အစားအစာတွေကို စမ်းသပ်မှုမပြုခင် ၂ ရက်၊ ၃ ရက်လောက် ရှောင်သင့်ပါတယ်။ သင်ဘယ်လို ဝမ်းစစ်ခြင်းမျိုးလုပ်တာလဲဆိုတာ မူတည်ပါတယ်။ ပြီးတော့ သင်မှာ မီးယပ်သွေးပေါ်နေမယ် သို့ သင့်ရဲ့ လိပ်ခေါင်းမှာ သွေးထွက်နေမယ်ဆိုလျှင် စမ်းသပ်မှု မပြုလုပ်ပါနဲ့။ ဘယ်လိုပြင်ဆင်ထားရမလဲ သေချာမသိရင် ဆရာဝန်ကို သာမေးပါ။

အကြောင်းရင်းများ

Microscopic Colitis (ဝမ်းစစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မစင်နမူနာတစ်ခုတော့ လိုပါမယ်။

မစင်နမူနာ ယူရန် နည်းလမ်းများစွာ ရှိပါသည်။ ၎င်းတို့မှာ

  • ပလတ်စတစ်အကာတစ်ခုကို ယူပြီး အိမ်သာကျင်းဝမှာ သေချာထိန်းပြီး ခံထားခြင်းဖြင့် မစင်ကို ရယူနိုင်ပါတယ်။ ပြီးနောက် ရလာတဲ့ နမူနာကို သန့်စင်ထားသော ဘူးထဲတွင်ထည့်ပါ။
  • နမူနာရယူနိုင်ရန် အထူးပြုလုပ်ထားတဲ့ အိမ်သာစက္ကူအမျိုးအစားပါရှိသည့် စမ်းသပ်ရေးကိရိယာလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ နမူနာ ယူပြီးရင်တော့ သန့်စင်ထားသော ဘူးထဲတွင်ထည့်ပါ။

နမူနာ ယူရာမှာ ဆီး၊ ရေ သို့ အိမ်သာစက္ကူတွေနဲ့ မရောပါစေနဲ့

သေးခံ ဝတ်တဲ့ ကလေးတွေအတွက်ဆိုရင်တော့

  • သေးခံပေါ် မှာ ပလတ်စတစ်စ ခံထားပါ။
  • ပိုမို ကောင်းမွန်တဲ့ နမူနာရရှိဖို့ ဆီးနဲ့ ဝမ်းမရောအောင် ပလတ်စတစ်ကို သေချာခံထားပါ။

Risk factors

မစင်နမူနာရပြီးရင် ဘာတွေလုပ်သင့်လဲ

နမူနာကို ဓါတ်ခွဲခန်းသို့ ဖြစ်နိုင်လျှင် အမြန်ဆုံး ပို့ပါ။ နမူနာမှာ အိမ်သာစက္ကူ သို့ ဆီးများ ရောပြီး ပါမသွားစေပါနဲ့။

စမ်းသပ်မှု ရလဒ်များသင့်ရဲ့ ရလဒ်တွေက ဘာပြောနေလဲ

အောက်မှာပြထားတဲ့ စံနှုန်းတွေက အညွှန်းကိုးကားထားခြင်းတွေသာ ဖြစ်ပြီး လမ်းညွှန် အနေနဲ့သာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းတစ်ခုနဲ့ တစ်ခု စံနှုန်းထားတွေ မတူညီကြပဲ သင်စစ်တဲ့ ဓါတ်ခွဲခန်းဟာလဲ ပုံမှန် စံညွှန်းနဲ့ ကွာနေနိုင်ပါတယ်။ သင့် ဓါတ်ခွဲခန်းက အဖြေမှာ ဓါတ်ခွဲခန်းက သုံးတဲ့ စံနှုန်းတန်ဖိုး ပါရပါမယ်။ ပြီးတော့ သက်ဆိုင်ရာ ဆရာဝန်ကလည်း

သင့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ တခြားအချက်အလက်တွေပေါ်မူတည်ပြီး သင့်အဖြေတွေကို စံနှုန်းတန်ဖိုး ဖြတ်နိုင်ပါသေးတယ်။ ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ သင်ရရှိတဲ့ အဖြေက ယခုဖော်ပြထားတဲ့ ပုံမှန် စံနှုန်းတန်ဖိုးတွေထက် ကျော်လွန်နေမယ်ဆိုရင်တောင် သင့်အတွက်၊သင်သွားစစ်သောဓါတ်ခွဲခန်းအတွက် ပုံမှန် စံနှုန်းတန်ဖိုးသာ ဖြစ်နေနိုင်ပါသေးတယ်။ ဝမ်းစစ်ထားတဲ့ အဖြေတွေဟာ ပုံမှန်အားဖြင့် ၁ ရက်ကနေ ၃ ရက်အထိ ကြာနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ဘယ်လို ကုသမလဲ

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

မစင်ဟာ အညိုရောင်၊ပျော့ပျောင်းပြီး သိပ်သည်းမှုလည်း မှန်ကန်စွာ ရှိခြင်း

သွေး၊ အချွဲ၊ ပြည်၊ ကြေညက်မှုမရှိသော အသားမျှင်များ၊ အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို သို့ ကပ်ပါးပိုးများ ပါဝင်မှုမရှိခြင်း

ပုံမှန်မဟုတ်

မစင်ဟာ အမဲရောင်၊အနီရောင်၊အဖြူရောင်၊အဝါရောင် သို့ အစိမ်းရောင် ရှိခြင်း

မစင်ဟာ အရည် သို့ အလွန်မာကျောခြင်း

မစင်အလွန်များနေခြင်း

သွေး၊ အချွဲ၊ ပြည်၊ ကြေညပ်မှုရှိမနေသော အသားမျှင်များ၊ အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို သို့ ကပ်ပါးပိုးများ ပါဝင်ခြင်း

မစင်မှာ trypsin သို့ elastase အစရှိသည့် အင်ဇိုင်း များပါဝင်မှုနည်းခြင်း

မစင်ရဲ့ pH မှာ 7.0 အောက်နည်းခြင်း သို့ 7.5 ထက်များခြင်း

မစင်မှာ reducing factor လို့ခေါ်တဲ့ သကြားပါဝင်မှုနှုန်း 0.25 grams per deciliter (g/dl) (သို့) ထို့ထက်များခြင်း

မစင်မှာ၂၄ နာရီ အဆီ 7grams ထက်ပိုပြီး ပါဝင်ခြင်း (သင်တစ်နေ့စားသောအဆီသည် ၁၀၀ ဂရမ်ရှိသည်ဆိုလျှင်)

အခြေအနေတော်တော်များများက သင့် ဝမ်း အဖြေကို အမျိုးမျိုးပြောင်းလဲစေနိုင်ပါတယ်။ သင့် ဆရာဝန်က သင့်ဆီမှာရှိတဲ့ ရောဂါလက္ခဏာတွေနဲ့ အရင်ဖြစ်ဖူးတဲ့ ကျန်းမာရေး အဖြေအနေတွေကို လိုက်ပြီး ရရှိထားတဲ့ ပုံမှန်မဟုတ်တဲ့ ရလဒ်တွေကို ရှင်းပြပါလိမ့်မယ်။

ပုံမှန် မဟုတ်သော အဖြေများ

ဝမ်းတွင်း အဆီများနေခြင်းဟာ ပန်ကရိယရောင်ခြင်း,sprue (celiac disease),cystic fibrosis သို့ တခြားသော အဆီစုပ်ယူမှုကို ထိခိုက်စေတဲ့ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကြေညက်မှုမရှိသော အသားမျှင်များ ရှိနေခြင်းဟာ ပန်ကရိယရောင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

pH စံနှုန်းနိမ့်နေတာဟာ ကစီ သို့ အဆီစုပ်ယူနိုင်မှုနည်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ pH စံနှုန်း မြင့်နေခြင်းဟာ အူယောင်နေခြင်း(colitis)၊ ကင်ဆာ သို့ ပဋိဇီဝဆေး သုံးစွဲခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

ဝမ်းထဲမှာသွေးပါနေခြင်းဟာ အစာချေလမ်းကြောင်းမှာ သွေးထွက်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

သွေးဖြူဥတွေ ပါဝင်နေခြင်းဟာ ulcerative colitis ကဲ့သို့အူရောင်ခြင်း ( သို)့ ဘတ်တီးရီးယားပိုးဝင်ခြင်း လည်းဖြစ်နိုင်သည်။

Rota ဗိုင်းရပ်စ်ဟာ ကလေးတွေမှာ ဝမ်းလျှောစေတဲ့ အဖြစ်အများဆုံး အကြောင်းအရာဖြစ်ပါတယ်။ အကယ်လို့ ဝမ်းလျှောနေလျှင် မစင်ထဲမှာ rota ဗိုင်းရပ်စ် ရှာဖို့ စမ်းသပ်မှုတွေပြုလုပ်ရပါလိမ့်မယ်။

Reducing factor တွေများနေတာဟာ သကြားချေဖျက်မှုမှာ ပြသနာတစ်စုံတစ်ရာ တက်နေခြင်းကို ဆိုလိုပါတယ်။

Reducing factor နည်းနေခြင်းဟာ sprue (celiacdisease),cystic fibrosis (သို့) အာဟာရချို့တဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ colchicine(ဂေါက်ရောဂါကုဆေး)သို့ ကိုယ်ဝင်တားဆေးတွေကြောင့်လည်း နည်းနေနိုင်ပါတယ်။

ဓါတ်ခွဲခန်းတွေ နှင့် ဆေးရုံတွေပေါ်မူတည်ပြီး ဝမ်းစစ်ခြင်း အတွက် ပုံမှန်စံညွှန်းတွေဟာကွဲပြားနိုင်ပါတယ်။ သင့်အဖြေတွေနဲ့ပတ်သက်ပြီးဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်န့ဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဝမ်းစစ်ခြင်း နဲ့ ပတ်သက်ပြီး ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Stool Analysis http://www.webmd.com/digestive-disorders/stool- analysis?print=true.
Accessed July 5, 2016.

Fecal culture https://www.nlm.nih.gov/medlineplus/ency/article/003758.htm. Accessed July 5, 2016.Stool Analysis http://www.webmd.com/digestive-disorders/stool- analysis?print=true.

Fecal culture https://www.nlm.nih.gov/medlineplus/ency/article/003758.htm. Accessed July 5, 2016.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement