Cyclic Citrullinated Peptide (CPP) ကို အဆစ်ရောင်ခြင်းအား ရောဂါ အမည်တပ်နိုင်ရန် သုံး၏။ Citrullinated Peptide Antigen များသည် အမိုင်နိုအက်စစ် ornithine မှ Arginine အဖြစ်သို့ ပြောင်းရာတွင် ဖြစ်ပေါ်လာနိုင်သည်။ CPP antibodies များသည် လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း (RA) တွင် အစောဆုံး ပေါ်လာတတ်ပြီး လူနာအများစုတွင် သွေးစစ်ရနိုင်သည်။ Citrulline antibodies များ လူနာ၏ သွေးတွင် ပေါ်လာပါက ၎င်းသည် လူနာတွင် RA ရောဂါ ရှိကိုရှိနေပြီဟု ဆိုလိုသည်။
ထို့ကြောင့် CPP antibodies များသည် ဘာကြောင့်မှန်းမသိ အဆစ်ရောင်နေသော လူနာများတွင် ရောဂါ အမည်တပ်နိုင်ရန် အသုံးဝင်၏။ အထူးသဖြင့် စစ်နေကျ သွေးစစ်ဆေးမှုများသည် rheumatoid factor (RF) negative (သို့) 50 units / mL အောက်နည်းနေလျှင် ပိုအသုံးဝင်၏။
အဆစ်ရောင်သည့် လက္ခဏာများရှိသော လူနာများကို ရောဂါအမည် မတပ်ရသေးလျှင် (သို့) rheumatoid rheumatism အဖြစ် ရောဂါအမည် တပ်ပြီးလျှင် ဤစစ်ဆေးချက်အား Rheumatoid Factor (RF) စစ်ဆေးမှုနှင့်တွဲ၍ စစ်ဆေးရန် လမ်းညွှန်ပါလိမ့်မည်။ ဤစစ်ဆေးချက်ကို RF negative ရလဒ်ထွက်သော လူနာများကို လေ့လာစောင့်ကြည့်ရန် အသုံးပြုနိုင်သည်။ ၎င်းအခြေအနေမျိုးတွင် ဆရာဝန်များက သင့်အား လေးဖက်နာနှင့် တူသော အဆစ်ရောင်ခြင်းကို ခံစားရနိုင်ကြောင့် သံသယ ရှိပါလိမ့်မည်။
လူနာအများအပြားတွင် လေးဖက်နာနှင့်တူသော အဆစ်ရောင်းခြင်း စဖြစ်နေသော်လည်း RF မတက်လာခြင်းမျိုး ရှိနိုင်သည်။ ၎င်းသည် အစောပိုင်း အဆင့်တွင် ရောဂါအမည်တပ်ခြင်းကို အလွန်ခက်စေနိုင်သည်။ လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းအား RF negative ထွက်လျှင်တောင်မှ Anti-CPP antibodies တက်လျှင် ရောဂါအမည် တပ်နိုင်၏။ Anti-CCP စစ်ဆေးမှုသည် လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းအား စောစောစီးစီး ရောဂါသိ၍ စောစော ကုသနိုင်ပြီး အဆစ်များ မပျက်စီးအောင် ကာကွယ်နိုင်သောကြောင့် အရေးကြီးပါသည်။
ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်က သင့်အား စစ်ဆေးမှုအကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။
လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။
ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည်။
ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့် နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
Anti-Cyclic Citrullinated Peptide Antibody စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်တန်ဖိုး – Quantitative <20 units / mL
ပုံမှန်မဟုတ်သော ရလဒ်
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti-Cyclic Citrullinated Peptide Antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။