ကျောက်ကပ်လဲဖို့ ရောဂါဘယ်လိုရှာဖွေသလဲ
ကျောက်ကပ်လဲမယ့် ကုသရေးအဖွဲ့ဟာ အောက်ပါအချက်တွေကို ဆန်းစစ်ပါလိမ့်မယ်။
- ကျန်းမာရေးအခြေအနေဟာ ခွဲစိတ်မှုအတွက် သင့်တော်ပြီး ကျောက်ကပ်လဲလှယ်ပြီးချိန် သောက်သုံးရမယ့် ဆေးဝါးတွေကို အမြဲသောက်သုံးသွားဖို့ ခံနိုင်ရည် ရှိမရှိ။
- အစားထိုးကုသမှုကို အနှောင့်အယှက်ပေးနိုင်မယ့် ကျန်းမာရေး အခြေအနေ ရှိမရှိ
- အစားထိုးကုသမယ့် အဖွဲ့ရဲ့ ညွှန်ကြားချက်၊ အကြံပြုချက်တွေကို လိုက်နာနိုင်ခြင်း ရှိမရှိ စတာတွေ ဖြစ်ပါတယ်။
အကဲဖြတ်တဲ့အဆင့်ဟာ ရက်ပေါင်းများစွာ ကြာတတ်ပြီး အောက်ပါအချက်တွေ ပါဝင်ပါတယ်။
- ပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု
- ပုံရိပ်ဖော် စစ်ဆေးမှုများ (ဓါတ်မှန်၊ MRI, CT Scan)
- EKG အပါအဝင် နှလုံးပိုင်းဆိုင်ရာ စစ်ဆေးမှုများ
- စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု
- သွေးစစ်ဆေးမှုများ
- အသားစ အမျိုးအစားခွဲခြင်း
- သွေးအမျိုးအစားခွဲခြင်း
- တွဲဖက်စစ်ဆေးခြင်း
အကဲဖြတ်မှုများပြီးနောက်မှာ အစားထိုးကုသမယ့်အဖွဲ့ဟာ ရလာဒ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါလိမ့်မယ်။ ခွဲစိတ်မှု ပြုမပြု ဆွေးနွေးပါလိမ့်မယ်။ အစားထိုးကုသတဲ့ ဌာနတွေဟာ ကိုယ်ပိုင်စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ဌာနတခုက လက်မခံရင် တခြားကို ပြောင်းလဲပြီး လျှောက်နိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း
ကျောက်ကပ်အစားထိုးမှု ဘယ်လိုလုပ်သလဲ
ပျက်စီးနေတဲ့ ကျောက်ကပ်နှစ်ခုစလုံးအတွက် အသက်ရှင်တဲ့ လှူဒါန်းသူဆီက အသစ်တခုကိုပဲ အစားထိုးလို့ ရပါတယ်။ အသက်ရှင် လှူဒါန်းသူဆီက ကျောက်ကပ်ဟာ တိုက်ဆိုင်မှုမရှိရင် သေဆုံးသူ လူနာဆီက လက်ခံနိုင်ဖို့ စာရင်းသွင်းပေးပါလိမ့်မယ်။ ကျောက်ကပ်အသစ်ကို စောင့်ဆိုင်းနေစဉ်မှာ ကျန်းမာအောင် နေထိုင်ရပါမယ်။ တတ်ျွှိုင်သလောက် ကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် ခွဲစိတ်ကုသဖို့ အဆင်သင့်ဖြစ်နေစေပါတယ်။ ခွဲစိတ်ပြီးချိန်မှာလည်း နေမြန်မြန်ပြန်ကောင်းလာနိုင်ပါတယ်။ အောက်ပါအချက်တွေ လိုက်နာပါ။
– ဆေးကို ညွှန်ကြားတဲ့အတိုင်းသောက်ပါ
– စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းကို ညွှန်ကြားတဲ့ပုံစံအတိုင်း လိုက်နာပါ
– ချိန်းဆိုသည့်အချိန်တိုင်း ပြသပါ။
– ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှုတွေ (အနားယူခြင်း၊ မိသားစု မိတ်ဆွေများနှင့် အချိန်ပေးခြင်း) စတာတွေမှာ ပါဝင်ပါ။
ခွဲစိတ်ကုသချိန်မှာ မေ့ဆေးပေးပြီး လုပ်ဆောင်ပါလိမ့်မယ်။ ခွစြိတ်တဲ့အဖွဲ့ဟာ သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အောက်ဆီဂျင်ရရှိနှုန်းတွေကို တောက်လျှောက် စောင့်ကြည့်နေပါလိမ့်မယ်။
ခွဲပြီးတဲ့အခါ ဆေးရုံမှာ တပတ်လောက်တော့ နေရပါလိမ့်မယ်။ ကျောက်ကပ်လဲလှယ်ပြီးချိန်မှာ ဆေးအများအပြားကို ရေရှည်စွဲသောက်သွားရပါမယ်။ ဆေးရုံက ဆင်းပြီးချိန်မှာလည်း ရက်သတ္တပတ် အနည်းငယ်အထိ အနီးကပ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ သွေးစစ်ဆေးမှု အများအပြား လုပ်ရပါမယ်။ ဆေးတွေ ချိန်ညှိရပါမယ်။ အဲဒီကာလ အတောအတွင်းမှာ အစားထိုးခွဲစိတ်ခဲ့တဲ့ဌာနနဲ့ နီးတဲ့နေရာမှာ နေထိုင်ဖို့ လိုအပ်ပါတယ်။
ကျောက်ကပ်ပျက်စီးသူအချို့မှာ ကျောက်ကပ်အစားထိုး လဲလှယ်ခြင်းဟာ စက်နဲ့သွေးလဲလှယ်ခြင်းထက် အန္တရာယ်ပိုများပါတယ်။ ကျောက်ကပ်လဲလှယ်ခြင်း အတွက် အဟန့်အတားဖြစ်စေတဲ့ အချက်တွေကတော့
– အသက်ကြီးခြင်း
– ဆိုးရွားသော နှလုံးရောဂါရှိခြင်း
– ကင်ဆာရှိနေခြင်း၊ မကြာသေးခင်က ကင်ဆာကုသထားခြင်း
– စိတ်ကျန်းမာရေးမကောင်းခြင်း
– မေ့လျော့တတ်ခြင်း
– အရက်၊ တားမြစ်ဆေးသုံးခြင်း
– အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်မည့် ခွဲစိတ်မှုနှင့် သောက်သု့းမည့်ဆေးဝါးများကို အဟန့်အတားဖြစ်စေသည့် အချက်များ
နေထိုင်မှုပုံစံနှင့် အိမ်တွင်းဆေးဝါးကုထုံးများ
အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်
– အစားထိုးကုသသည့်အဖွဲ့မှ ထောက်ခံသည့် စားသောက်မှုပုံစံကို လိုက်နာခြင်း
– အရက်ရှောင်ခြင်း
– ဆေးလိပ်ရှောင်ခြင်း
– သင့်တော်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း၊ လေ့ကျင့်မှု အစီအစဉ်ကို လိုက်နာခြင်း စတာတွေ ဖြစ်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။