· မှန်ပြောင်းမကြည့်ခင်တရက်အလိုမှာ အထူးညွှန်ကြားထားတဲ့ စားသောက်မှုပုံစံကို လိုက်နာရမှာဖြစ်ပြီး ပုံမှန်အားဖြင့် ဘာမှမစားခိုင်းပါဘူး။ ရေ၊ပြုတ်ရည်၊ဂက်စ်ပါတဲ့ သောက်စရာအအေးတွေ၊နို့ ဒါမှမဟုတ် ခရင်မ်မပါတဲ့ လက်ဖက်ရည်၊ကော်ဖီ အစရှိသော ကြည်လင်တဲ့ အရည်တွေကိုပဲ သောက်ရပါမယ်။ မှန်ပြောင်းမကြည့်ခင် ညသန်းခေါင်က စပြီး ဘာမှ မစားမသောက်ရတော့ပါဘူး။
· မှန်ပြောင်းမကြည့်ခင်တရက်အလိုမှာ ဝမ်းနှုတ်ဆေး သုံးစွဲရပါမယ် (အရည် ဒါမှမဟုတ် ဆေးပြား ဖြစ်နိုင်ပါတယ်)။
· ဝမ်းချုဆေးရည် အသုံးပြုပါ။အချို့လူနာတွေမှာ မှန်ပြောင်းမကြည့်ခင်ည ဒါမှမဟုတ် နာရီအနည်းငယ်အလိုမှာ ဝမ်းချူဆေးရည်သုံးစွဲဖို့ လိုတတ်ပါတယ် (အူလမ်းကြောင်းကို လုံးဝရှင်းလင်းဖို့ပေါ့)။ ဒါမှမဟုတ် မှန်ပြောင်းကြည့်မယ့်နေ့မနက်မှာ ဝမ်းချူဆေးရည်နှစ်တောင့် အိမ်မှာကတည်းက သုံးစွဲလာဖို့ ညွှန်ကြားပါလိမ့်မယ်။
· လက်ရှိသုံးစွဲနေတဲ့ ဆေးတွေကို ချိန်ဆပါ။မှန်ပြောင်းမကြည့်ခင် အနည်းဆုံးတပတ်လောက်အလိုကတည်းက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးတွေအကြောင်း သင့်ဆရာဝန်ကို အသိပေးပါ (အထူးသဖြင့် ဆီးချိုသမားတွေ၊သံဓါတ်ပါတဲ့ ဆေးသို့မဟုတ် ဖြည့်စွက်အားဆေးတွေ၊အက်စ်ပရင် သို့မဟုတ် တခြားသွေးကျဲဆေးတွေ သုံးစွဲနေရသူတွေ ဆိုရင်ပေါ့)။
သင့်အနေနဲ့ ဆေးပမာဏကို ချိန်ဆတာမျိုး ဒါမှမဟုတ် (ဖြစ်နိုင်ရင်)ဆေးသုံးစွဲမှုကို ယာယီရပ်နားထားတာမျိုးလုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။
အူမကြီးမှန်ပြောင်းကြည့်ခြင်းကို ဘယ်လိုပြုလုပ်မှာလဲ။
အူမကြီးမှန်ပြောင်းကြည့်တာဟာ ၁၅မိနစ်၊မိနစ်၂၀လောက် ကြာမြင့်မှာဖြစ်ပြီး မှန်ပြောင်းအပျော့စားကို သင့်စအိုမှတဆင့် ခန္ဓါကိုယ်ထဲသို့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ မြင်ကွင်းကြည်လင်ပြတ်သားဖို့အတွက် သင့်အူမကြီးထဲကို လေမှုတ်သွင်းမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ သင့်ဆရာဝန်အနေနဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်း၊အလုံးအကျိတ်များ ဖြစ်ပွားခြင်း စတဲ့ ပြဿနာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။
လိုအပ်ရင် အသားစနမူနာယူတာမျိုး၊ဓါတ်ပုံရိုက်ယူတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။.
မှန်ပြောင်းကြည့်ပြီးနောက် ဘာဆက်လုပ်မှာလဲ။
မေ့ဆေး၊အိပ်ဆေးပေးထားပြီး လုပ်တယ်ဆိုရင် တနာရီလောက်အတွင်းမှာ သင်နိုးလာမှာ ဖြစ်ပြီး နာရီအနည်းငယ်လောက်ကြာအောင် နေရထိုင်ရတာတမျိုးကြီးဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် မပူပါနဲ့၊အချိန်တန်ရင် ပျောက်သွားပါလိမ့်မယ်။ မှန်ပြောင်းကြည့်တာကနေ သိရှိလာတဲ့ ရလာဒ်တွေကို ဆရာဝန်က သင့်ကို ပြောပြမှာဖြစ်ပြီး ဆက်လက်ကုသဖို့လိုတယ်ဆိုရင်လည်း ကုသမှုနည်းလမ်းတွေနဲ့ ပတ်သက်လို့ အကြံပြုဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။။
အထူးတလည် ညွှန်ကြားထားတာမျိုး မရှိဖူးဆိုရင် မှန်ပြောင်းကြည့်ပြီးတဲ့ နောက်တနေ့မှာပဲ လုပ်ငန်းခွင်ပြန်ဝင်နိုင်ပါပြီ။