မွေးရာပါအခြေအနေ – တစ်ချို့ဖြစ်ရပ်များတွင် နှာနုရိုးနေရာလွဲခြင်းသည် သန္ဓေသား ဖွံဖြိုးစတွင် ဖြစ်လာပြီး မွေးဖွားစဉ် ပိုသိသာတာမျိုးဖြစ်သည်။
နှာခေါင်းထိခိုက်မိခြင်း – နှာနုရိုးနေရာလွဲခြင်းသည် နှာနုရိုးနေရာလွဲလောက်အောင် ထိခိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်ခြေများ
Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
နှာနုရိုးနေရာလွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။
ဥပမာအားဖြင့်-
အများနှင့်ကစားရသော အားကစားများ
စက်တပ်ယာဉ်စီးလျှင် ထိုင်ခုံခါးပတ်မပတ်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးခန်းလာပြစဉ် ဆရာဝန်မှ သင်ခံစားနေရသည့် လက္ခဏာများကို အရင်မေးပါလိမ့်မည်။ နှာခေါင်းအတွင်းသို့ စစ်ဆေးကြည့်ရန်အတွက် ဆရာဝန်မှ အလင်းစူးစူးကိုအသုံးပြုကာ တစ်ခါတစ်ရံ Nasal speculum ခေါ်သော နှာခေါင်းပေါက် ချဲ့ကိရိယာနှင့် စစ်ဆေးပါလိမ့်မည်။
တစ်ခါတစ်ရံတွင် ဆရာဝန်မှ ကင်မရာနှင့် အလင်းတပ်ထားသော ပြွန်သေးသေးလေးကိုသုံးကာ နှာခေါင်းနောက်ထဲထိ ကြည့်ရှု့စစ်ဆေးနိုင်ပါသည်။
နှာပိတ်ခြင်းကိုသက်သာစေသည့် စပရေး မဖြန်းခင်နှင့် ဖြန်းပြီးနောက် နှာခေါင်းတစ်ရှူးများကို လေ့လာကြည့်ပြီး နှာခေါင်းအတွင်း၌ နှာပိတ်စေသည့် အကြောင်းရင်းရှိမရှိ ကြည့်ပါလိမ့်မည်။
ထိုစမ်းသပ်မှုကိုမူတည်ကာ နှာနုရိုးနေရာလွဲခြင်းနှင့် သင့်အခြေအနေ ဘယ်လောက်ဆိုးသည်ကို ဆုံးဖြတ်ပေးပါမည်။ ဆရာဝန်သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုမဟုတ်ပါပဲ ကုသရန်လဲ လိုအပ်နေသည်ဆိုပါက သင့်အား ဆက်လက်ကုသရန် အထူးကုဆီသို့ လွှဲပေးနိုင်ပါသည်။
Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကို ဘယ်လိုကုသပါသလဲ
ဒုက္ခရောက်လောက်အောင် နှာခေါင်းသွေးထွက်ခြင်း သို့မဟုတ် ခဏခဏနှာခေါင်းလေအိတ်များ ပိုးဝင်ခြင်း ဖြစ်နေပါက ခွဲစိတ်ကုသမှုကို လမ်းညွှန်ပါလိမ့်မည်။ တစ်ချို့အခြေအနေများတွင် အပိုဆောင်း စစ်ဆေးမှုများ လုပ်ရနိုင်ပါသည်။
Septoplasty ဆိုသည်မှာ နှာပေါက်တစ်လျှောက် ခွဲစိတ်ပြီး ပြင်ပလက္ခဏာများ သွေးခြေဥခြင်းများ မဖြစ်စေသော ခွဲစိတ်မှုြုဖစ်သည်။ ခွဲစိတ်နေစဉ် ဆိုးဝါးစွာ နေရာလွဲနေသော နှာနုရိုးအား အကုန် ဖယ်ရှားလိုက်ခြင်း သို့မဟုတ် ပြုပြင်ပြင်ဆင်ကာ နှာခေါင်းအတွင်း ပြန်ထည့်ခြင်းမျိုး ပြုလုပ်နိုင်ပါသည်။
နှာနုရိုးနေရာလွဲခြင်းသည် သင့်ဘဝအား နှောက်ယှက်မှု ဘာမှမရှိသော်လည်း သင့် အအေးမိ အလက်ဂျီထသည့်အခါတွင် သက်တောင့်သက်သာ မရှိပါက ဆရာဝန်မှ စီမံနိုင်မည့် နည်းလမ်းများကို ညွှန်ပါလိမ့်မည်။
Decogestants (နှာပိတ်သက်သာဆေးများ) – နှာပိတ်သက်သာဆေးများသည် နှာခေါင်းတစ်ရှူးများ ဖောင်းကြွခြင်းကို လျော့ချပေးပြီး နှာခေါင်းပေါက်နှစ်ခုလုံး လေဝင်ထွက်ကောင်းစေရန် အထောက်အကူပြုပါသည်။
Antihistamines – Antihistamine များသည် အလက်ဂျီလက္ခဏာများဖြစ်သည့် နှာပိတ်ခြင်း နှာရည်ယိုခြင်းများကို ကာကွယ်ပေးပါသည်။
နှာခေါင်းစတီးရွိက်စပရေးများ – နှာခေါင်းစတီးရွိက် စပရေးများသည် နှာခေါင်းလမ်းကြောင်းအတွင်းမှ ရောင်ရမ်းမှုကိုကျစေပြီး ပိတ်ခြင်း နှာရည်ယိုခြင်းများအတွက် အထောက်အကူပေးပါသည်။
ဆေးများသည် ဖောင်းကြွနေသော အကျိချွဲအမြှေးပါးအား သက်သာစေရုံသာဖြစ်ပြီး နှာနုရိုးနေရာလွဲခြင်းကို ကုသပေးသည်မဟုတ်ပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာနုရိုးနေရာလွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါသတိပေးချက်များကို လိုက်နာခြင်းဖြင့် နှာနုရိုးနေရာလွဲခြင်းကို ဖြစ်စေနိုင်သည့် နှာခေါင်းထိခိုက်မိခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။
လူအများနှင့်ကစားရသည့် ဘောလုံး၊ ဘောလီဘော ကစားရာတွင် အကာကွယ်ရသည့် ဦးထုပ်များ မျက်နှာကာများကို သုံးပါ။
စက်တပ်ယာဉ်များစီးလျှင် ထိုင်ခုံခါးပတ်ပတ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ