အဓိပ္ပါယ်ဖွင့်ဆိုချက်
၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ ဘာလဲ
နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ကုသရာမှာအသုံးပြုတဲ့ ခွဲစိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေကို အောက်ဆီဂျင်နဲ့အာဟာရ ပံ့ပိုးပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းတဲ့ရောဂါဖြစ်ပါတယ်။ တနည်းအားဖြင့် နှလုံးသွေးလွှတ်ကြောနံရံတွေထဲ အဆီတွေစုပုံပြီး သွေးကြောကျဉ်းမြောင်းလာရာကနေ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်သယ်ဆောင်တဲ့သွေး လုံလုံလောက်လောက် မရောက်ရှိနိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။