အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါလိုမျိုးရောဂါတွေရှိတဲ့သူတွေဟာ ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါရှိတာများပါတယ်။ ကြွက်တွေကိုလေ့လာတဲ့အခါမှာတော့သွေးထဲမှာ ဇင့်ဓါတ်နည်းလာတာနဲ့ အငန်နည်းနည်းစားရုံနဲ့သွေးဖိအားမြင့်တက်စေတာတွေ့ရတာပါ။
မကြာသေးခင်က သုတေသနမှာ ဒီထက်ပိုတဲ့တွေ့ရှိမှုကိုAmerican Journal of Physiology–Renal Physiologyမှာဖော်ပြခဲ့ပါတယ်။
ကျောက်ကပ်နဲ့ သွေးတိုး
သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ဆိုဒီယမ်စုပ်ယူမှုက အဓိကအရေးပါပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တစ်ခုက ဆီးဖြစ်တော့မယ့် အရည်တွေထဲကနေ ဆိုဒီယမ်ကိုပြန်စုပ်ယူပြီး ခန္ဓါကိုယ်ထဲပြန်ပို့ပေးတာဖြစ်ပါတယ်။ အများအားဖြင့် ဆီးထဲမှာ ဆိုဒီယမ်နည်းနေပြီဆိုသွေးဖိအားမြင့်တက်ပါတယ်။ တကယ်တော့ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲပြန်ရောက်လာတဲ့ ဆိုဒီယမ်တွေများလာစေပြီး ဆီးကနေစွန့်ထုတ်တာနည်းမယ်၊သွေးတိုးတက်မယ်၊ ဒါပါပဲ။
သည်လိုလုပ်ဆောင်ချက်ပြောင်းလဲစေဖို့ပေါင်းစပ်လှုပ်ရှားစေတဲ့ ပရိုတင်းတွေအများကြီးရှိပါတယ်။ အင်ဇိုင်းတွေအပါအဝင် ပရိုတင်းအမျိုးအစားများစွာကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဇင့်ဓါတ်ဟာ ဒီအချက်မှာ လှုံ့ဆော်လုပ်ဆောင်ပေးတဲ့အရာတစ်ခုဖြစ်နေပါတယ်။
ဇင့်နဲ့ သွေးတိုး
ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး သုတေသနပြုလုပ်တဲ့အခါ တစ်စုကို ဇင့်ဓါတ်မပြည့်ဝတဲ့အစားအစာကျွေးတော့ သွေးဖိအားမြင့်တာတွေ့ရပြီး ဇင့်ဓါတ်အာဟာရတွေပြန်ဖြည့်လိုက်တဲ့အခါ သွေးဖိအားပုံမှန်ဖြစ်တာတွေ့ရပါတယ်။နောက်တစ်စုကိုလည်း အလားတူပဲ ဇင့်ဓါတ်မပြည့်ဝအောင်ကျွေးပြီးမှ ခုနက ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲမှုမျိုးကိုဟန့်တားနိုင်တဲ့hydrochlorothiazide တိုက်ကျွေးပါတယ်။ ဒုတိကအုပ်စုမှာလည်းသွေးဖိအားပုံမှန်ပြန်ဖြစ်သွားပါတယ်။
ဒါ့ကြောင့် အငန်စားလို့၊ တက်စာစားလို့သွေးတိုးတက်တာတင်မကပါဘူးလို့။ တချို့မှာဆို အစာလည်းရှောင်နေရင်းနဲ့ကို သွေးပေါင်တက်တက်နေတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလောက်ဆို ဗီတာမင်နဲ့သတ္တုဓါတ်တွေ ညီညွတ်ပြည့်ဝဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိသင့်ပါတယ်နော်။
ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ အခွံမာငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ အာလူး၊ကိုက်လန်၊ အနက်ရောင်ချောကလက် တို့ပါဝင်ပါတယ်။
[embed-health-tool-bmi]