စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူဆိုတာတော့ ဖိစီးစရာတွေနဲ့မကင်းနိုင်ပါဘူး။တွေးစရာ၊ လုပ်စရာတွေများလွန်းလို့ အိပ်မပျော်နိုင်တဲ့ညတွေမှာလည်း ကိုယ့်အပူနဲ့ကိုယ်ပေါ့။ ဒီအနေအထားကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့တော့ ကြိုးစားသင့်ပါတယ်။ ဘာလို့ဆို ချက်ချင်းတော့မသေနိုင်ပေမယ့် ရေရှည်ကျန်းမာရေးအတွက် ဆိုးကျိုးကြီးမားလို့ပါ။
အလုပ်ကြောင့်စိတ်ဖိစီးနေရတဲ့အပြင် အိပ်ရေးပါပျက်ထားသူဟာသွေးတိုးမရှိရင်သွေးတိုးဖြစ်လာ၊ ရှိပြီးသားဆိုလည်း နှလုံးသွေးကြောရောဂါနဲ့ ဆက်နွှယ်သေဆုံးရနိုင်ခြေ သုံးဆပိုများနိုင်ပါတယ်။ ဒါက လတ်တလောထွက်ရှိထားတဲ့ သုတေသနရလဒ်ပါ။
သွေးတိုးရောဂါရှိတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးမှာ စိတ်ဖိစီးမှုနဲ့အိပ်မပျော်ခြင်းဘယ်လိုဆက်နွယ်နေလဲဆိုတာ သုတေသနကလေ့လာတဲ့အခါ ရလဒ်ကတော်တော်ဆိုးတာတွေ့ရပါတယ်။

သုတေသနမှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာသွေးတိုးရှိသူတွေဟာလေ့လာမှုစတင်ချိန်မှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် ဆီးချိုရောဂါမရှိခဲ့ကြပါဘူး။

အလုပ်နဲ့သက်ဆိုင်တဲ့စိတ်ဖိစီးမှုပဲဖြစ်ဖြစ် အိပ်မပျော်တဲ့ပြဿနာရှိနေသူပဲဖြစ်ဖြစ် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဒီနှစ်ချက်လုံးရှိနေတဲ့သူမှာတော့ အန္တရာယ်ပိုများနေပါပြီ။ ဒီသုတေသနကိုEuropean Journal of Preventive Cardiologyဂျာနယ်မှာဖော်ပြထားတာပါ။

“ သတိမထားမိတဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီးနေရတဲ့အလုပ်နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေမလုံလောက်တော့ဘဲ အသက်တိုနိုင်တာပေါ့” လို့Technical University of Munich ကProf. Karl-Heinz Ladwig ကပြောပါတယ်။

သွေးဖိအားမြင့်တက်လာတဲ့အခါ နှလုံးက ခန္ဓါကိုယ်တစ်ခုလုံးကိုသွေးပို့လွှတ်ရတာ ပိုပင်ပန်းရတဲ့အတွက် နှလုံးရောဂါအန္တရာယ်ပိုများတာသေချာပါတယ်။ ဒီလိုအလုပ်ပိုလုပ်ရတဲ့အခါ နှလုံးကြွက်သားတွေပိုထူလာပြီးသွေးကြောနံရံတွေမာလာ၊ ပျက်စီးလာနိုင်ပါတယ်။နောက်ဆုံးမှာ ကိုယ်တွင်းအင်္ဂါတွေဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ နှလုံးပျက်စီးလာနိုင်ပါတယ်။

ဒီသုတေသနမှာ စိတ်ဖိစီးတဲ့အလုပ်ဆိုတာ တစ်နေ့ဘယ်လောက်ပြီးရမယ်၊ လုပ်ရမယ်ဆိုတဲ့ တပါးသူရဲ့ထိန်းချုပ်မှုမပါဘဲ ကိုယ်တိုင်အတွက်ဇောတွေများစေတဲ့အလုပ်တစ်ခုခုကို ရည်ညွှန်းပါတယ်။

တချို့က အိပ်မပျော်တာ၊ အိပ်မရတာနဲ့ ဒုက္ခရောက်နေရပေမယ့် အိပ်စက်မှုပြဿနာရှိတဲ့သူ အများစုဟာ အိပ်ပျော်လျက်နဲ့ အိပ်ရေးမဝတာ၊ကောင်းကောင်းမအိပ်လိုက်ရတာတွေရှိတယ်လို့ သုတေသီတွေကပြောပါတယ်။

“ အိပ်ရေးဝနေအောင် ကြိုးစားရတာ အလုပ်နဲ့ဆိုင်တဲ့စိတ်ဖိစီးမှုတွေရှိနေတဲ့သူတွေရဲ့ အဖြစ်များဆုံးပြဿနာပါပဲ။ ဥပမာ တချို့က မနက်ဆို ၄ နာရီထတယ်၊ အိမ်သာသွားတယ်၊ အိပ်ရာထဲပြန်လှဲပြီး အလုပ်ကိစ္စတွေအကြောင်း ဟိုတွေးဒီတွေးနဲ့ မပျော်တပျော်ပြန်အိပ်ကြတယ်” လို့Prof. Ladwig ကပြောပါတယ်။

သွေးတိုးရောဂါဟာ သူ့တစ်မျိုးတည်းနဲ့တင် နှလုံးရောဂါအတွက် အန္တရာယ်များနေပြီဖြစ်တာကို အိပ်မပျော်တာ၊ စိတ်ဖိစီးတာတွေထပ်ပေါင်းလိုက်ရင်ပြဿနာပိုကြီးသွားနိုင်တာပါ။

ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ဖိစီးမှုတွေကိုပြေလျော့စေမယ့်နည်းလမ်းတွေရှာကြဖို့၊ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကြိုးစားသင့်တယ်လို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။ ဒီအတိုင်းဆိုသွေးတိုးဖြစ်လာနိုင်တယ်၊သွေးတိုးရှိပြီးသားဆို ပိုဆိုးနိုင်တယ်၊ အန္တရာယ်များပါတယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် ဆီကြော်အစားအစာ တွေ စားတာက မသင့်လျော်တာမျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
worry less

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read