အဓိပ္ပါယ်ဖွင့်ဆိုချက်
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကဘာလဲ။
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။
- မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
- လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ဆီးပူညောင်းကျ(ဂနို)ရောဂါ သည် အလွန်အတွေ့ရများပါသောလက္ခဏာဖြစ်ပြီး အမျိုးသားများတွင် ပိုဖြစ်သည်။ ပိုမိုတိကျစွာသိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
လက္ခဏာများ
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများသော ရောဂါလက္ခဏာများမှာ
- မိန်းမကိုယ်နှင့် လိင်တံမှ အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်ပျစ်ပျစ်များ ကျလာခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း
- အမျိုးသမီးများတွင် ရာသီမလာမီ စပ်ကြားအချိန်တွင် သွေးဆင်းခြင်း
- မိခင်တွင် ဂနိုရောဂါကို မကုသပါက မွေးကင်းစကလေးတွင် ပြင်းထန်သော မျက်လုံးပိုးဝင်ရောဂါဖြစ်ခြင်း တို့ဖြစ်သည်။
အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါ လက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် ပြသင့်သည်။
- ဆီးသွားစဉ် နာကျင်ခြင်း
- မိန်းမကိုယ်မှ အရည်များဆင်းခြင်း
- အမျိုးသမီးများတွင် ရာသီမလာမီ စပ်ကြားအချိန်တွင် သွေးဆင်းခြင်း
- စအို ယားခြင်း
- စအိုယောင် ခြင်း (အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)
- စအိုမှသွေးထွက်ခြင်း(အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)
- ဝမ်းသွားလျှင် နာကျင်ခြင်း(အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)
အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
အကြောင်းရင်းများ
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။
- မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
- လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊
- အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။
ဖြစ်နိုင်ခြေများ
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ဖြစ်နိုင်ချေများစေသောအချက်များစွာရှိသည့်အနက်အရေးကြီးဆုံးအချက်မှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
- လူနာ၏ သေးစိတ်ရာဇဝင်နှင့် ဆရာဝန်၏တွေ့ရှိချက်များကို ဆက်စပ်ခြင်း နှင့် ရောဂါလက္ခဏာများကို ကြည့်ခြင်း
- လိင်အင်္ဂါမှထွက်သော အရည်ကိုဂွမ်းစဖြင့် ယူကာ ဓါတ်ခွဲစစ်ဆေးခြင်း
- ဆီးစစ်ခြင်း တို့ဖြင့် သိနိုင်သည်။
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကို ဘယ်လိုကုသပါသလဲ
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ပုံမှန်အားဖြင့် ပိုးသတ်ဆေး ထိုးဆေး သို့မဟုတ် စားဆေး ဖြင့် တကြိမ် ထိုး/စားခြင်းဖြင့် ကုသနိုင်သည်။
ထိုသိုကကုသပြီး ၁-၂ပတ်အကြာတွင် သင့်ရောဂါ အခြေအနေကို သိရှိရန် ဆရာဝန်ထံရက်ချိန်းလာပြရန်လိုပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဆီးပူညောင်းကျ(ဂနို)ရောဂါဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါ တို့ကို လိုက်နာခြင်းဖြင့် ဂနိုရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါသည်။
- လိင်ဆက်ဆံသည့် အခါတိုင်းတွင် လိင်တံတွင်ဝတ်ရသော အမျိုးသားကွန်ဒုံး၊ မိန်းမကိုယ်တွင် ဝတ်ရသောအမျိုးသမီးကွန်ဒုံးများ အသုံးပြုခြင်း
- ပါးစပ်ဖြင့် ဆက်ဆံခြင်းပြုပါက လိင်တံနှင့် မိန်းမကိုယ်ကို ကို ရာဘာကွန်ဒုံးဖြင့်ကာထားပါ။
- လိင်အရုပ်များကို ဝေမျှသုံးစွဲခြင်းမပြုရ။ ဝေမျှသုံးမည်ဆိုလျှင်လည်း အသုံးမပြုမီတွင် ၎င်းတို့ကို လျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများပြုလုပ်ပါ။
- သည်အထိ လိင်ဆက်ဆံခြင်းကိုရှောင်ကျဉ်ပါ။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-ovulation]