backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Restless Legs Syndrome (Restless Leg Syndrome)


Phyo Wai Yan မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Restless Legs Syndrome (Restless Leg Syndrome) ကဘာလဲ။

Restless leg syndrome ကို Ekbom disease လို့လည်းခေါ်ပါတယ်။ ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ။

ခြေဖဝါး၊ ခြေသလုံးနဲ့ ပေါင်တို့မှာလဲ ယွစိယွစိဖြစ်နေတဲ့ ခံစားချက်ရှိနေနိုင်ပါတယ်။ ညနေဘက်တွေ၊ ညဘက်တွေမှာ ထိုခံစားချက်ပိုပြင်းထန်လာနိုင်ပြီး ခြေထောက်တင်မကပဲ လက်မှာလဲဖြစ်နိုင်ပါတယ်။

Restless leg syndrome ဟာ PLMS လို့ခေါ်သော အိပ်နေစဉ် ခြေတို့လက်တို့ ဆတ်ကနဲလှုပ်သွားခြင်းမျိုးနဲ့ ဆက်နွယ်မှုရှိနေနိုင်ပါတယ်။ တချို့လူတွေက ရံဖန်ရံခါသာ ဖြစ်တတ်သော်လည်း တချို့ကတော့ နေ့တိုင်း လိုလိုဖြစ်နေတတ်ပါတယ်။ ရောဂါလက္ခဏာတွေက အနည်းငယ်ရှိသလို ပြင်းထန်တာတွေလည်းရှိပါတယ်။ ဆိုးရွားလာရင် အရမ်းစိတ်ပျက်စရာကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ နှောက်ယှက်လာနိုင်ပါတယ်။

Restless Legs Syndrome (Restless Leg Syndrome) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်တတ်ပါတယ်။ ကလေးတွေတောင်မလွတ်ပါဘူး။ ဒါပေမယ့်လည်း မိန်းမတွေမှာတော့ အနည်းငယ်ပိုများပါတယ်။ ဆိုးဆိုးရွားရွားဖြစ်တာကတော့ သက်လတ်ပိုင်းတွေနဲ့ သက်ကြီးရွယ်အိုတွေမှာပါ။

လက္ခဏာများ

Restless Legs Syndrome (Restless Leg Syndrome) ရဲ့လက္ခဏာတွေကဘာတွေလဲ

Restless leg syndrome ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ရွစိရွစိ၊ ပူပူလောင်လောင်၊ ယားကျိကျိ၊ တဆတ်ဆတ်တုန်နေသည့် ခံစားချက်မျိုးရှိခြင်း

ခြေထောက်ရှိသွေးကြောတွေထဲမှသွေးများတပွက်ပွက်ဆူနေသည်ဟုခံစားရခြင်း

ခြေထောက် အထူးသဖြင့် ခြေသလုံးတွင် နာကျင်စွာကြွက်တက်ခြင်း

မျက်နှာ၊ရင်ဘက်၊လက်တို့မှာလည်း ထိုခံစားချက်တွေရှိနေနိုင်ပါတယ်။ ခံစားချက်တွေဟာ အနည်းငယ်ကနေပြီး မခံမရပ်နိုင်ဖြစ်တဲ့အထိရှိတတ်ပြီး ညနေပိုင်းတွေ ညဘက်တွေမှာဆို ပိုဆိုးလာတတ်ပါတယ်။ ခြေလှုပ်ခြင်း၊ ခြေထောက်ကိုပွတ်ခြင်းတို့ဖြင့် သက်သာတာများပါတယ်။

တချို့လူတွေမှာ ရံဖန်ရံခါဖြစ်တတ်သော်လည်း တချို့ကတော့ နေ့တိုင်းလိုလိုဖြစ်နေတတ်ပါတယ်။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာသိဖို့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Restless Legs Syndrome (Restless Leg Syndrome) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်တယ်ဆိုတာကတော့ မသိတာများပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇကြောင့်လို့တော့ ခန့်မှန်းကြပါတယ်။ RLS ဖြစ်နေတဲ့သူတဝက်လောက်မှာ မိသားစုဝင်တွေထဲမှာလည်းရှိဖူးတယ်လို့ သိရပါတယ်။

Restless leg syndrome ဖြစ်စေသော၊ ပိုဆိုးစေသော အခြားအချက်အလက်တွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

နာတာရှည်ရောဂါများ။ သံဓါတ်ချို့တဲ့ခြင်း၊ ပါကင်ဆန်ရောဂါ၊ ကျောက်ကပ်ပျက်ခြင်း၊ ဆီးချိုသွေးချိုနဲ့ အပြင်ပန်းအာရုံကြောရောဂါတို့မှာ RLS လက္ခဏာတွေပြပါတယ်။ ထိုရောဂါတွေကို ကုသမယ်ဆိုရင် RLS သက်သာနိုင်ပါတယ်။

အအန်ပျောက်ဆေး၊ စိတ်ရောဂါဆေး၊ စိတ်ကျရောဂါဆေး၊ အအေးမိပျောက်ဆေးနဲ့ ဓါတ်မတည့်မှုအတွက်ဆေးများကြောင့်လည်း ရောဂါလက္ခဏာတွေ ပိုဆိုးလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အချို့လည်း RLS ရတတ်ပါတယ်။ အထူးသဖြင့် နောက်ဆုံး၃လမှာပါ။ ကလေးမွေးပြီး ၁လလောက်ဆိုရင် ပျောက်သွားတာများပါတယ်။

အရက်နဲ့ အိပ်ရေးပျက်ခြင်းတွေကလည်း ပိုဆိုးစေနိုင်ပါတယ်။ အိပ်ရေးဝအောင်အိပ်တာနဲ့ အရက်ဖျက်တာတို့က ရောဂါလက္ခဏာတွေကို သက်သာစေနိုင်မှာပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Restless Legs Syndrome (Restless Leg Syndrome) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အန္တရယ်ရှိအချက်များမှာ အောက်ပါတို့ပဲဖြစ်ပါတယ်။

အသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ရာခိုင်နှုန်းများလာပါတယ်။

လိင်။ မိန်းမတွေက ယောက်ျားတွေထက် ပိုဖြစ်တတ်ပါတယ်။

Restless leg syndrome ဟာ များသောအားဖြင့် ရှိရင်းရောဂါအခံတွေနဲ့ မဆက်နွယ်နေတတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်ရံတော့ အောက်ပါအခြေအနေတို့ဖြင့် ယှဉ်တွဲနေတတ်ပါတယ်။

အပြင်ပိုင်းအာရုံကြောရောဂါ။ လက်တွေခြေထောက်တွေမှာရှိတဲ့ အာရုံကြောတွေဟာ တစ်ခါတစ်ရံ ဆီးချိုနဲ့ အရက်တို့လိုမျိုးအရာတွေကြောင့် ပျက်စီးသွားတတ်ပါတယ်။

သံဓါတ်ချို့တဲ့ခြင်း။ သွေးအားနည်းရောဂါမရှိဘဲနဲ့တောင် သံဓါတ်ချို့တဲ့ခြင်းက Restless leg syndrome ကိုပိုဆိုးစေပါတယ်။ အစာအိမ်နဲ့ဝမ်းဗိုက်တို့မှာ သွေးထွက်ခြင်း၊ ရာသီအများအပြားလာခြင်း၊ သွေးခဏခဏလှူဖူးခြင်းကြောင့် သံဓါတ်ချို့တဲ့နိုင်ပါတယ်။

ကျောက်ကပ်ပျက်ခြင်း။ ကျောက်ကပ်ပျက်ရင် သံဓါတ်ချို့တဲ့ပြီး များသောအားဖြင့် သွေးအားနည်းရောဂါဖြင့် တွဲတတ်ပါတယ်။

ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်ရင် သွေးထဲရှိသံဓါတ်အားနည်တတ်ပါတယ်။ ခန္ဓါကိုယ်ဓါတုဖြစ်စဉ်တွေပြောင်းလဲပြီး Restless leg syndrome ပိုဆိုးသွားစေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Restless Legs Syndrome (Restless Leg Syndrome) ကို ဘယ်လိုအတည်ပြုပါသလဲ

RLS ကိုတိုက်ရိုက်စစ်ဆေးဖို့ နည်လမ်းမရှိပါ။ ဒါပေမယ့်လည်း ဆရာဝန်တွေက သွေးစစ်ခြင်းနဲ့ အခြားနည်းလမ်းတွေကို အသုံးပြုပြီး အဖြေထုတ်ပါလိမ့်မယ်။ RLS ကိုစစ်ဆေးတွေ့ရှိဖို့က လူနာ့ရောဂါလက္ခဏာတွေ၊ မိသားစုထဲမှာထိုရောဂါရှိမရှိ၊ သောက်သုံးသောဆေးဝါးများ၊ အခြားရောဂါတွေရှိမရှိနဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေရှိမရှိပေါ်မှာ မူတည်နေပါလိမ့်မယ်။

Restless Legs Syndrome (Restless Leg Syndrome) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကိုတော့ ရောဂါလက္ခဏာတွေ သက်သာစေဖို့ ပြစ်မှတ်ထားပါတယ်။ အနည်းငယ်နဲ့ အတော်အသင့်ပြင်းထန်မှုရှိတဲ့သူတွေမှာ ပုံမှန်ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးခြင်း၊ ပုံမှန်အိပ်ချိန်ထားခြင်း၊ ဆေးလိပ်၊အရက်၊ကဖင်းဖြတ်ခြင်း၊ လျော့သောက်ခြင်းတို့လိုမျိုး နေထိုင်မှုပုံစံပြောင်းရုံဖြင့် တိုးတက်မှုရှိနိုင်ပါတယ်။ RLS နဲ့ သက်ဆိုင်တဲ့ အခြေအနေတွေ ကုသခြင်းကလည်း ရောဂါလက္ခဏာတွေ သက်သာစေနိုင်ပါတယ်။

ဆေးဝါးအသုံးမပြုသော ကုသနည်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ခြေထောက်နှိပ်ပေးခြင်း

ခြေထောက်ကို ရေနွေးစိမ်ခြင်း၊ ရေနွေးအိပ်ကပ်ခြင်းနှင့် ရေခဲကပ်ခြင်း

အိပ်ချိန်မှန်မှန်ထားခြင်း

Relaxis လို့ခေါ်သော တုန်ခါနေသည့်အပြားလေးအသုံးပြုခြင်း

ဆေးဝါးတွေကလည်း RLS ကုသမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက် အလုပ်ဖြစ်တဲ့ ဆေးအမျိုးအစားတွေ မတူညီကြပါဘူး။ တစ်ယောက်အတွက် ကောင်းတဲ့ဆေးတောင်မှ အခြားတစ်ယောက်အတွက် အခြေအနေဆိုးသွားစေနိုင်ပါတယ်။ တစ်ခါတစ်လေ ခဏတာသာအလုပ်ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဆေးထိရောက်မှု ကျဆင်းသွားတာလည်းရှိပါတယ်။ RLS အတွက် ဆေးတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ဦးနှောက်ရှိ ဒိုပါမင်းထုတ်လွှတ်သည့်အပေါ်တွင် သက်ရောက်သော Dopaminergic ဆေးများ။ အတော်အသင့်နဲ့ ဆိုးရွားသော RLS အတွက် Neupro, Mirapex နဲ့ Requip တို့မှာ FDA ထောက်ခံမှုရရှိပြီသား ဖြစ်ပါတယ်။ Levodopa လည်း အသုံးပြုနိုင်ပါတယ်။ စိတ်ညိမ်ဆေးဖြစ်သော Benzodiazepine ကို အိပ်စက်မှုအတွက် အသုံးပြုမှာပါ။ ဒါပေမယ့်လည်း နေ့ဘက်တွေမှာ အိပ်ငိုက်စေတတ်ပါတယ်။

ဆိုးဆိုးရွားရွားနာကျင်နေတယ်ဆိုရင် ဘိန်းမှပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေးကို အသုံးပြုမှာပါ။

အတက်ရောဂါအတွက်အသုံးပြုသော Tegretol, Lyrica, Neurontin နဲ့ Horizant တို့လည်းရှိပါတယ်။

Restless leg syndrome အတွက် ကုသမှုမရှိသော်လည်း ယခုလက်ရှိနည်းလမ်းတွေကတော့ အခြေအနေကို ထိန်းချုပ်ပေးနိုင်ပြီး ရောဂါလက္ခဏာတွေကို သက်သာစေကာ အိပ်စက်မှုကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

Restless leg syndrome ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက Restless leg syndrome ကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

ညနေပိုင်းမှာ ဆေးလိပ်၊အရက်နဲ့ ကဖင်းတို့ကို ရှောင်ပါ။

ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်ဖြတ်ဖို့ကြိုးစားပါ။

နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါပေမယ့် အိပ်ရာဝင်ခါနီးတော့ မလုပ်ပါနှင့်။

ကောင်းမွန်သော အိပ်စက်ခြင်းရရှိဖို့ လေ့ကျင့်ယူပါ။ ဥပမာအားဖြင့် မှန်မှန်အိပ်၊ မှန်မှန်ထပါ၊ နေ့ဘက်တွေမှာ မအိပ်စက်ပါနှင့်၊ အိပ်ရာမဝင်ခင် အနားယူဖို့အချိန်ပေးပါ၊ ကော်ဖီတွေမသောက်ပါနှင့်။

ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်မယ့် ဆေးဝါးတွေကို ရှောင်ကျဉ်ပါ။ ဆေးကြောင့်ဖြစ်နေတယ်လို့ထင်ရင် မဖြတ်ဘဲဆက်သောက်ပြီး ဆရာဝန်ဖြင့် ပြသပေးပါ။

Restless leg syndrome ဖြစ်နေတဲ့အချိန်မှာ အောက်ပါတို့က ရောဂါလက္ခဏာတွေကို သက်သာစေပါလိမ့်မယ်။

ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

ညနေပိုင်းလောက်မှာ ရေပူဖြင့်ရေချိုးပါ။

ခြေထောက်ကြွက်သားတွေကို အပူ သို့မဟုတ် အအေး ကပ်ပေးပါ။

စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းလိုမျိုး စိတ်ကိုအခြားရောက်စေနိုင်မယ့် အရာတွေ ပြုလုပ်ပေးပါ။

ယောဂ၊ ထိုက်ကျိ၊ လမ်းလျောက်ခြင်းနဲ့ အကြောလျော့ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement