အဓိပ္ပါယ်ဖွင့်ဆိုချက်
Hypogonadism (လိင်ဂလင်းအားနည်းခြင်း) ကဘာလဲ။
လိင်ဂလင်းအားနည်းခြင်း သည် အင်္ဂါကိုယ်အတွင်းမှ လိင်အင်္ဂါဟော်မုန်းပိုင်းကိုထိသော ရောဂါဖြစ်သည်။ အဆိုပါဂလင်းများမှ လိင်အင်္ဂါဟော်မုန်းများကို ထုတ်ပေး၏။ အမျိုးသားများတွင် အဆိုပါဂလင်းများမှ ဝှေးစေ့များဖြစ်ပြီး အမျိုးသမီးများတွင်တော့ သားဥအိမ်များဖြစ်ကြပါသည်။
လိင်ဂလင်းအားနည်းခြင်း ဖြစ်သောလူများတွင် သူတို့၏လိင်ဟော်မုန်းပမာဏမှာ အလွန်နည်းပါးပြီး အဖို အမ ကြီးထွားမှု ဥပမာ ရင်သားဖွံဖြိုးခြင်း၊ ဝှေးစေ့ဖွံဖြိုးခြင်း၊ ဆီးခုံမွှေးပေါက်ခြင်း စသည်တို့တွင် ထိခိုက်မှုရှိနိုင်ပါသည်။ ရာသီစက်ဝန်းနှင့် သုက်ပိုးထုတ်လုပ်ခြင်းကိုပါ ထိခိုက်စေနိုင်၏။
မူလနှင့် တစ်ဆင့်ခံ လိင်ဂလင်းအားနည်းခြင်း ဆိုပြီး အမျိုးအစားနှစ်မျိုးရှိသည်။
- မူလ – ဤအမျိုးအစားသည် လိင်ဂလင်းများမှ စတင်ခြင်းဖြစ်သည်။ လိင်ဂလင်းများသည် ဦးနှောက်ဆီမှလာသော အချက်ပြများကို လက်ခံနိုင်စွမ်းရှိသေးသော်လည်း သူတို့ကိုယ်တိုင်က ဟော်မုန်းမထုတ်နိုင်တော့ခြင်း ဖြစ်သည်။
- တစ်ဆင့်ခံ – ဤအမျိုးအစားသည် ဟိုက်ပိုသာလမတ် သို့မဟုတ် ပစ်ကျူထရီဂလင်းမှ စတင်ခြင်းဖြစ်သည်။ ၎င်းတို့သည် လိင်ဂလင်းထုတ်လုပ်မှုကို ထိန်းချုပ်သော ဦးနှောက်အတွင်းမှ အပိုင်းများဖြစ်သည်။
Hypogonadism (လိင်ဂလင်းအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ
လိင်ဂလင်းအားနည်းခြင်း သည် အမျိုးသားများ၌ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ အသက်ကြီးသော အမျိုးသားများတွင် တက်စတိုစတီရုမ်းလယ်ဗယ်ကျခြင်းမှာ အဖြစ်များ၏။ အသက် ၆၅ နှစ်အထက် အမျိုးသား ၆၅ % ၌ တက်စတိုစတီရုမ်းလယ်ဗယ်မှာ အသက် ၃၀ – ၃၅ နှစ်လူများအောက် လျော့နည်းနေတတ်ပါသည်။
လက္ခဏာများ
Hypogonadism (လိင်ဂလင်းအားနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လိင်ဂလင်းအားနည်းခြင်း သည် ဘဝတစ်သက်တွင် မှတ်တိုင်သုံးခုတွင် ဖြစ်ပွားနိုင်သည်။ သန္ဓေသားဘ၀ ဖွံဖြိုးနေချိန်၊ လူပျိုဖော်မဝင်ခင် နှင့် အရွယ်ရောက်ပြီးချိန် တို့ဖြစ်သည်။ ဖြစ်ပွားလာနိုင်သော လက္ခဏာများမှာ –
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။