အဓိပ္ပါယ်ဖွင့်ဆိုချက်
Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။
သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊ အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။