တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။
အကြောင်းရင်းများ
Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
၉၅ ရာခိုင်နှုန်းလောက်မှာ လိုအပ်နေတဲ့အင်ဇိုင်းက 21-hydroxylase ဖြစ်တာကြောင့် CAH ကို 21-hydroxylase လိုအပ်သောရောဂါလို့လည်းခေါ်တယ်။
Autosomal recessive လို့ခေါ်တဲ့ မျိုးရိုးလိုက်ရောဂါပုံစံဖြစ်ပြီး ထိုရောဂါရှိတဲ့ကလေးတွေမှာ မိဘနှစ်ယောက်ထဲက တစ်ယောက်ကိုယ်တိုင်က CAH ရှိနိုင်သလို၊ နှစ်ယောက်စလုံးက CAH သယ်ဆောင်ထားတဲ့ ဗီဇပိုင်ရှင်တွေဖြစ်ပါတယ်။
ဖြစ်နိုင်ခြေများ
Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- မိဘနှစ်ပါးစလုံးတွင် CAH ရှိခြင်း သို့ နှစ်ဦးစလုံးက CAH ဖြစ်စေသောဗီဇကိုသယ်ဆောင်ထားသူများ ဖြစ်ခြင်း။
- တချို့သောလူမျိုးစုများ – ဂျူးလူမျိုးများ၊ အီတလီလူမျိုးများ၊ အမေရိကန်လက်တင်လူများမျိုးများ၊ အက်စကီးမိုးများ စသည်တို့မှာ ပိုဖြစ်တတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
မိသားစုဝင်တွေမှာ ဒါမှမဟုတ် မောင်နှမသားချင်းမှာ တူညီတဲ့ရောဂါရှိပါက သန္ဓြေသားလောင်းကို မမွေးခင်ကတည်းက စစ်ဆေးလို့ရပါတယ်-
- ရေမွှာရည်စစ်ခြင်း – အပ်တစ်မျိုးဖြင့် ရေမွှာရည်ယူကာ ဆဲလ်များကိုစစ်ဆေးခြင်းဖြစ်တယ်။
- အချင်းမှဆဲလ်တစ်မျိုးစစ်ဆေးခြင်း ။
မွေးကင်းစကလေး၊ နှင့် ကလေးငယ်များ
မွေးကင်းစကလေးတိုင်းကို အင်ဇိုင်းစစ်ဆေးခြင်းဖြင့် စစ်နိုင်ပါတယ်။ ထိုစစ်ဆေးမှုဟာ ကိုတော့မပြနိုင်ပါဘူး။ ရောဂါရှာဖွေမှုမှာ ဒါတွေပါပါတယ် –
- ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ချက်များ
- သွေးနှင့်ဆီးစစ်ခြင်း
- ဗီဇစစ်ခြင်း
- ကလေးငယ်လိင်ပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီးစစ်ဆေးခြင်းတို့ပါတယ်။
Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆေးဝါးကုသမှု
တေ့ွရအများဆုံးနည်းကတော့ ဟော်မုန်းအစားထိုးနည်းဖြစ်တယ်။ လျော့နည်းနေတဲ့ဟော်မုန်းကို ပုံမှန်ပမာဏရောက်အောင်၊ လကဏာတွေသက်သာအောင် ပြန်လုပ်ပေးတယ်။
ခွဲစိတ်မှု
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ
အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့ –
မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ကိုကာကွယ်နည်းမရှိတာကြောင့် တကယ်လို့ သင့်ကလေးမှာ ဖြစ်နိုင်ချေရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ မျိုးရိုးဗီဇဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ဖို့တော့ အကြံပေးပါလိမ့်မယ်။
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။