- ရွေ့လျားမှုမရှိခြင်း။ ကျန်းမာရေးမကောင်းခြင်း၊ ကျောရိုးမကြီး ထိခိုက်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
- အာရုံခံစားမှုမရှိခြင်း။ ကျောရိုးဒဏ်ရာရခြင်း၊ အာရုံကြော ချို့ယွင်းခြင်း စတာတွေဟာ အာရုံခံစားမှု မရှိခြင်း ဖြစ်နိုငါပတယ်။ နာကျင်မှု၊ မအီမသာဖြစ်မှုကို မခံစားနိုင်ခြင်းဟာ ကိုယ်အနေအထားကို ပြောင်းလဲဖို့ သတိပေးလက္ခဏာတွေကို မသိဘဲဖြစ်နိုင်ပါတယ်။
- အာဟာရနှင့် ရေဓါတ်နည်းခြင်း။ လူများဟာ အရည်များ၊ ကယ်လိုရီ၊ ပရိုတိန်း၊ ဗီတာမင် စတာတွေကို လု့လောက်စွာ လုအပ်ပါတယ်။ ဒါမှစာ အသားအရေကောင်းပြီး တစ်သျှူးတွေ ပျက်စီးခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- သွေးလည်ပတ်မှုကို ထိခိုက်စေသာ ရောဂါများ။ ဆီးချိုနဲ့ သွေးကြောရောဂါတွေဟာ သွေးလည်ပတ်မှုကို ထိခိုက်စေပြီး တစ်သျှူးတွေကို ထိခိုက်စေပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bedsores (pressure ulcers) ( အိပ်ရာနာ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ အနာရှိမရှိ၊ ဘယ်အဆင့်ရောက်နေသလဲ စသဖြင့် စစ်ဆေးပါလိမ့်မယ်။ အထွေထွေကျန်းမာရေး အခြေအနေသိရအောင် သွေးစစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။
Bedsores (pressure ulcers) ( အိပ်ရာနာ) ကို ဘယ်လိုကုသပါသလဲ
အိပ်ရာနာရှိရင် ကာကွယ်ဖို့နည်းလမ်းတွေ တိကျစွာ လိုက်နာခြင်း၊ တခြားအရေပြားတွေ ထိခိုက်မှုမရှိအောင် ဂရုစိုက်ခြင်း၊ အနာကျက်အောင် ဂရုစိုက်ခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။
တခြားကုသနည်းတွေကတော့ အနာရဲ့ အဆင့်အလိုက် လုပ်ဆောင်နိုင်ပါတယ်။ ပထမဦးစွာ အနာရဲ့ အနားက ကောင်းနေသေးတဲ့ အသားတွေကို အကာအကွယ်အုပ်ပြီး၊ ချောဆီလိမ်းပြီး ထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ ဒဏ်ရာရတဲ့နေရာကို ဆေးထည့်ပြီး၊ မကောင်းတဲ့ အသားတွေကို ဖယ်ထုတ်ပြီး အနာကျက်မြန်အောင် ပြုလုပ်နိုင်ပါတယ်။ လိုအပ်ရင် မကောင်းတဲ့အသားတွေကို ခွဲစိတ်ဖြတ်တောက်ရပါမယ်။ အနာနက်ရင် အရေပြား အစားထိုးခြင်း၊ ပြုပြင်ခွဲစိတ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
ရေဂါပိုးဝင်ရင် ပဋိဇီဝဆေးတွေ သောက်သုံးခြင်း၊ လိမ်းဆေးလိမ်းခြင်း၊ ဆေးသွင်းခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အိပ်ရာနာ အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
အလေးချိန်ကို မကြာခဏပြောင်းပါ။ ဝှီးချဲကို အသုံးပြုသူဆိုရင် ၁၅မိနစ် တခါ ပြောင်းလဲပါ။
တနာရီကြာတိုင်း အနေအထားပြောင်းလဲဖို့ အကူအညီတောင်းပါ။ ဖြစ်နိုင်ရင် ကိုယ့်အားလည်း ကိုယ်သုံးပါ။ အပေါ်ပိုင်းအားရှိရင် မိမိဖာသာ မတင်ပါ။
အထူးပြုလုပ်ထားတဲ့ ဝှီးချဲကိုသုံးပါ။ တချို့ဝှီးချဲတွေဟာ ဖိအားတွေကို သက်သာစေပါတယ်။
ကူရှင်များ၊ မွေ့ယာများ သုံးပါ။ ဖိအားကို သက်သာစေပါတယ်။ ဒိုးနပ်မုန့်ပုံစံ ကူရှင်ကို မသုံးပါနဲ့။ သူတို့ဟာ ဖိအားကို တနေရာတည်းမှာ စုနေစေပါတယ်။
အိပ်ရာအနိမ့်အမြင့်ကို ညှိပါ။ ခေါင်းပိုင်းကို မြှင့်ထားရင် ၃၀ဒီဂရီထက် မထောင်ပါနဲ့။ ဒီလိုလုပ်ခြင်းဟာ ဆန့်ကျင်ဘက်ပါတ်တိုက်ြခ်ငးအားကို ဖြစ်ပေါ်စေပါတယ်။
အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ နူးညံ့တဲ့ဆပ်ပြာများနဲ့ အရေပြားကို ဆေးကြောပါ။ ဆီး၊ ဝမ်း စတာတွေနဲ့ ထိတွေ့ပြီး စိုစွတ်နေတဲ့နေရာတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပါ။
အရေပြားကို ကာကွယ်ပါ။ ပေါင်ဒါဖြူးပါ။ ခြောက်သွေ့ရင် လိုးရှင်းလိမ်းပါ။ အိပ်ရာများ၊ အဝတ်အစားများ လဲလှယ်ပေးပါ။ အဝတ်အစားများရဲ့ ကြယ်သီးတွေ၊ အဝတ်ခေါက်တွေဟာ အရေပြားကို ထိခိုက်မနေအေပါင် သတိပြုပါ။
အရေပြားကို နေ့စဉ် စစ်ဆေးပါ။ အိပ်ရာနာဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ရှမရှိ စစ်ဆေးပါ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။