backup og meta

ဖွဘွတ်ကြီး၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျည်းတန်ခြင်း

Facebook ဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအားလုံးပေါ်မှာ စိတ်ပညာသဘောတရားအရ အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ဒါဟာ လှုမှုကွန်ယက်နဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားကြားမှာ ဆက်သွယ်မှုတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်တာမဟုတ်ပါဘူး။ ဒီနည်းညာသစ်ဟာ ကျွန်တော်တို့ရဲ့ မော်ဒန်လောကထဲကို အံ့သြမှင်သက်ဖွယ်ကောင်းကျိုးတွေအများကြီး ယူဆောင်လာပေးပါတယ်။ တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေအပြင် ဒီသက်ရောက်မှုမှာ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။

Facebook ကျွမ်းကျင်ကြသူများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ facebook ပေါ်မှာပဲ အချိန်ဖြုန်းနေလေလေ အွန်လိုင်းနဲ့ ပြင်ပကမ္ဘာပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေ ကြီးမားလာလေလေပါပဲ။ တစ်နည်းအားဖြင့်တော့ တစ်ဘက်သားက ဘယ်လိုခံစားရမလဲဆိုတာကို ခံစားနားလည်တတ်လာလေလေပါပဲ။

အွန်လိုင်းလူမှုကွန်ယက်ဟာလူငယ်တွေအတွက်တော့ အပြင်မှာသွားတွေ့စရာမလိုဘဲ စမတ်ဖုန်းတစ်လုံးကနေပဲ အပေါင်းအသင်းဆန့်အောင်ကူညီပေးနေသလိုပါပဲ။ ကန့်လန့်တိုက်နေတဲ့ ဂျစ်ကန်ကန်ကလေးငယ်တွေတောင်မှ လူမှုကွန်ယက်ပေါ်က ဆက်ဆံရေးတွေကနေပြီး နှစ်သိမ့်မှုနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကလေးတွေဟာလည်း အခက်ခဲဆုံး စိန်ခေါ်မှုတွေကို လူမှုကွန်ယက်သုံးပြီး ကျော်လွှားနိုင်ပြီပေါ့။ ပြောရမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဆက်ဆံရေးအသစ်တွေကို စတင်အစပြုနိုင်ပြီလေ။ သူတို့တွေဟာ မိတ်ဆွေဖွဲ့တဲ့နေရာမှာ အဆင်မပြေတဲ့ခံစားချက်ကြီးကို ကျော်လွှားသွားနိုင်ပြီး အွန်လိုင်းပေါ်မှာပဲ ရင်းနှီးခင်မင်မှုကိုရရှိသွားနိုင်ပါတယ်။

Facebook ဟာ မိသားစုတွေနဲ့ဆက်ဆံရေးကို ပိုပြီးကောင်းမွန်စေတဲ့အပြင် နီးကပ်နွေးထွေးတဲ့ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

လူမှုမီဒီယာတွေဟာလည်း ပညာသင်ကြားနေတဲ့ကလေးတွေအတွက် ကောင်းကျိုးတစ်ခုဖြစ်စေနိုင်ပါသေးတယ်။ ကလေးတွေအတွက် မော်ဒန်ကမ္ဘာကြီးထဲမှာ လက်တွေ့သဘောတရားတွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ဖို့ဆိုတာ မရှိမဖြစ်ကို အရေးကြီးလှပါတယ်။ လက်တွေ့မှာလည်း ကလေးတွေဟာ နည်းပညာတွေနဲ့ ပိုပြီး အကျွမ်းဝင်လာနိုင်တယ်။ သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပြီး မတူညီတဲ့အတွေးအမြင်သစ်တွေကို ထိတွေ့နိုင်စွမ်းရှိလာနိုင်တဲ့အပြင် သူတို့ရဲ့ လူမှုဆက်ဆံရေးပညာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။

ဒါဆိုရင် .. မကောင်းတာတွေကရော…

Facebook ဟာ ယနေ့ခေတ် လူမှုဆက်ဆံရေးတွေအတွက်တော့ စွမ်းအားအကြီးဆုံး မီဒီယာတစ်ခုဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။

ဒါပေမယ့် Facebook သုံးစွဲခြင်းရဲ့ အမှောင်ကမ္ဘာခြမ်းကြီးကလည်းရှိနေပါသေးတယ်။ ဒါကိုတော့ Facebook Depression ( facebook စိတ်ကျဝေဒနာ)လို့ခေါ်တွင်ပြီး ဒီထဲမှာ စိုးရိမ်သောကတွေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတွေနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အပြုအမူအလေ့အထတွေပြုလုပ်လာခြင်း (ပြောင်းလဲလာခြင်း) စတာတွေပါ ပါဝင်နေပါတယ်။

ဆယ်ကျော်သက်တွေကြားမှာ Facebookအသုံးပြုလွန်နေခြင်းဟာ narcissism(မိမိကိုယ်ကို အချစ်လွန်ခြင်း) နဲ့ သိသာထင်ရှားစွာဆက်စပ်နေပါတယ်။ လူငယ်တွေကြားထဲမှာလဲ Facebook ကို အလွန်အကျွံအသုံးပြုခြင်းဟာ Antisocial Personality Disorder၊ Histrionic Personality Disorder၊ စိတ်ကြွရောဂါနဲ့ ရက်စက်ကြမ်းကြုတ်ခြင်း၊ Passive-Aggressive၊ Borderline၊ အကြောက်လွန်ရောဂါ၊ Somatoformစတာတွေနဲ့ ဆက်စပ်နေပါတယ်။

TV၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းတွေ၊ အင်တာနက်တွေ စတဲ့ မီဒီယာတွေနဲ့ ထိတွေ့တာများလာခြင်းဟာ ပေါက်ကွဲလွယ်တဲ့အပြုအမူတွေရယ်၊ တစ်ကိုယ်တည်းအထီးကျန်စွာနေထိုင်တာတွေရယ်နဲ့ ဆက်စပ်နေပါတယ်။ ၁၅မိနစ်တိုင်းမှာ တစ်ကြိမ် facebook ကို စစ်ဆေးနေတာကလည်း အမှတ်တွေလျော့ကျခြင်းရဲ့ တရားခံပါပဲ။

Facebook ရဲ့ အကျည်းတန်ခြေရာများ : အင်တာနက်စွဲလမ်းခြင်း

နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဆောင်နိုင်တော့ဘဲ အင်တာနက်ကို အလွန်အကျွံအသုံးပြုခြင်းကို အင်တာနက်စွဲလမ်းနေခြင်းလို့ သတ်မှတ်ကြပြီး ဒါတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးဆက်ကို ဦးတည်နေပါတယ်။ အင်တာနက်သုံးစွဲရတာကို စွဲလမ်းနေတဲ့ လူငယ်လေးတွေမှာတော့ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ရာကို ထပ်ခါထပ်ခါပြုလုပ်နေတာတွေ၊ စိတ်ကျရောဂါ၊ အာရုံစိုက်ခြင်းခံယူလိုမှုအတွက်တက်ကြွလွန်နေခြင်းတွေ (Attention deficit hyperactivity disorder) ၊ ကန့်လန့်တိုက်ခြင်းတွေနဲ့ အခြားသော ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတတ်ပါတယ်။

မိဘများအတွက် အသုံးဝင်နိုင်မည့်အချက်များ

မိဘတွေနဲ့ သားသမီးတွေကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ဖို့အတွက် မှန်ကန်တဲ့နည်းပညာတွေကို ကြိုတင်ပြီး မကြာခဏအသုံးပြုတဲ့အကြောင်းကို စတင်ပြောပြဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှသာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆိုလိုတာက အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် အနှောက်အယှက်ဖြစ်စေတဲ့ ပုံရိပ်တွေကိုမြင်ရတာပဲဖြစ်ဖြစ် သင့်ကလေးတွေက သင့်ကိုအသိပေးကြမှာပါ။ ကလေးတွေနဲ့ စကားပြောတဲ့အချိန်မှာ သူတို့နဲ့ တစ်တန်းတည်းဖြစ်နေစေဖို့အတွက် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးပြောပါ။

အခြားသော အချက်များ

(၁) နည်းပညာအသုံးပြုပုံတွေအတွက် စည်းကမ်းနဲ့ ကန့်သတ်ချက်တွေထားရှိပါ။

(၂) ဒီစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေ အကြောင်းကို ကလေးတွေထံမှလည်း နားထောင်ပါ။

(၃) စည်းကမ်းဖောက်ဖျက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ပြောပြပါ။ ဒီအကျိုးဆက် ပြစ်ဒဏ်တွေဟာ အစပိုင်းမှာ သေးငယ်ပေမယ့် လိုအပ်မယ်ဆိုရင်တော့ ပြင်းထန်လာပါစေ။ ကလေးရဲ့ အပြောအဆိုအပြုအမူတွေကို ပြင်ဆင်ပေးနိုင်အောင် ကြိုးစားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Facebook: The Good, the Bad, and the Ugly
http://www.webmd.com/parenting/news/20110808/facebook-good-bad-ugly#1.
Accessed: January 20 2017
The Bad, the Ugly, and the Good of Children’s Use of Social Media
http://www.huffingtonpost.com/dr-jim-taylor/the-bad-the-ugly-and-the_b_3346768.html
Accessed: January 20 2017

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement