ရိုးရာလေးတွေဖန်တီးကြည့်ပါ။
သူတို့ရဲ့ဘိုးစဉ်ဘောင်ဆက် အကြောင်းလေးတွေ၊ ရိုးရာလေးတွေကို သိထားတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားပြီး ဘဝကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပိုမြင့်မားပါတယ်။
တနင်္ဂနွေညတိုင်းမှာ ညနေစာအတွက် Pancakes လုပ်တာပဲဖြစ်ဖြစ် ကားပေါ်က ဆင်းတဲ့အချိန်တိုင်း၊ တစ်နေရာရာသွားလို့ပြန်လာချိန်တိုင်း အမှတ်အသားစကားလေးတစ်ခုခုကိုပြောလိုက်တာမျိုးပဲ ဖြစ်ဖြစ် ဒီလိုအပြုအမူလေးတွေက မထင်ထားရလောက်အောင် မိသားစုကြားက နှောင်ကြိုးကိုခိုင်မာစေပါတယ်။
“ အိမ်ရဲ့ရိုးရာဓလေ့လေးတွေဟာ ကလေးတွေအတွက် သူတို့ဟာဘယ်သူလဲ၊ ဘာအတွက်သူတို့နေနေတာလဲ၊ သူတို့နေရာက ဘာလဲဆိုတာတွေကို ပိုပြီးနားလည်သဘောပေါက်စေတယ်လို့ The Happy Family: Restoring the 11 Essential Elements That Make Families Work ကို ပူးတွဲရေးသားသူ Richard Eyre က ဆိုပါတယ်။ “ ဒါတွေဟာ လူကြီးတွေအတွက်တော့ အရေးမပါပေမယ့် ကလေးတွေအတွက်ကတော့ အလွန်တရာအရေးကြီးပါတယ်”
နယူးယောက်ခ်ရဲ့ Syracuse တက္ကသိုလ်ရဲ့ စိတ်ပညာPhD, ပရောဖက်ဆာနဲ့ တာဝန်ရှိသူဖြစ်တဲ့ Barbara Fiese ကတော့ “ပျော်ရွှင်စရာမိသားစုတွေမှာ အဓိပ္ပါယ်ရှိတဲ့ အခမ်းအနားလေးတွေ၊ သူတို့ကို စိတ်ဖိစီးမှုမဖြစ်စေတဲ့ အခမ်းအနားလေးတွေ ရှိတတ်ပါတယ်။” ဆိုပြီး သဘောတူခဲ့ပါတယ်။ သူမက “ စနေနေ့မနက်တိုင်း မုန့်လုပ်စားတာမျိုး၊ တစ်ပတ်မှာတစ်ညပီဇာစားကြတာမျိုး ဒါမှမဟုတ် မိသားစု သီချင်းဆိုကြတာမျိုးလေးတွေက သင့်မိသားစုအတွက်တော့ အဖိုးဖြတ်မရတဲ့အရာတွေပါပဲ။ ဒီလိုအခမ်းအနားလေးတွေဟာ မိသားစုဝင်တွေကို ပိုပြီးရင်းနှီးစေပါတယ်။ ဘာကြောင့်ဆို သူတို့တွေက ဒီလိုအချိန်တွေ အများကြီးကို အတူတူဖြတ်သန်းကြရတာမဟုတ်လား” လို့ဆိုပါတယ်။
စာရင်းပြုပါ။
စာရင်းကို ဇယားသုံးခုခွဲပြီး သက်ဆိုင်ရာ ခေါင်းစဉ်တပ်ပါ။ “လုပ်ရမယ့်အလုပ်”၊ “ လုပ်နေဆဲ” နဲ့ “လုပ်ပြီး” ဆိုတာမျိုးပေါ့။ မိသားစုဝင်တစ်ယောက်က အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုရင် ပထမဇယားကွက်ထဲကနေ ဒုတိယအတါက်ကို ရွှေ့လိုက်ပါ။ စသဖြင့် စသဖြင့် အစီအစဉ်ချသွားပါ။ ဒီလိုနဲ့ပဲ ခါတိုင်းလုပ်နေကျထက်ကို ၂ဆလောက်အလုပ်ပိုပြီး ပြီးမြောက်သွားပါလိမ့်မယ် လို့ Agile Manifesto ကို ပူးတွဲရေးသားခဲ့သူဖြစ်တဲ့ Jef Sutherland က ဆိုပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။