Achondroplasia ဆိုတာ ရှားရှားပါးပါး မျိုးရိုးဗီဇ ချို့ယွင်းခြင်းကြောင့် ဖြစ်တဲ့ အရိုးဖွံ့ဖြိုးမှု မူမမှန်သောရောဂါတစ်ခု ပါပဲ။ ယင်းချို့ယွင်းမှုက အချိုးမညီတဲ့ အရပ်ပုခြင်း တွေကို ဖြစ်စေလာပါတယ်။ ထိုအခြေအနေကြောင့်ပဲ အရိုးနုတွေက နဂိုပုံစံ အတိုင်း မကြီးထွားနိုင်တော့ပါဘူး။ အရိုးမဖွံ့ဖြိုးသောရောဂါ (Achondroplasia) ရှိလား၊မရှိဘူးလားဆိုတာကို ဆုံးဖြတ်ရာတွင် ယောက်ျားတွေမှာ အရပ် ၁၃၁ စင်တီမီတာ နဲ့ မိန်းမတွေမှာ ၁၂၄ စင်တီမီတာ အောက် ရောက်လား၊မရောက်လားဆိုတာနဲ့ ဆုံးဖြတ်နိုင်ပါတယ်။
အရိုးမဖွံ့ဖြိုးသောရောဂါ (Achondroplasia) ကို သားသမီးတွေက မိဘတွေဆီကနေ လက်ခံရရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အများစု (၈၀ရာခိုင်နှုန်း)က မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်ကြတာပါ။
အရိုးမဖွံ့ဖြိုးသောရောဂါ က အလွန့်အလွန်ကို အဖြစ်များပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ယင်းရောဂါဖြစ်ပွားနိုင်ချေကို မြင့်မားစေသည့်အရာများကို ရှောင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ်ထပ်မံ သိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အရိုးမဖွံ့ဖြိုးသောရောဂါ ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့
• အရပ်ပုနေခြင်း
• ယောက်ျားလေးများအတွက်။ ၁၃၁ စင်တီမီတာ လောက် အရပ်ရှိခြင်း
• မိန်းကလေးများအတွက်။ ၁၂၄ စင်တီမီတာ လောက် အရပ်ရှိခြင်း
• ခြေလက်များတိုနေခြင်း။ အထူးသဖြင့် လက်နဲ့ပေါင်များ တိုနေပြီး တံတောင်ဆစ် သိပ်မလှုပ်နိုင်ခြင်း
• ဦးခေါင်းကြီးခြင်း ၊ နှာဖူးကျယ်ခြင်း
• လက်ချောင်းလေးများတိုခြင်း ။ လက်ချောင်း သုံးခွဖြစ်နေခြင်း အဘယ်ကြောင့်ဆိုသော် လက်ညှိုးနှင့် လက်ခလယ်ကြား ဖြာထွက်ကွာဟ နေသောကြောင့်ဖြစ်သည်။
• အရိုးမဖွံ့ဖြိုးသောရောဂါ နဲ့ ဆိုင်တဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
• အသက်ရှုခြင်းဆိုင်ရာ ချို့ယွင်းမှုများ။ အသက်ရှုနှေးခြင်း သို့မဟုတ် အသက်ရှုခဏ ရပ်ခြင်း
• အဝလွန်ခြင်း
• နားပိုးဝင်ခြင်း ခဏခဏ ဖြစ်ခြင်း
• ခါးကိုင်းခြင်းနှင့် ခါးနာခြင်း
• ကျောရိုး အခေါင်းပေါက် ကျဉ်းခြင်း
• ဦးခေါင်းအတွင်းအရည်များစုဝေးပြီး ခေါင်းကြီးနေသောရောဂါ (hydorcephalus)
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အောက်ပါအချက်များတွေ့ရပါက ဆရာဝန် ပြပေးပါ။
• အသက်အရွယ်၊ ယောက်ျားမိန်းမပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်သော အရပ်မရှိခြင်း
• အရပ်နှင့် ယှဉ်သော် ခြေလက်များတိုနေခြင်း
• လက်ချောင်းများတိုနေခြင်း ၊သုံးခွပဲ ရှိခြင်း
• အချိုးအစားမညီပဲ ဦးခေါင်းကြီးနေခြင်းနှင့် ပုံမှန်မဟုတ်ဘဲ နဖူးကြီးနေခြင်း
• အသက်ရှုခဏရပ်သွားခြင်း
• ခေါင်းထဲတွင် အရည်များစုဝေးပြီး ခေါင်းကြီးခြင်း
• တံတောင်ဆစ် လှုပ်ရှားရခက်ခြင်း
• အဝလွန်ခြင်း
• နားတွင် ခဏခဏ ပိုးဝင်နေခြင်း
• ခါးကိုင်းခြင်း။
Achondroplasia ဆိုတာ မိခင်ဝမ်းအတွင်း ဖွံ့ဖြိုးစဉ်မှာ FGFR3 မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် အရိုးနုကနေ အရိုးအဖြစ်ကို မပြောင်းလဲနိုင်အောင် တားမြစ်ခြင်းခံရသောကြောင့်ဖြစ်သည်။
အရိုးမဖွံ့ဖြိုးသောရောဂါ ကို အဖြစ်များစေသော အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
• ထိုရောဂါ ခံစားနေရတဲ့ အဖေ သို့မဟုတ် အမေ ရှိနေခြင်း
• FGFR3 မျိုးရိုးဗီဇ ချို့ယွင်းမှုရှိသော အဖေ သို့မဟုတ် အမေ ရှိနေခြင်း
• ဖခင် အသက်ကြီးနေခြင်း
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Achondroplasia ကို မမွေးခင်ကိုယ်ဝန်ဆောင်နေစဉ်ကာလ ကတည်းက စပြီး စစ်ဆေး အဖြေရှာ အတည်ပြုနိုင်ပါသည်။
• ကိုယ်ဝန်ရှိနေစဉ်အတွင်း
• အာထရာဆောင်းရိုက်ခြင်းက ဦးနှောက်တွင် အရည်များစု၍ ခေါင်းကြီးနေခြင်း (Hydrocepalus) ၊ ဦးခေါင်း ပုံမမှန်ကြီးနေခြင်း ကဲ့သို့သော အရိုးမဖွံဖြိုးသောရောဂါ (Achondroplasia) ရဲ့ ဝိသေသ လက္ခဏာတွေကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။
• အရိုးမဖွံ့ဖြိုးသောရောဂါ ကို အချင်း (သို့) ရေမြွှာရည် နမူနာမှတစ်ဆင့် မျိုးရိုးဗီဇ စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။
• ကလေးမွေးပြီးနောက်တွင် အရိုးမဖွံ့ဖြိုးသောရောဂါ ကို အောက်ပါ အချက်များဖြင့် စစ်ဆေးနိုင်ပါတယ်။
• အရိုးမဖွံ့ဖြိုးသောရောဂါ ၏ ရုပ်သွင်လက္ခဏာများရှိခြင်း
• X-rays ၊ အာထရာဆောင်း နှင့် အခြားသော နည်းလမ်းများဖြင့် ကလေးရဲ့ အရိုးအရှည်ကို တိုင်းတာခြင်း။ FGFR3 မျိုးရိုးဗီဇကို သွေးမှ စစ်ဆေးခြင်း။
အရိုးမဖွံ့ဖြိုးသောရောဂါ အတွက် တိကျသော ကုသမှု မရှိပါဘူး။ ဒီရောဂါ ကြောင့် နောက်ဆက်တွဲ ထူထူးခြားခြားပြဿနာတွေ ဖြစ်လာမယ်ဆိုရင်တော့ အချိန်မှီ ကုသနိုင်ရန် ဆရာဝန်အား အသိပေးပါ။ ဥပမာအားဖြင့်
• ကျောရိုး အတွင်းခေါင်းပေါက် ကျဉ်းပြီး ကျောရိုးမကြီးကို ဖိနေ သောအခြေအနေမျိုးတွင် ခွဲစိတ်ကုသခြင်း
• မြီးကောင်ပေါက်အရွယ်တွင် ကျောရိုးမကြီးအား ခွဲစိတ်ကုသခြင်း
• ခြေရိုးလက်ရိုးများ ရှည်စေရန်နှင့် ကွေးနေသော ခြေထောက်များ ပြန်ကောင်းစေရန် အရိုးများကို ခွဲစိတ်ကုသခြင်း
• ကျောရိုးခေါင်းပေါက် ကျဉ်းနေခြင်းကို ခွဲစိတ် ကုသခြင်း ( lumbar Laminectomy)
• ဦးခေါင်းတွင်း အရည်များစုနေပြီး ဦးခေါင်းကြီးနေခြင်း (hydrocephalus) ကို ကုသဖို့အတွက် shunt ဟုခေါ်သော ပိုက်ထည့်ပြီး အရည်များကို ထုတ်ခြင်း
• နားပိုးဝင်ခြင်း ( otitis media ) အတွက် ပိုးသတ်ဆေး ပေးခြင်း
• သွားထပ်နေခြင်းများကို ရှောင်ရှားရန် သွားညှိပေးခြင်း
• အဝမလွန်စေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
• ကလေး၏အရိုးများ ကြီးထွားမှု မြန်စေရန် ကြီးထွား ဟော်မုန်းများဖြင့် ကုသခြင်း
အောက်ပါ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးတွေက အရိုးမဖွံ့ဖြိုးသောရောဂါ (Achondroplasia) ကို ရင်ဆိုင် ရာတွင် ကူညီနိုင်ပါလိမ့်မယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။