လူတော်တော်များများမှာ စိတ်ဖိစီးတဲ့အချိန် ဒါမှမဟုတ် အကြံကုန်ဂဠုန်ဆားချက် ကြရင် ခဲတံကိုက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ နှုတ်ခမ်းကိုက်တာတို့ကို သတိမမူမိဘဲ ပြုလုပ်မိလေ့ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အလေ့အကျင့် မတူကြပေမဲ့ တော်တော်များများကတော့ လက်သည်းကိုက်တတ် ကြပါတယ်။ ဒီအကျင့်ကတော့ ပုံမှန်အတိုင်းဆို ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ တကယ်တမ်းကြတော့ လူတွေရဲ့ကျန်းမာရေးအတွက် များစွာစိုးရိမ်စရာကောင်းပါတယ်။