အသည်းရောင်ရောဂါအမျိုးမျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 23, 2020 . 2 mins read
Share now

ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဆိုသည်မှာ အသည်း၏လုပ်ငန်းများကိုထိခိုက်စေပြီး အသည်းကင်ဆာအထိဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာအသည်းရောင်ရောဂါဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများကွာခြားပါသည်။

အသည်းရောင်ရောဂါ(အေ)ပိုး

အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသောရေနှင့် အစားအစာတို့မှကူးစက်နိုင်ပါသည်။ ထို့အပြင်လိင်ဆက်ဆံခြင်းမှလည်းကူးစက်နိုင်သည်။

မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းသောနေရာများတွင်အဖြစ်များသည့်အတွက်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှြုမှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံထိရောက်သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။

အသည်းရောင်ရောဂါ(ဘီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ(ဘီ)ပိုးကြောင့်ဖြစ်သော ပြင်းထန်သည့်အသည်းရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓါကိုယ်မှ အရည်များဖြင့်ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။ ရောဂါပိုးပါသောသွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်းကူးစက်နိုင်သည်။

အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိခင်မှကလေးမွေးချိန်တွင်လည်းကောင်း ၊ကလေးငယ်သေးချိန်တွင်အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်းကူးစက်နိုင်သည်။ တစ်နှစ်အောက်ကလေးနှင့်ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ)ဖြစ်လွယ်သည်။

ကျန်းမာရေးလုပ်သားများတွင်လည်း အဖြစ်များပြီးရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှကူးနိင်သည်။ လုံခြုံထိရောက်သောကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်သေးပါ။

ရောဂါပိုးရှိသူသည် အခြားသူများအားမကူးစက်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွားစေရန် ပြုလုပ်ရမည်ဖြစ်သည်။

အချို့သူများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှုသည် နာတာရှည်အဖြစ်သို့ ကူးပြောင်းသွားတတ်ပါသည်။ ကူးစက်ခံရပြီး ခြောက်လကျော်သည်အထိ ပိုးမပျောက်ကင်းသည့်အခါ နာတာရှည်အသည်းရောင်(ဘီ) အဖြစ်သတ်မှတ်ပြီး နာတာရှည် အသည်းရောင် (ဘီ) သမားများတွင် အသည်းပျက်စီးမှုနှင့် အသည်းကင်ဆာ၊ အသည်းခြောက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာစေပါသည်။

အသည်းရောင်ရောဂါ(စီ)ပိုး

အသည်းရောင်ရောဂါ(စီ)ပိုးသည် အသည်းကိုတိုက်ခိုက်ပြီး အသည်းအားရောင်ရမ်းစေတတ်သော ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးပါသောသွေးနှင့်ထိတွေ့ခြင်း၊ မူးယစ်ဆေးသုံးစွဲစဉ်အပ်များမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်နိုင်ရုံသာမက လိင်မှတစ်ဆင့်(အဖြစ်နည်း)လည်း ကူးစက်နိုင်သည်။ အသည်းရောင်အသည်းဝါ(စီ)ပိုး အသည်းရောင်အသည်းဝါပိုးများထဲတွင် အဆိုးဆုံးဖြစ်သည်။ ကာကွယ်ဆေးမရှိပါ။

အသည်းရောင်ရောဂါ(ဒီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)ပိုးရှိသောသူသည် အသည်းရောင်ရောဂါ(ဒီ)ပိုးပါတွဲရှိနေတတ်ပြီး ပို၍ဆိုးဝါးသောရလဒ်များရရှိနိုင်သည်။ ဘီပိုးကာကွယ်ဆေးသည် ဒီပိုးအတွက်လည်းကာကွယ်မှုပေးသည်။

အသည်းရောင်ရောဂါ(အီး)ပိုး

အသည်းရောင်ရောဂါ(အီး)ပိုးသည် မသန့်ရှင်းသောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်သည်။ အချို့ဖွံဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်ရောဂါများအဖြစ်များသည်။ ကာကွယ်ဆေးများထွက်ပေါ်နေပြီဖြစ်သော်လည်း ကျယ်ပြန့်စွာမရရှိနိုင်သေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာဖြစ်ခဲပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 19, 2020 . 4 mins read

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 1 min read
သည်းခြေအိတ်အကြောင်း သိကောင်းစရာ

သည်းခြေအိတ်အကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read

FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 29, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read