ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 25, 2020 . 3 mins read
Share now

ကြီးကြီးမားမား ထိခိုက်မိတာမျိုးတွေလည်း မရှိဘဲနဲ့ လက်တွေ ခြေထောက်တွေမှာ ခဏခဏ အညိုအမည်းစွဲ သွေးခြည်ဥတာမျိုးတွေ ဖြစ်နေပြီလား။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။

အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။

သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။ အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေ တွေ့ရင် ပုံမှန် မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

  • ထိခိုက်မိတာတော့ နည်းနည်းလေး ဒါပေမယ့်သွေးခြည်ဥနေတာက အကြီးကြီးဖြစ်နေတာ
  • အကြောင်းအရာတိတိပပ မရှိဘဲနဲ့ သွေးခြည်ဥရာတွေ အများကြီးပေါ်နေတာ
  • သွေးခြည်တစ်ခါဥ ပြီးသွားရင် ပြန်ပျောက်အောင် လနဲ့ချီပြီးစောင့်ရတာ
  • ထိခိုက်မိပြီး သွေးထွက်တာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ မတိတ်တာ မျိုးတွေ ဖြစ်နေရင် ဒါပုံမှန် မဟုတ်ဘူးလို့ ယူဆိုလို့ရပါတယ်။

ဒါဆို ဒီလို ကြီးကြီးမားမား ထိခိုက်ထားတာမျိုးတွေ မရှိဘဲနဲ့ သွေးခြည်ဥတာလွယ်လွယ်ဖြစ်နေရတာ ဘာ့ကြောင့်လဲ။ နည်းနည်းပါးပါးထိခိုက်မိရုံလောက်နဲ့ သွေးခြည်ဥ တာ မဖြစ်တတ်ကြဘူးလေ။

သွေးခြည်ဥလွယ်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ ။

အသက်ကြီးတဲ့သူတွေ

အသက်ကြီးလာတဲ့အခါ သွေးကြောလေးတွေက ပါးပါးလာပြီး အားနည်းလာတာကြောင့် နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အသက်ကြီးတော့ ပါးလာတဲ့ အရေပြားကြောင့်လည်း သွေးခြည်ဥတာတွေ ပိုပြီး ထင်းနေတတ်ပါတယ်။

သောက်ဆေးများ

  • သွေးကျဲဆေး – သွေးကျဲဆေးဆိုတော့ ထုံးစံအတိုင်း သွေးခဲမဖြစ်အောင် ကာကွယ်ပေးနေရတော့ ဒီဆေးတွေ စွဲသောက်ပါများလာရင် နောက်ပိုင်း နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးထွက်လွယ်နေတတ်လို့ သွေးခြည်ဥတာမျိုးတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ နာမည်ကြီးတွေကတော့ wafarin တို့ heparin ပေါ့။
  • တချို့တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba၊ ဂျင်ဆင်းနဲ့ ကြက်သွန်ဖြူ ဂျင်းတွေ အများကြီးပါတဲ့ တိုင်းရင်းဆေးတွေကျတော့ သွေးကြောတွေကို အားနည်းစေပြီး သွေးယိုတဲ့ ပြဿနာကိုဖြစ်စေတတ်ပါတယ်။
  • စတီးရွိုက်တို့၊ စိတ်ကျရောဂါဆေးတို့၊ ကလည်း သွေးကြောတွေကို တဖြည်းဖြည်းပါးလာစေတာကြောင့် သွေးခြည်ဥတာအလွယ်တကူဖြစ်စေတတ်ပါတယ်။

ဒါ့ကြောင့်ဒီဆေးတွေသောက်ပြီး ကိုယ့်ဆီမှာ သွေးခြည်ဥတာ၊ ထိခိုက်မိပြီးရင် သွေးတော်တော်နဲ့ မတိတ်တာမျိုး ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ သေချာ ဆွေးနွေးပြီး ဆေးကနေရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ပြန်ချိန်ဆသင့်ပါတယ်။

အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ အသည်းရောဂါဖြစ်နေတဲ့သူတွေ

ကိုယ်ခန္ဓာမှာ သွေးထွက်ခဲ့ရင် သွေးတိတ်အောင်လုပ်ဖို့အတွက် အသည်းကနေ သွေးတိတ်စေတဲ့ ပရိုတင်းလေးတွေထုတ်ပေးရပါတယ်။ ဒီတော့ သွေးတိတ်စေဖို့အတွက် အသည်းရဲ့လုပ်ဆောင်မှုကလည်း အရေးကြီးသေးတာပေါ့။ ဒီတော့ အသည်းကိုပျက်စီးစေတဲ့ ပြဿနာတွေဖြစ်တဲ့အရက်အလွန်အကျွံသောက်တာ၊ အသည်းခြောက်တာနဲ့ အသည်းရောဂါဖြစ်နေတဲ့ပြဿနာမျိုးတွေမှာ သွေးခြည်ဥတဲ့ပြဿနာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။

သွေးနဲ့ပက်သက်တဲ့ ရောဂါတစ်ခုခုခံစားနေရတာ

မွေးရာပါ သွေးခဲခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ တစ်ခုဖြစ်တဲ့ Von Willebrand disease ဝေဒနာခံစားနေရတဲ့သူတွေမှာ သွေးတိတ်စေဖို့ တကယ်ကို အရေးကြီးတဲ့ Von Willebrand ပရိုတင်းလေးပါမလာတာ ၊နည်းနေတာကြောင့် သွေးခြည်ဥတဲ့ ပြဿနာ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဒီ Von Willebrand ပြဿနာက မျိုးရိုးဗီဇပြဿနာဖြစ်တာကြောင့် အသက်ကြီးတဲ့သူတွေထက် မွေးကင်းစကလေးတွေနဲ့ ငယ်တဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။

Haemophilia လို့ ခေါ်တဲ့ မျိုးရိုးလိုက် သွေးရောဂါမှာလည်း တစ်ခုခုနဲ့ ထိမိစောင့်မိရင် အတွင်းမှာ သွေးမတိတ်ဘဲ အညိုအမည်းစွဲတတ်ပါတယ်။ ဒူးဆစ်တို့၊ တံတောင်ဆစ်တို့ဆိုရင် အဆစ်ထဲမှာ သွေးယိုတာကြောင့် အဆစ်တွေ ရောင်လာတတ်ပါတယ်။

ဗီတာမင် ချို့တဲ့မှု

ဗီတာမင်တွေထဲမှာ သွေးနဲပက်သက်လို့ တာဝန် အရှိဆုံးကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ချို့တဲ့ရင် သွားဖုံးသွေးယိုတဲ့ ပြဿနာဖြစ်တယ်ဆိုတာ ကြားဖူးတယ်မလား။ နောက်သွေးထွက်တာ၊ သွေးတိတ်တာနဲ့ ပက်သက်လို့တာဝန်ရှိတဲ့ နောက်ဗီတာမင် တစ်ခုကတော့ ဗီတာမင် K ပဲ ဖြစ်ပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့သူတွေဟာ အခြားသူတွေထက်စာရင် သွေးတိတ်တာပိုကြာတတ်ပြီး သွေးခြည်ဥတာလည်း ပိုလွယ်တတ်ပါတယ်။

သွေးကြောရောင်ခြင်း

သွေးကြောရောင်တဲ့ပြဿနာရှိတဲ့သူတွေမှာ သွေးကြောတွေပုံမှန်မဟုတ်တာကြောင့် သွေးယိုတာတွေနဲ့ သွေးခြည်ဥတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Senile purpura

ဒါကတော့ အသက်၅၀ နောက်ပိုင်းလူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လက်ပြင်နားတွေမှာ ခရမ်းရောင်ပြင်လိုက် အညိုအမဲစွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ထိခိုက်မိတာသေးသေးလေးတစ်ခုကနေ ဖြစ်တာဖြစ်ပြီး ပြန်ပျောက်ဖို့အချိန်ယူရတဲ့အပြင် အရွယ်အစားကလည်း ပုံမှန်ထက်ပိုကြီးနေတတ်ပါတယ်။ ဒီလို ပြဿနာဖြစ်နေတဲ့သူတွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချရမှာ ဖြစ်ပါတ်ယ။

သွေးကင်ဆာ

သွေးနဲ့ပက်သက်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုတော့ သွေးကင်ဆာကို ချန်ခဲ့လို့ လုံးဝမရဘူးပေါ့။ ရိုးတွင်းခြင်ဆီကင်ဆာ၊ သွေးကင်ဆာစတဲ့သွေးနဲ့ဆိုင်တဲ့ ကင်ဆာတွေ အားလုံးက သွေးခြည်ဥလွယ်တာ သွေးယိုတာစတဲ့ ပြဿနာတွေကို ဖြစ်စေမှာပါ။

ဘယ်လိုအချိန် ဆရာဝန်ဆီသွားပြရမလဲ။

  • ပုံမှန်ထက်ပိုပြီး သွေးခြည်ဥတာကြီးနေမယ်
  • နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာတွေ ဖြစ်တော့တာပဲ
  • သွေးခြည်ဥ အညိုမည်းစွဲတာတွေအပြင် မျက်လုံးတွေ အသားတွေဝါလာတာ
  • စွဲသောက်နေတဲ့ဆေးတွေကြောင့်လားဆိုပြီး သံသယရှိတဲ့အခါနဲ့
  • သွေးခြည်ဥတဲ့နေရာက နာနေတတ်ပြီး ပြန်ပျောက်ဖို့ အချိန်တော်တော်ကြာ နေတဲ့ အခါမျိုးတွေမှာ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ် ။။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးဆစ်ထဲစတီးရွိုက်ထိုးပြီး အဆစ်ရောင်ရမ်းတာကို ကုသလို့ရပါတယ်။ တစ်နှစ်ကို ၂ခေါက် ၃ခေါက်ထက်တော့ မပိုသင့်ပါဘူး။ ထိုးမယ်ဆို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်းအကြောင်း

နှလုံးမှာ အခန်းလေးခန်းရှိပြီး အဆို့ရှင် လေးခုရှိပါတယ်။ အဆို့ရှင်များရဲ့ တာဝန်ကတော့ သွေးလည်ပတ်မှုလမ်းကြောင်းကို ဖြောင့်ဖြူးစွာ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကို ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
anemia, ကျန်းမာရေးစင်တာ အောက်တိုဘာ 5, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 3 mins read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read