ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓါက ဘယ်လိုအချက်ပြလဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓါက ဘယ်လိုအချက်ပြလဲ ။

    ဓါတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ တချို့မှာ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓါတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓါတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။

    ဓါတ်မတည့်ဘူး ဓါတ်မတည့်ဘူးဆိုပြီး ပြောနေတာ၊ ဓါတ်မတည့်ဘူးဆိုတာ ဘယ်လိုကို ပြောတာပါလိမ့်။

    ဓါတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့ histamine ကို ကိုယ်ခန္ဓါက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓါတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိရင် ဖြစ်လာတဲ့ လက္ခဏာတွေကတော့

    • နှာခေါင်း – နှာချေ၊ နှာစေး၊ နှာရည်ယိုမယ် ။ ဒါ ကိုယ်နဲ့ ဓါတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓါက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ ဓါတ်မတည့်တဲ့ ပစ္စည်းတွေ လေကြောင်းလမ်းထဲက အများကြီး မဝင်အောင် နှာချေပြီပြန်ထုတ်တာဖြစ်ပါတယ်။ များများထိလေလေ များများနှာချေလေဖြစ်တတ်ပါတယ်။
    • မျက်လုံးမျက်လုံးယား၊ မျက်လုံးနီ၊ မျက်ရည်ပူကျတာတွေကလည်း ဓါတ်မတည့်တဲ့အခါ ဖြစ်လာတဲ့ ကိုယ်ခန္ဓါရဲ့ တုန့်ပြန်မှုတစ်ခုပါ။
    • အရေပြား – လူတိုင်းသိကြပါတယ်။ ဓါတ်မတည့်တဲ့အခါ အရေပြားမှာ ယားယံတဲ့ အင်ပြင် အဖုအပိန်ကတွေထွက်လာတယ်ဆိုတာ။ ဒါ ဓါတ်မတည့်တဲ့ ပစ္စည်းကို ပြန်လည်တုန့်ပြန်တဲ့ histamine ကြောင့် အဓိက ဖြစ်ရတာပါ။
    • နှုတ်ခမ်း၊ ခံတွင်း – တချို့ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေမှာဆို နှုတ်ခမ်းကြီးထူလာတာ၊ လျှာထုံလာတာ၊ လည်ချောင်းယားတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကို ဆေးပညာအရ (angio-oedema) တစ်ရှုးတွေ ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။ အရမ်းပြင်းထန်သွားခဲ့ရင် စကားပြောရခက်တာ၊ အစာမျိုချရခက်တာနဲ့ အသက်ရှုရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
    • အသက်ရှုလမ်းကြောင် – ဓါတ်မတည့်မှု တစ်ခုခုနဲ့ ကြုံတွေ့ရတံအခါ အသက်ရှုရကြပ်တာ၊ ရင်ဘတ်အပေါ် တစ်ခုခု တက်ဖိထားသလိုဖြစ်တာ၊ အသက်ရှုလိုက်တိုင်း အသံမြည်နေတာ စတဲ့ လက္ခဏာတွေ အသက်ရှုလမ်းကြောင်းမှာ ပြတတ်ပါတယ်။ အသက်ရှုတောင် ကြပ်နေပြီဆိုရင် ဒါ ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်ပြီး နောက်ပိုင်း anaphylaxis ( ပြင်းထန်ဓါတ်မတည့်မှု ) ဖြစ်ပြီး အသက်တောင်ဆုံးရှုံးသွားနိုင်ဆိုတာ ဖော်ပြပေးနေတာဖြစ်ပါတယ်။
    • ဦးနှောက်နဲ့ အာရုံကြော – anaphylaxis ( ပြင်းထန်ဓါတ်မတည့်မှု ) ရဲ့ နောက်ဆုံးနဲ့ အဆိုးဆုံးအဆင့်ကတော့ မူးလဲသွားပြီး အသက်သေဆုံးသွားတာပါပဲ။ ရုတ်တရက်လဲကျသွားမယ်၊ ေသွးပေါင်ချိန်လည်း မရတော့ဘူး၊ နှလုံးခုန်လည်း ရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်နဲ့ လုံးဝ ဓါတ်မတည့်ဘူးဆိုတာတွေနဲ့ ထိမိတာ၊ စားမိတာ၊ မတည့်တဲ့ ဆေးထိုးမိသောက်မိတာတွေကြောင့် ဒီလို ပြင်းထန်ဓါတ်မတည့်မှုတွေ ဖြစ်ရတာပါ။

    အခြားဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

    • ဓါတ်မတည့်တာတွေဖြစ်ပြီဆိုတာ သိနေတာ
    • ဗိုက်အောင့်တာ
    • ပျို့အန်ချင်တာ
    • ကိုယ်ပူသလိုလို အေးသလိုလိုဖြစ်တာနဲ့
    • နှလုံးခုန်မြန်တာတွေ ဖြစ်တတ်ပါတယ်။

    လူအများစု ဓါတ်မတည့်တတ်တဲ့အရာတွေကတော့

    • ပန်းဝတ်မှုန်
    • ဖုန်တွေ၊ မှိုတွေ
    • ခွေးတို့ ကြောင်တို့ အမွှေးတွေ
    • ပျားတုတ်ခံရ၊ ပိုးကောင်ကိုက်ခံရတာမျိုးတွေ
    • တချို့ ဆေးနဲ့ ဓါတ်မတည့်တာတွေ ( ဥပမာ- penicillin ဆေး)
    • အစားအစာ – ကြက်ဥ၊ အစေ့အဆံ နဲ့
    • ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ latex တို့ဟာ လူအများကို ဓါတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေပါ။

    ဒီတော့ ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာ ကြီးကြီးမားမားရှိနေတယ်၊ ဘာနဲ့ထိလို့ ဖြစ်ရတာလဲဆိုတာကိုသိရင် ကိုယ်နဲ့ မတည့်တဲ့ ပစ္စည်းကို ရှောင်ဖို့လိုအပ်ပါတယ်။ ဓါတ်မတည့်တဲ့ပြဿနာ ကြီးကြီးမားမားမရှိပေမယ့် ခုပြောထားတဲ့ လက္ခဏာတွေ တစ်ခါတစ်ခါ ခံစားနေရတယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့ ပစ္စည်းတွေကို သေချာ မှတ်ထားဖို့လိုပါလိမ့်မယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးရောက်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့ကိုလည်း မမေ့သင့်ပါဘူး ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement