ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ်ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ်ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။

ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား

အရှင်းဆုံးပြောပြရရင် နာကျင်မှုက ရောင်ရမ်းမှုနဲ့အတူ ဖြစ်မယ်ဆိုရင်ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ် ကပ်တာကတော့ တစ်ရှူးတွေကို ပြေလျော့သက်သာစေနိုင်ပြီး အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို လိုက်ပြီးတော့လည်း ရေခဲအိတ်ကပ်ရမလား၊ ရေနွေးအိတ်ကပ်ရမလားဆိုပြီး ကွာခြားနိုင်ပါတယ်နော်။

  • အဆစ်တွေ ကြွက်သားတွေ နာကျင်မှုက ဒူးခေါင်း၊ ပခုံး၊ လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာဖြစ်မယ်၊ အရိုးနုကို ထိခိုက်တာမျိုးဖြစ်မယ်၊ အဆစ်ရောင်နာကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ ရေခဲအိတ် မကပ်သင့်ပါဘူး။ ရေနွေးအိတ် ကပ်ပေးတာက အဆင်ပြေမှာပါ။ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာတာရှည်အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။
  • ခြေမအဆစ်၊ ခြေခုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့်၊ ဒူး၊ လက်ကောက်ဝတ်၊ လက်မောင်းနဲ့ လက်ချောင်းလေးတွေမှာ ထိခိုက်မယ်။ ဂေါက်ရောဂါကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင် ရေခဲအိတ်ကပ်ပေးပါ။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေမှာပါ။
  • ခေါင်းကိုက်တာကြောင့် ဦးခေါင်းနဲ့ ဇက်တဝိုက်က ကြွက်သားတွေ တင်းပြီး ခေါင်းကိုက်နေတာကို သက်သာစေဖို့ဆိုရင်တော့ အကောင်းဆုံးကတော့ ဦးခေါင်းက အကြောလေးတွေပြေလျော့စေဖို့ ရေခဲဝတ်ကပ်ပေးပါ။ ဇက်ကြောတွေ တင်းနေမယ်ဆိုရင်တော့ ရေနွေးဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။
  • ပေါင်၊ ခြေသလုံး နဲ့ ခါးက ကြွက်သားတွေ တောင့်တင်းနေမယ်။ အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့ တောင့်တင်းနေရင်ဖြစ်ဖြစ် ရေနွေးအိတ် လေးကပ်ပေးတာက သက်သာစေမှာပါ။ နာကျင်မှုနဲ့အတူ တောင့်တင်းနေမယ်၊ ရောင်ရမ်းနီမြန်းနေမယ်ဆိုရင်တော့ အရောင်ကျစေဖို့ရော၊ နာကျင်မှုသက်သာစေဖို့အတွက် အကောင်းဆုံးက ရေခဲဝတ်ကပ်တာပါ။
  • ဒူး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာ ထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင် အပိုင်းအခြားမှာ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် အရောင်ကျသွားပြီ၊ အနာကျက်ဖို့လိုမယ်ဆိုရင်တော့ ရေနွေးအိတ်လေးကပ်ပေးပါ။
  • ပခုံး၊ တံတောင်ဆစ်၊ ဒူး၊ လက်ကောက်ဝတ်၊ခြေဖနောင့်က အရွတ်တွေထိခိုက်မိပြီး နာကျင်နေတာကို သက်သာစေဖို့ဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက အသင့်တော်ဆုံးပါ။
  • အဆစ်တွေကို တွယ်ဆက်ထားတဲ့ အရွတ်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ရောင်ရမ်းမှုကို သက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။

ရေခဲဝတ်နဲ့ ရေနွေးအိတ်တို့ရဲ့ အားသာချက်

ရေခဲဝတ်ကပ်တာက သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ် ကတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်။ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တယ်။

သတိထားရမယ့် အချက်လေးတွေက

ပူလွန်းရင်ပဲဖြစ်ဖြစ်၊အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်၊ ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာအသေအချာပါ။

ရေနွေးအိတ်ကပ်မယ်ဆိုရင်

  • အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။
  • ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။
  • ထိခိုက်ဒဏ်ရာပြတ်ရှဒဏ်ရာတွေကို ရေနွေးအိတ်မကပ်ပါနဲ့။
  • ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ရေခဲဝတ်ကပ်မယ်ဆိုရင်

  • ရေခဲက အေးလွန်းတာကြောင့် အသားအရေ  ကျိန်းစပ်တာမျိုးမဖြစ်စေဖို့ ရေခဲတွေကို တဘက်နဲ့ သေချာထုတ်ပြီးမှ ကပ်ပေးပါ။
  • သွေးစီးဆင်းမှုနည်းတဲ့သူတွေအနေနဲ့ ရေခဲဝတ်မကပ်သင့်ပါဘူး။
  • အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။
  • ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
  • ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ အရည်ကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက် ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။ နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
ခေါင်းတွေကိုက်

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read