ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

ကမ္ဘာတစ်ဝန်းမှာကျောက်ကပ်ရောဂါခံစားရတဲ့သူ (၁၀%)လောက် ရှိနေပါတယ်။ကျောက်ကပ်ကသေးတယ်ဆိုပေမယ့် သူထမ်းဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကတော့ များပါတယ်။ အဆိပ်အတောက်တွေ စစ်ထုတ်ပေးခြင်း၊ဟော်မုန်းပုံမှန်လည်ပတ်ခြင်း၊ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့အရည် ပမာဏတွေကို ထိန်းညှိပေးရခြင်း၊ ဆီး၊ ဝမ်း စစ်ထုတ်ပေးရခြင်း တာဝန်တွေ လုပ်ဆောင်ပါတယ်။ ဆီးချိုရှိခြင်းနဲ့သွေးဖိအားများခြင်းတွေဟာကျောက်ကပ်ပျက်စီး ထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်း၊ဆေးလိပ်သောက်ခြင်းတွေကြောင့်လည်းကျောက်ကပ်ပျက်စီးနိုင်ပါတယ်။သွေးဖိအား အတက်အကျနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းမထားဘူးဆိုရင်တော့ကျောက်ကပ်ထဲမှာသွေးကြောပျက်စီးခြင်းတွေဖြစ်ပြီး အမြင်အာရုံနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်ကိုလျှော့ျကျစေပါတယ်။ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်ဘူးဆိုရင် စွန့်ပစ်ပစ္စည်းတွေသွေးထဲမှာကျန်ရှိနေတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ကျောက်ကပ်ပြဿနာတွေ ကင်းဝေးနေစေဖို့အတွက် စားသုံးပေးရမယ့် အစားအစာတွေ ရှိပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ အာဟာရဓါတ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘီနဲ့ဖောလိတ်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာ အမျှင်ဓါတ်တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ ဒီအာဟာရဓါတ်တွေဟာကျောက်ကပ်ကို ကာကွယ်ပေးပြီးရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။ ပန်းဂေါ်ဖီမှာ ဆိုဒီယမ်နည်းနည်းပဲ ပါဝင်တာကြောင့်ကျောက်ကပ်ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးမှာ အာဟာရတွေများစွာ ပါဝင်ပြီး အဓိကကတော့ ဓါတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာပါ။ ဘယ်ရီသီးမှာ နှလုံးရောဂါ၊ ကင်ဆာတချို့နဲ့ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ anthocyanins လိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ အများကြီးပါဝင်ပါတယ်။ ဒီအစားအစာကကျောက်ကပ်အတွက် အထူးကောင်းမွန်တဲ့ အစားအစာပါပဲ။

ကြက်ဥအကာ

ကြက်ဥအနှစ်မှာ အာဟာရဓါတ်များစွာ ပါဝင်တဲ့အပြင်ဖော့စဖော့ရပ်လည်း များများ ပါဝင်ပါတယ်။ တကယ်တော့ကျောက်ကပ်သမားတွေဟာဖော့စဖော့ရပ် ပမာဏကိုလျှော့စားပေးဖို့ လိုပါတယ်။ ဒါကြောင့် အနှစ်ထက် အကာကို ပိုစားသင့်ပါတယ်။ ကြက်ဥအကာဟာကျောက်ကပ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုပေးစွမ်းနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကျောက်ကပ်ပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ဆိုဒီယမ် ပမာဏ(ဆား)ကိုလျှော့စားရပါမယ်။ ကြက်သွန်ဖြူဟာ ဆားအရသာကိုပေးနိုင်ပြီး ဆိုဒီယမ်တော့ နည်းပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ဗီတာမင်စီလည်း ပါဝင်သေးတာမို့ကျောက်ကပ်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

ငါး

ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဆိုဒီယမ်နည်းတဲ့ အစားအစာတွေကို စားပေးရပါမယ်။ omega 3 fatty acid ပါဝင်တဲ့ ငါးတွေမှာ ဆိုဒီယမ် ပါဝင်မှု နည်းပါတယ်။ နှလုံးရောဂါကို တိုက်ထုတ်နိုင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေတာကြောင့်ကျောက်ကပ်ထိခိုက်မှုတွေ မဖြစ်စေပါဘူး။ ဒါကြောင့် ငါးများများ စားပေးပါ။

ရေ

ကျောက်ကပ်ပြဿနာရှိတဲ့သူတွေဟာရေများများသောက်ပေးဖို့လိုတယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ သန့်ရှင်းတဲ့ရေဟာကျောက်ကပ်ရဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးနိုင်ပြီး အကြွင်းအကျန်မရှိ စစ်ထုတ်ပေးနိုင်ပါတယ်။

ဘာကြောင့်ဆိုဒီယမ်၊ဖော့စဖော့ရပ်နဲ့ ပိုတက်စီယမ်နည်းတာကို စားသင့်တာလဲ

ဆိုဒီယမ်

ဆိုဒီယမ်ကို အဓိကတွေ့ရတာကတော့ ဆားပါ။ ပျက်စီးနေတဲ့ကျောက်ကပ်ဟာ ပိုလျံနေတဲ့ ဆိုဒီယမ် ပမာဏကို မစစ်ထုတ်နိုင်ပါဘူး။ ဒီလိုဆိုရင်သွေးထဲမှာ ဆိုဒီယမ်တွေ များလာပြီး ကျန်းမာရေးမကောင်းတာတွေ ကြုံရနိုင်ပါတယ်။ တစ်နေ့ကို ဆိုဒီယမ် ပမာဏ (၂၀၀၀) မီလီဂရမ်ထက် ပိုပြီးမစားသင့်ပါဘူး။

ပိုတက်စီယမ်

သွေးဖိအားမြင့်တက်တာကကျောက်ကပ်ပျက်စီးမှုကို ဦးတည်စေပါတယ်။ ပိုတက်စီယမ်များတဲ့ အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ကျောက်ကပ်ထိနိုင်ပါတယ်။

ဖော့စဖော့ရပ်

အစားအစာတော်တော်များများမှာ သတ္တုဓါတ်တမျိုး ပါဝင်တဲ့ဖော့စဖော့ရပ်တွေ ပိုလျံနေမယ်ဆိုရင်ကျောက်ကပ်က မစစ်ထုတ်နိုင်ပါဘူး။ ဒီလို များပြားတဲ့ပမာဏဟာ ခန္ဓါကိုယ် ကျန်းမာရေးကောင်းမွန်နေမှုကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်ကျောက်ကပ်ကောင်းမွန်စေချင်တယ်ဆိုရင် ဆိုဒီယမ်၊ဖော့စဖော့ရပ်၊ ပိုတက်စီယမ် များတဲ့ အစားအစာတွေကိုရှောင်ဖို့လိုအပ်ပြီး အပေါ်မှာဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပေးပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇွန် 7, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 29, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။