ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

ရင်ဘတ်အောင့် ပြီဆိုရင် ၁၀ယောက်မှာ ၈ယောက်လောက်က နှလုံးရောဂါလို့ ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ် ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။

ရင်ဘတ်အောင့် စေတဲ့အကြောင်းရင်းများ

ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။

နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း

ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ် ပြောပေမယ့် တကယ်တမ်း နှလုံးရောဂါရှိတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ တခြားမအီမသာ ခံစားမှုမျိုး၊ စကားနဲ့ မဖော်ပြတတ်တဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရတာပါ။ အကြမ်းဖျင်းပြောရရင် နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာက အောက်ကလက္ခဏာတွေနဲ့ တွဲတွေ့ရနိုင်ပါတယ်။

-ရင်ဘတ်ပေါ်ကို တစ်ခုခုနဲ့ဖိထားသလို တင်းကြပ်ကြပ်ခံစားနေရတာ

-ကြိတ်ချေသလို၊ ဆွဲဖြဲသလို နာကျင်မှုမျိုးခံစားရပြီး နောက်ကျော၊ လည်ပင်း၊ မေးကြော၊ ပုခုံးနဲ့ လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးထိ ပျံ့သွားတာ

-နာကျင်မှုက မိနစ်တော်တော်ကြာမယ်။ လှုပ်ရှားရင်လည်းနာမယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့ နာတဲ့ ပြင်းထန်မှုလည်း မတူတာ

-မောတာ

-ချွေးစေးတွေထွက်တာ

-ခေါင်းမူးတာ၊ အားနည်းတာ

-ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။

တခြားအကြောင်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း

နှလုံးကြောင့်အောင့်တာလား၊ တခြားကြောင့် အောင့်တာလားဆိုတာ ခွဲရခက်ပါတယ်။ တခြားအကြောင်းကြောင့်ဆိုရင်တော့ အောက်ကလက္ခဏာတွေနဲ့တွဲတတ်ပါတယ်။

-ပါးစပ်ချဉ်တာ၊ စားမြုံ့ပြန်တာ

-မျိုရခက်တာ

-ခန္ဓာကိုယ်အနေအထားပြောင်းလိုက်ရင် နာတာပိုဆိုးတာ၊ သက်သာတာ

​-အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုးရင် ပိုဆိုးတာ

-ရင်ဘတ်ကိုဖိထားရင် ပိုနာတာ

-နာရီနဲ့ချီအောင် နာတာ စတာတွေပဲ ဖြစ်ပါတယ်။

ရင်ပူတဲ့လက္ခဏာကတော့ နှလုံး ဒါမှမဟုတ် အစာအိမ်ရဲ့ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

နှလုံး

နှလုံးသွေးကြောပိတ်တာ

နှလုံးသွေးကြောကျဉ်းတာ

-သွေးကြောမကြီး နံရံပြဲတာ

နှလုံးအမြှေးပါးရောင်တာ

အစာအိမ်နဲ့ အူလမ်းကြောင်း

-အစာချဉ်ရည်ဆန်တက်ပြီး ရင်ပူတာ

-အစာရေမြိုပြွန်ရောဂါကြောင့် မြိုရခက်ပြီး ရင်ဘတ်အောင့် တာ

သည်းခြေအိတ် ဒါမှမဟုတ် ပန်ကရိယရောင်ရမ်းတာ

အရိုးအကြောနဲ့ ကြွက်သား

-နံရိုးနုရောင်ရမ်းတာ

-ကြွက်သားနာတာ

-နံရိုးကျိုးတာ

အဆုတ်

အဆုတ် သွေးကြောပိတ်တာ

-အဆုတ် အမြှေးပါးရောင်တာ

-အဆုတ်ကျံတာ

-အဆုတ်သွေးကြေ ာသွေးတိုးတာ

အခြားအကြောင်းအရင်း

-စိတ်လှုပ်ရှားတာ

ခါးပတ်ရေယုန်ပေါက်တာ စတာတွေပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ရင်ဘတ်အောင့် တာ နှလုံးရောဂါကြောင့် တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။ သင်က  ရင်ဘတ်အောင့်တယ်လို့ပဲပြောတာပါ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ သေနိုင်လောက်တဲ့ နှလုံးရောဂါကနေ သာမန်စိတ်လှုပ်ရှားလို့ အောင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သင်ရင်ဘတ်အောင့်လို့ ဆေးခန်းသွားပြရင်တော့ ဆရာဝန်က သေနိုင်လောက်တဲ့ နှလုံးရောဂါ၊ အဆုတ်ကျံတာ၊ အဆုတ်သွေးကြောပိတ်တာ စတဲ့အကြောင်းရင်းကြောင့်လား ဆိုတာ အရင်ရှာရမှာပါ။ ဒါတွေမရှိမှ တခြားကြောင့်လားဆိုတာ ဆက်စဉ်းစားမှာပါ။ ဒီရောဂါတွေက မသိလိုက်လို့ အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်လို့ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်။ ဒါပေမယ့် စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အစာအိမ်ဖြတ်ထုတ်ကုသခြင်း

အစာအိမ်ဖြတ်ထုတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read