သွေးတွင်းသကြားဓါတ်နည်းတဲ့အခါ
သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါမျိုးမှာ –
- အာရုံတွေရှုပ်ထွေးလာမယ်
- ခေါင်းထဲမှာနောက်ကျိကျိဖြစ်နေမယ်
- ကတုန်ကယင်ြဖစ်နေမယ်
- ဆာလောင်လာမယ်
- ခေါင်းကိုက်မယ်
- ခြေကုန်လက်ပမ်းကျမယ်
- နှလုံးခုန်မြန်လာမယ်
- ဖြူဖတ်ဖြူရော်ဖြစ်မယ်
- ချွေးထွက်မယ်
- အားမရှိသလိုဖြစ်မယ်
- စိတ်ပူပန်မယ်
- ပါးစပ်တွေ၊လျှာတွေထုံလာမယ်
- တက်မယ်
- သတိလစ်မယ်
သိထားသင့်တဲ့အချက်လေးတွေ
- တစ်နေ့ကို အစား ၃ ကြိမ်စားပါ။ နည်းနည်းချင်းစီ ၃ ကြိမ်စားပေးလို့လည်းရပါတယ်။
- အဆီများတဲ့အစားအစာတွေရှောင်ပေးပါ။
- ပြုပြင်ထားတဲ့ အစားအစာတွေရှောင်ပါ။
- ပြုပြင်ထားတဲ့ အချိုဓါတ်တွေကိုရှောင်ပါ။
- အဆီမပါတဲ့ ပရိုတင်းစားသုံးပါ။
- အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။
- အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေစားပေးပါ။
စားသောက်နည်းလမ်းညွှန်
- ကြက်ဥပြုတ် နဲ့ ပေါင်မုန့် ၂ ချပ်ခန့် နဲ့ သစ်သီးဖျော်ရည်တစ်ခွက်
- ကွေကာအုတ်ကို သစ်သီးတွေထည့်စားတာ
- ဒိန်ချဉ်ထဲကို သစ်သီးတွေထည့်စားတာမျိုးစားပေးပါ။
- ပန်းသီးတစ်လုံး
- ငှက်ပျောသီး
- အခွံမာသီးတွေ ဒါမှမဟုတ် အစေ့အဆန်တွေ
- ပေါင်မုန့်မီးကင်တစ်ချပ်လောက်
- အဆီထုတ်နို့နဲ့ ခရက်ကာတို့စားပေးလို့ရပါတယ်။
- ကြက်သား
- ပဲအမျိုးမျိုး
- ဟင်းသီးဟင်းရွက်တွေ
- ထမင်းအနည်းငယ်
- ငါး
- အာလူး တို့လိုမျိုးအာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးပါ။
- ပေါင်မုန့်ညို
- အသီးအရွက်သုပ်
- ပဲ
- အချိုမပါတဲ့ ခရက်ကာ
- အသုပ်တစ်မျိုးမျိုး
- သစ်သီးတွေ
- သီးစုံဒိန်ချဉ်
- နို့
- အခွံမာသီး တို့ကို စားပေးပါ။
- ကြက်သား
- အဆီမပါတဲ့အသား
- ပဲအမျိုးမျိုး
- ဟင်းသီးဟင်းရွက်တွေ
- ထမင်းအနည်းငယ်
- ငါး
- အာလူး တို့လိုမျိုး အဆီနည်းပြီး အာဟာရဖြစ်စေမယ့်အစားအစာတွေကို စားသုံးပေးပါ။
[embed-health-tool-bmi]